ကျား/မ(လိင်)အခြေပြုအကြမ်းဖက်မှု။

ကျား-မ(လိင်)အခြေပြု အကြမ်းဖက်မှုဆိုသည်မှာ အဘယ်နည်း။

ကျား-မအခြေပြု အကြမ်းဖက်မှု (GBV)ဆိုသည်မှာ ၎င်းတို့၏ လိင်ကြောင့် တစ်စုံတစ်ဦးကို ထိခိုက်နစ်နာစေခြင်းဖြစ်ပါသည်။ ၎င်းတွင် အင်အားသုံး၊ ခြိမ်းခြောက်မှု၊ လိမ်လည်မှု၊ ယဉ်ကျေးမှုဆိုင်ရာ ဖိအားများ သို့မဟုတ် ငွေကြေးတို့ ပါဝင်နိုင်သည်။ အများအားဖြင့် မိန်းကလေးများနှင့် အမျိုးသမီးများသည် ကျား-မအခြေပြု အကြမ်းဖက်မှု (GBV) ၏ သားကောင်များဖြစ်သည်။ သို့သော် LGBTIQ+လူများ၊ ယောက်ျားလေးများနှင့် အမျိုးသားများသည်လည်း သားကောင်များဖြစ်နိုင်သည်။ လိင်နှင့် ကျားမအခြေပြု အကြမ်းဖက်မှု အမျိုးအစားအားလုံးသည် တစ်စုံတစ်ဦး၏ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ပါသည်။ အဆိုပါ လုပ်ရပ်များသည် ရာဇ၀တ်မှုမြောက် ပြီး မလေးရှားဥပဒေအရ အပြစ်ပေးခံရနိုင်သည်။

ကျား/မ အခြေပြု အကြမ်းဖက်မှုပုံစံများ

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု သည် အကြမ်းဖက်ခံရသူ၏ သဘောတူညီချက်မပါဘဲ ပြုလုပ်သည့် မည်သည့် လိင်ပိုင်းဆိုင်ရာ လုပ်ရပ်မဆိုဖြစ်သည်။ ၎င်းတွင် မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ နှောင့်ယှက်မှု၊ ခေါင်းပုံဖြတ်မှု၊ အဓမ္မ ပြည့်တန်ဆာမှုတို့ ပါဝင်သည်။ ခင်ပွန်းနှင့် ဇနီးကြားတွင် ပင် လိင်ပိုင်းဆိုင်ရာ ကိစ္စ အတွက်ကသဘောတူညီမှုမရှိပါဘဲ တစ်ယောက်ယောက်သည် ငြင်းဆန်ပါက ထိုသို့ဖြစ်နိုင်သည်။ ကလေး (အသက် ၁၈ နှစ်အောက်) နှင့် လိင်ပိုင်းဆိုင်ရာ ပြုမူခြင်းသည်လည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်သည်။ ကလေး၏ ကြီးထွားမှုနှင့် ကျန်းမာရေးကို ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်စေပါသည်။

ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ဆိုသည်မှာ တစ်စုံတစ်ဦးအား ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်စေသည့် အခါတွင်- ဥပမာ၊ ရိုက်ခြင်း၊ ထိုးခြင်း၊ ပြင်းထန်စွာ ဒဏ်ရာရခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းတို့ဖြစ်သည်။ ကလေး၏ ကြီးထွားမှုနှင့် ကျန်းမာရေးကို ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်စေပါသည်။

စိတ်ပိုင်း(ခံစားမှု)ဆိုင်ရာ အကြမ်းဖက်မှု ဆိုသည်မှာ တစ်စုံတစ်ဦးကို စော်ကားခြင်း သို့မဟုတ် နှုတ်ဖြင့် စော်ကားခြင်း(အလွဲသုံးစားလုပ်သည့်)အခါ ဖြစ်သည်။ ဥပမာဆိုရသော်တစ်စုံတစ်ဦးကို ပျော့ညံ့သူဟု ခေါ်ဝေါ်ခြင်း သို့မဟုတ် မိန်းမဖြစ်သောကြောင့် ကျိန်ဆဲခြင်း မျိုးတို့ ဖြစ်သည်။ တစ်စုံတစ်ဦးအား ၎င်းတို့၏ သူငယ်ချင်းများ၊ မိသားစုမျာနှင့် ဝေးကွာစေခြင်း သို့မဟုတ် ၎င်းတို့သွားနိုင်သည့်နေရာကို ကန့်သတ်ထားခြင်းမျိုးတို့ ဖြစ်နိုင်သည်။

