ယူအန်အိတ်ချ်စီအာရုံးသည် ရက်ချိန်းမရှိသောသူများအတွက် ဖွင့်လှစ်ခြင်း မရှိသေးပါ။
နိုင်ငံတော်အဆင့် ပြန်လည်ထူထောင်ရေး အစီအစဉ် အဆင့်(၂)နှင့် ၎င်း၏ စံသတ်မှတ်ချက်များအရ ယူအန်အိတ်ချ်စီအာသည် ကွာလာလမ်ပူ၊ ဆာလန်ဂေါနှင့် ပူထရာဂျာယာ တို့တွင် နေထိုင်သော ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများကို စတင်၍ ဆက်သွယ်နေပြီ ဖြစ်သည်။ ပြည်နယ်များသို့ ခရီးသွားလာရေးကို ခွင့်ပြုပြီးပါက ယူအန်အိတ်ချ်စီအာ အနေဖြင့် ကွာလာလမ်ပူ၊ ဆာလန်ဂေါနှင့် ပူထရာဂျာယာတို့သာမက အခြားပြည်နယ်များတွင် နေထိုင်သူတစ်ဉီးချင်းစီကို ဆက်သွယ်မည် ဖြစ်သည်။
ရက်ချိန်းရှိသော ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများသာ ရုံးသို့ လာရောက်နိုင်ပါသည်။. အကယ်၍ သင့်အား ရက်ချိန်းမပေးထားပါက၊ သင်သည် ကွာလာလမ်ပူ၊ ဆာလန်ဂေါနှင့် ပူထရာဂျာယာတို့တွင် နေထိုင်သူမဟုတ်ပါက ယူအန်အိတ်ချ်စီအာသို့ မလာပါနှင့်။
ရက်ချိန်းအတွက် ဆက်သွယ်ထားပြီးသူများအား ရုံးသို့လာရန် နေ့ရက်နှင့် အချိန်ကို စီစဉ်ပေးမည် ဖြစ်သည်။ သင်သည် ရက်ချိန်းနှင့် အချိန်ပါသော အတည်ပြုစာတို(sms)ကို ရရှိမည် ဖြစ်သည်။ သင့်အားရုံးသို့ ဝင်ခွင့်မပြုမီ ဧည့်ကြိုစင်တာ၌ အတည်ပြုစာတို(sms)ကို ပြရန် လိုအပ်ပါသည်။ ရက်ချိန်းမပါဘဲ ယူအန်အိတ်ချ်စီအာသို့ လာရောက်သူများကို ချက်ခြင်း ပြန်ခိုင်းမည် ဖြစ်သည်။
ကိုဗစ်-၁၉ စံသတ်မှတ်ချက်များကို လိုက်နာရန်နှင့် နှာခေါင်းစည်းတို့ကို အချိန်တိုင်း ဝတ်ဆင်ထားရန် ကျေးဇူးပြု၍ သတိပြုပေးပါ။ အကယ်၍ သင်သည် ရက်ချိန်းမတိုင်မီ သို့မဟုတ် ချိန်းဆိုသောနေ့၌ နေထိုင်မကောင်းပါက ရုံးသို့ မလာပါနှင့်။ ယူအန်အိတ်ချ်စီအာကို အကြောင်းကြားရန်အတွက် ကျေးဇူးပြု၍ မှတ်ပုံတင်ရေးဆိုင်ရာ အရေးပေါ်ဖုန်းနံပတ်ကို ခေါ်ဆိုပါ၊ သင်၏ ရက်ချိန်းကို ပြန်လည်စီစဉ်ပေးမည် ဖြစ်သည်။
ယူအန်အိတ်ချ်စီအာသည် ရုံးနှင့်ပတ်သက်သော ပြောင်းလဲမှုများနှင့် သတင်းအချက်အလက်များ အားလုံးကို refugeemalaysia.org ဝက်ဘ်ဆိုက်မှတဆင့် အသိပေးသွားမည်ဖြစ်ပြီး ကျေးဇူးပြု၍ ပုံမှန်ဝင်ရောက် ဖတ်ရူပါ။