ယူအန်အိတ်ချ်စီအာ၏ တယ်လီဂရမ်ချန်နယ်များတွင် ပါဝင်ပါ

Tuesday / 08 March 2022

ယူအန်အိတ်ချ်စီအာ မလေးရှားသည် ယူအန်အိတ်ချ်စီအာမှ အသုံးဝင်သော အချက်အလက်များကို တိုက်ရိုက်ရှာဖွေနိုင်ရန် ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများအတွက် ဘာသာစကား (၁၃)မျိုးဖြင့် ကျွန်ုပ်တို့၏ တရားဝင် တယ်လီဂရမ်ချန်နယ်များကို ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ယူအန်အိတ်ချ်စီအာမှ နောက်ဆုံးရသတင်းအချက်အလက်များကို သိရှိရန်အတွက် ချန်နယ်များထဲသို့ စာရင်းသွင်းထား/ပါဝင်ရန် ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများအားလုံးကို တိုက်တွန်းအပ်ပါသည်။ စာရင်းသွင်းသူများသည် ယူအန်အိတ်ချ်စီအာမှ မျှဝေထားသောသတင်းများကို တုံ့ပြန်အကြောင်းပြန်နိုင်မည် မဟုတ်ပါ။ အသုံးပြုသူအမည်များနှင့် ဖုန်းနံပါတ်များအားလုံးကိုလည်း လျှိုဝှက်ထားမည်ဖြစ်သည်။ စာရင်းသွင်းသူများ၏ ဖုန်းနံပါတ်များကို ချန်နယ်ရှိ အခြားစာရင်းသွင်းပါဝင်သူများက မြင်လို့ရမှာမဟုတ်ပဲ ယူအန်အိတ်ချ်စီအာကသာလျှင် မြင်နိုင်မှာဖြစ်ပါသည်။

ယူအန်အိတ်ချ်စီအာ မလေးရှား၏ တယ်လီဂရမ်ချဲန်နယ်များကို ချိတ်ဆက်အသုံးပြုနည်း –

  1. တယ်လီဂရမ်အက်ပ်ကို အင်စတော ပြုလုပ်ပါ။
  2. တယ်လီဂရမ်၏ ရှာဖွေရန်ဘားပေါ်တွင် ‘Refugee Malaysia’ ဟုရိုက်ထဲ့ပါ။ ဘာသာစကားအမျိုးမျိုးဖြင့် ချန်နယ်များကို မြင်တွေ့ရပါလိမ့်မည်။
  3. သင်လိုချင်နှစ်သက်သောချန်နယ်အမည်ပေါ်ကို ဖိလိုက်ပါ။
  4. “Join” ကို ဖိ၍ ချန်နယ်တွင် စာရင်းသွင်းလိုက်ပါ။

ချန်နယ်များကို အာရဗီမြန်မာအင်္ဂလိပ်ဟားခါးဂျိန်းဖောမလေးမွန်ပါရှန်းရိုဟင်ဂျာဆိုမာလီတမီလ်တီးတိန်နှင့် အူရဒူဘာသာစကားများဖြင့် ရရှိနိုင်ပါသည်။

ဤတယ်လီဂရမ် ဝန်ဆောင်မှုသည် ဒုက္ခသည် မလေးရှား ဝက်ဘ်ဆိုက်နှင့် ပူးပေါင်းပြီး လူတိုင်းကို ပုံမှန် ဝင်ရောက် ကြည့်ရှုရန် တိုက်တွန်းအပ်ပါသည်။

ယူအန်အိတ်ချ်စီအာ မလေးရှား၏ တယ်လီဂရမ်ချဲန်နယ်ကို ချိတ်ဆက်အသုံးပြုနည်းနှင့် ဒေါင်းလုပ်ပြုလုပ်နည်း ဗီဒီယိုရှင်းလင်းချက်ကို ရိုဟင်ဂျာဘာသာဖြင့် ကျေးဇူးပြု၍ ဤနေရာတွင် ရှာပါ။



Share