လူမှုစီးပွားဆိုင်ရာအကြမ်းဖက်မှု ဆိုသည်မှာ လူတစ်ဦးသည် ပုံမှန်နေ့စဉ်လုပ်ငန်းဆောင်တာများ ပြုမူဆောင်ရွက်ခြင်းမှ ရပ်စဲခံရခြင်း ဥပမာ မိန်းကလေး ကျောင်းတက်ခွင့်မရှိခြင်း သို့မဟုတ်အမျိုးသမီးများကို ကျန်းမာရေးစောင့်ရှောက်မှု ရပ်တန့်လိုက်ခြင်း သို့မဟုတ် အလုပ် မှရပ်နားစေခြင်းမျိုးတို. ဖြစ်ပါသည်။

အိမ်တွင်းအကြမ်းဖက်မှု ဆိုသည်မှာ မိသားစုဝင်တစ်ဦးမှ အခြားမိသားစုဝင်တစ်ဦးကိုထိခိုက်နစ်နာစေခြင်းဖြစ်ပါသည်။ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ နှုတ်ဖြင့် သို့မဟုတ် လူမှုစီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုများ ဖြစ်နိုင်သည်။ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ နှုတ်ဖြင့် သို့မဟုတ် လူမှုစီးပွားဆိုင်ရာ အကြမ်းဖက်မှုများလည်း ဖြစ်နိုင်သည်။ အတူတကွနေထိုင်သည်ဖြစ်စေ မနေထိုင်သည်ဖြစ်စေ မိဘ၊ အိမ်ထောင်ဖက်၊ လက်တွဲဖော်၊ လက်တွဲဖော်ဟောင်းတို့မှလည်း ကျူးလွန်နိုင်သည်။

အန္တရာယ်ရှိသော(ထိခိုက်စေသော)အလေ့အထများတွင် အမျိုးသမီးအရေဖျားလှီးဖြတ်ခြင်း၊ ဂုဏ်ပြုသတ်ဖြတ်ခြင်း၊ လင်မယားချင်းအိမ်ထောင်ပြုခြင်း (လူတစ်ဦးထက်ပိုသောအိမ်ထောင်ပြုခြင်း)၊ ကလေးလက်ထပ်ခြင်း (အသက် ၁၈ နှစ်အောက်မည်သူမဆို) နှင့် အတင်းအကြပ်လက်ထပ်ခြင်းများ ပါဝင်သည်။

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် အလွဲသုံးစားမှု အစီရင်ခံနည်း။

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းနှင့် အလွဲသုံးစားလုပ်ခြင်းများသည် ကုလသမဂ္ဂနှင့် အင်ဂျီအို(NGO) လုပ်ဖော်ကိုင်ဖက်များ၏ ဝန်ထမ်းများအားလုံးအတွက် တားမြစ်ထားပီး လက်ခံနိုင်ဖွယ်မရှိသော အပြုအမူများဖြစ်သည်။

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုဆိုသည်မှာ အဘယ်နည်း။

အားနည်းသောအနေအထား၊ ကွဲပြားသော အခွင့်အာဏာ သို့မဟုတ် ယုံကြည်မှုကို လိင်ပိုင်းဆိုင်ရာ ရည်ရွယ်ချက်များအတွက် အမှန်တကယ် သို့မဟုတ် အလွဲသုံးစားလုပ်ရန် ကြိုးပမ်းခြင်း။ ဥပမာအားဖြင့် ဒုက္ခသည်ကလေးငယ်တစ်ဦးအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်ရန် အတင်းအကြပ်ခိုင်းစေသော ဆရာတစ်ဦး သို့မဟုတ် ထောက်ပံ့ရေးလုပ်သားတစ်ဦးမှ ဒုက္ခသည်တစ်ဦးနှင့် လိင်ဆက်ဆံခြင်းမပြုပါက အလွန်လိုအပ်နေသော ဝန်ဆောင်မှုများကို ဆိုင်းငံ့ထားခြင်း၊ လူကုန်ကူးမှုနှင့် ပြည့်တန်ဆာမှုတို့လည်း ပါဝင်သည်။

