ကလေးများအတွက် ရက်ချိန်းမပါဘဲ ကာကွယ်ဆေး ထိုးနိုင်ပြီ

Friday / 04 March 2022

ကလေးများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး အစီအစဥ် (PICKids)သည် ယခုအခါ ကွာလာလမ်ပူ၊ ဆီလန်ဂေါ၊ ပီနန်း၊ ပါလစ်၊ ကဒက်၊ ပါဟန်း၊ မာလကာ၊ ပဲရက်ခ်၊ နီဂရီ ဆမ်ဘီးလန်း၊ ဂျိုဟိုး၊ တီရန်ဂန်နူးနှင့် ကလန်တန်းတို့တွင် ကလေးများအတွက် ရက်ချိန်းမပါဘဲ ကာကွယ်ဆေးထိုးခြင်းကို ခွင့်ပြုပေးနေပြီဖြစ်သည်။

ကာကွယ်ဆေးသည် အသက် ၅ နှစ်မှ ၁၂နှစ်ကြား ကလေးများအတွက်ဖြစ်သည်။ ဤအသက်အရွယ်အပိုင်းအခြားရှိ ကလေးများအားလုံးသည် ရှစ်ပတ်ခြား၍ Pfizer ကာကွယ်ဆေးကို ၂ကြိမ် ရရှိမည်ဖြစ်သည်။

ကာကွယ်ဆေးထိုးခြင်းသည် အောက်ပါတို့ကို ကူညီမည်ဖြစ်သည်။

  • ကလေးများ ကိုယ်တွင်း အင်္ဂါရောင်ရမ်းရောဂါလက္ခဏာ(MIS-C)နှင့် ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ဖြစ်ပေါ် သော ကာလကြာရှည်ကိုဗစ်ကို ကာကွယ်ရန်
  • အခြားသူများနှင့် ဘေးအန္တရာယ် ကင်းရှင်းစွာ ရင်းရင်း နှီးနှီးနေထိုင်နိုင်ရန်
  • လူအုပ်စုလိုက် ကိုယ်ခံအား ရရှိခြင်းဖြင့် ကျောင်းများ/ သင်ကြားရေးစင်တာများရှိ အစုအဝေးများ ကူးစက်မှုကို လျှော့ချရန်

ကာကွယ်ဆေးထိုးပေးသည့် စင်တာများစာရင်းကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။



Share