လိင်ပိုင်းဆိုင်ရာအလွဲသုံးစားမှုဆိုသည်မှာ အဘယ်နည်း။

အမှန်တကယ် သို့မဟုတ် ခြိမ်းခြောက်သည့် လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုမှန်သမျှသည် အတင်းအကြပ် သို့မဟုတ် မညီမျှသော သို့မဟုတ် ဖိအားအောက်တွင် လုပ်ဆောင်ကြသည်။ ၎င်းတွင် မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု သို့မဟုတ် နှုတ်ဖြင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ပါဝင်သည်။

အမျိုးသား၊ အမျိုးသမီး၊ ယောက်ျားလေး၊ မိန်းကလေး ကျားမ မခွဲခြားဘဲ လိင်စိတ်တိမ်းညွတ်မှု သို့မဟုတ် မသန်စွမ်းသူများ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း နှင့် အလွဲသုံးစားပြုခြင်းများသည် မည်သည့်အသက်အရွယ်မဆို မည်သူမဆို မည်သည့်အခြေအနေတွင်မဆို ဖြစ်ပွားနိုင်သည်

ကုလသမဂ္ဂ၏ ကျင့်ဝတ်စံနှုန်းများကို လိုက်နာသော ယူအန်အိပ်ချ်စီအာရ် ၀န်ထမ်းများနှင့် အစိုးရအဖွဲ့အစည်းမဟုတ်သော(NGO)မိတ်ဖက်အဖွဲ့အစည်းများမှ ဝန်ထမ်းများသည် လုံး၀မပါ၀င်ရပါ။

  • ငွေကြေး၊ အလုပ်အကိုင်၊ ဦးစားပေး ဆက်ဆံမှု၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများအတွက် မည်သူနှင့်မဆို လိင်ဆက်ဆံမှုတွင် ပါဝင်ခြင်း။
  • အသက် ၁၈ နှစ်အောက် မည်သူနှင့်မဆို လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွင် ပါဝင် ခြင်း။
  • လိင်ပိုင်းဆိုင်ရာ အရှက်ရစေသော၊ ချိုးနှိမ်သော သို့မဟုတ် အမြတ်ထုတ်သည့် အပြုအမူ၏ အခြားပုံစံတစ်ခုခုကို ပြုလုပ်ခြင်း။

ယူအန်အိတ်ခ်ျအာရ်၊ ကုလသမဂ္ဂ၊ အန်ဂျီအို တွဲဖက်များ၏ ဝန်ထမ်းများ သို့မဟုတ် ဒုက္ခသည်သင်ယူရေးစင်တာ သို့မဟုတ် အသိုင်းအဝိုင်းအဖွဲ့အစည်းများ၏ ဝန်ထမ်းများက လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုနှင့် မတော်မတရားပြုမှု ဖြစ်နိုင်ခြေရှိသည့်ကိစ္စကို သင်သတိပြုခြင်း၊ စိုးရိမ်ပူပန်မှု သို့မဟုတ် သံသယရှိပါက ယူအင်အိပ်ချ်စီအာရ် ဌာနချုပ်ရှိ ယူအင်အိပ်ချ်စီအာရ် အထွေထွေ စစ်ဆေးရေးရုံး (IGO) သို့ တိုက်ရိုက် အစီရင်ခံနိုင်ပါသည်။

အစီရင်ခံစာတင်ပြသည့်အခါ ပါ၀င်သင့်သည့်အရာ

  1. ဘာကိစ္ ဖြစ်ပျက်သနည်း။
      • အဖြစ်အပျက် (များ) အကြောင်း သင်သိထားသည်များကို အသေးစိတ်ဖော်ပြပါ။
  2. အဘယ်သူ ကအစွပ်စွဲခံရသည့်အမှုကို ကျူးလွန်သနည်း။
      • ဖြစ်နိုင်ပါက အမည်အပြည့်အစုံ၊ အလုပ်ခေါင်းစဉ်များနှင့် အဖွဲ့အစည်းနှင့် အခြားပါဝင်ပတ်သက်မှုဆိုင်ရာ အချက်အလက်များကို တင်ပြပေးပါ။
  3. မည်သည့် နေရာနှင့် အချိန် တွင်အခင်းဖြစ်ပွားခဲ့သနည်း။
      • ဖြစ်နိုင်ပါက ရက်စွဲများနှင့် အချိန်များကို ထည့်သွင်းပါ။

သင့်အစီရင်ခံစာကို သမာသမတ်ကျသောဆုံးဖြတ်ချက်ဖြင့် ကိုင်တွယ်မည်ဖြစ်ပြီး တင်းကြပ်စွာလျှို့ဝှက်ထားမည်ဖြစ်ကာ သင်၏ ယူအင်အိပ်ချ်စီအာ ကိစ္စအပေါ် သက်ရောက်မှုရှိမည်မဟုတ်ပါ။ . ရာဇ၀တ်မှုကျူးလွန်ပါက ရဲစခန်းသို့တိုင်ကြားနိုင်သည်။ တိုင်ကြားသူများနှင့်သတင်းပေးသူများကို အကူအညီ အထောက်အပံ့များနှင့်ချိတ်ဆက်ပေးမည်ဖြစ်သည်

ယူအန်အိတ်ချ်စီအာသည် အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အတင်းအကြပ် သို့မဟုတ် ကလေးသူငယ်လက်ထပ်ထိမ်းမြားမှု၊ နှောင့်ယှက်မှု သို့မဟုတ် လူကုန်ကူးမှုကဲ့သို့သော ကျား/မ အခြေပြု အကြမ်းဖက်မှု(GBV) ကြုံဖူးသည့် ဒုက္ခသည် သို့မဟုတ် ခိုလှုံခွင့်တောင်းခံသူတိုင်းကို ပံ့ပိုးကူညီရန် ကြိုးပမ်းလျက်ရှိပါသည်။ အကယ်၍ သင် သို့မဟုတ် သင်သိသော တစ်စုံတစ်ယောက်သည် ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကူအညီလိုအပ်နေပါက အောက်ဖော်ပြပါ ယူအန်အိတ်ချ်စီအာ၏ မိတ်ဖက်အဖွဲ့အစည်းတစ်ခုခုကို ကျေးဇူးပြု၍ ဆက်သွယ်ပါ။

မိတ်ဖက်အဖွဲ့အစည်းများ

Organisation Social Work Without Borders (SWWB) Cahaya Surya Bakti (CSB) Médecins Sans Frontières (MSF)
Details Area: Selangor, Kuala Lumpur

Language: English, Malay, and other languages (subject to availability of interpreters).

Operating Hours: 9:00am - 5:00pm, Monday to Friday

SWWB works closely with refugee-led community organizations to provide interpretation, advice, and community-based services. Area: Johor

Language: English, Malay and Rohingya

Operating Hours: 8.30am-4.30pm, Monday-Friday Area: Penang

Language: English, Bahasa Malaysia, Rohingya, Burmese

Operating Hours: 9.00am-10.00pm, Monday to Sunday

Services Emergency assistance, individual case management, and referrals to appropriate services. Case management and referrals to appropriate services Clinical case management, mental health and psychosocial support services, referrals to appropriate services
Social Work Without Borders (SWWB) Cahaya Surya Bakti (CSB) Médecins Sans Frontières (MSF)
Details

Area: Selangor, Kuala Lumpur

Language: English, Malay, and other languages (subject to availability of interpreters).

Operating Hours: 9:00am - 5:00pm, Monday to Friday

SWWB works closely with refugee-led community organizations to provide interpretation, advice, and community-based services. Details

Area: Johor

Language: English, Malay and Rohingya

Operating Hours: 8.30am-4.30pm, Monday-Friday Details

Area: Penang

Language: English, Bahasa Malaysia, Rohingya, Burmese

Operating Hours: 9.00am-10.00pm, Monday to Sunday

Services

Emergency assistance, individual case management, and referrals to appropriate services. Services

Case management and referrals to appropriate services Services

Clinical case management, mental health and psychosocial support services, referrals to appropriate services

အစိုးရ ဝန်ဆောင်မှုများ

ရဲတပ်ဖွဲ့

မည်သည့် ကျား/မ အခြေပြု အကြမ်းဖက်မှု သို့မဟုတ် ချိန်းခြောက်မှုကိုမဆို ရဲစခန်းတွင် တိုင်ကြားရန် သင့်တွင်အခွင့်အရေးရှိပါသည်။ ရဲစခန်းတွင် တိုင်ချက်ဖွင့်ပါက သင်၏ အထောက်အထားစာရွက်စာတမ်းများ သင်နှင့်အတူ ယူဆောင်သွားရန် ကျေးဇူးပြု၍ သတိရပါ။

ရဲတိုင်ချက်များကို မလေး သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့်သာ ပြုလုပ်နိုင်သည်။ တိုင်ချက်မှတ်တမ်းတွင် ဖြစ်ပျက်ခဲ့သမျှ၊ ဖြစ်ပျက်ခဲ့ချိန်၊ ဖြစ်ပျက်ခဲ့သည့်နေရာနှင့် အကြမ်းဖက်မှုအတွက် မည်သူမှာ တာဝန်ရှိကြောင်းတို့ ပါ၀င်မည်ဖြစ်သည်။ အကယ်၍ သင်သည် မလေးစကား သို့မဟုတ် အင်္ဂလိပ်စကား မပြောတတ်ပါက သင်၏ ရဲတိုင်ချက်ကို မလေး သို့မဟုတ် အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဆိုရာတွင် ကူညီပေးနိုင်သူကို သင်နှင့်အတူ ခေါ်သွားနိုင်ပါသည်။

WAO ကဲ့သို့သော ယူအန်အိတ်ချ်စီအာ၏ မိတ်ဖက်အဖွဲ့အစည်းများသည် ရဲစခန်းတွင် တိုင်ချက်ဖွင့်နည်းနှင့်စပ်လျဥ်း၍ အချက်အလက်များ ပိုမိုပံ့ပိုးပေးနိုင်ပါသည်။ လုပ်ဆောင်ရမည့်အရာများနှင့်ပါတ်သက်ပြီး အချက်အလက်များပိုမိုသိရှိရန်အတွက် ရဲတိုင်ချက်မပြုလုပ်မီ 03-3000-8858 သို့မဟုတ် SMS/WhatsApp 018-988-8058 သို့ ဖုန်းခေါ်၍ WAO ကို ဆက်သွယ်နိုင်ပါသည်။ WAO ဝဘ်ဆိုဒ်တွင် မုဒိမ်းမှု သို့မဟုတ် လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု သို့မဟုတ် အိမ်တွင်းအကြမ်းဖက်မှုများကြုံတွေ့ခဲ့ရသူများ လုပ်နိုင်သည့်အရာများနှင့်ပါတ်သက်ပြီး အချက်အလက်များ ပိုမိုရှိသော်လည်း ယင်းတို့မှာ အင်္ဂလိပ်ဘာသာဖြင့်သာ ဖြစ်သည်။

တစ်နေရာတည်းတွင် အကျပ်အတည်းများကို ဖြေရှင်းပေးနိုင်သောစင်တာ (OSCC)

တစ်နေရာတည်းတွင် အကျပ်အတည်းများကို ဖြေရှင်းပေးနိုင်သောစင်တာသည် အစိုးရဆေးရုံအများစု၏ အရေး‌ပေါ်ဌာနတွင် ရှိပါသည်။ OSCC သို့ရောက်ရှိလာသော ကျား/မ အခြေပြု အကြမ်းဖက်မှုမှ လွတ်မြောက်သူများသည် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှု၊ ဆေးကုသမှုနှင့် လိင်မှတဆင့်ကူးစက်သောရောဂါများအတွက် စမ်းသပ်မှုတို့ကို ခံယူနိုင်ပါသည်။ OSCC သည် အကြံပေးဝန်ဆောင်မှုများ၊ ယာယီနေရာထိုင်ခင်းကိစ္စနှင့် ရဲဌာနတို့နှင့်လည်း သင့်ကို ချိတ်ဆက်ပေးနိုင်ပါသည်။

OSCC၏ ဝန်ဆောင်မှုများနှင့်ပါတ်သက်သော အချက်အလက်များကို အမျိုးသမီးရေးရာ အဖွဲ့အစည်း(WAO)ဝက်ဘ်ဆိုက်တွင် ရရှိနိုင်သော်လည်း ၎င်းတို့သည် အင်္ဂလိပ်ဘာသာဖြင့်သာ ဖြစ်သည်။

ကျား-မ(လိင်)အခြေပြု အကြမ်းဖက်မှုဆိုင်ရာ သတင်းအချက်အလက်များ

လိင်အခြေပြု အကြမ်းဖက်မှု၀က်ဘီနာ(အွန်လိုင်းသင်တန်း)

PSEA