ကျား/မ အခြေပြု အကြမ်းဖက်မှု

ယူအန်အိတ်ချ်စီအာသည် အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အတင်းအကြပ် သို့မဟုတ် ကလေးသူငယ်လက်ထပ်ထိမ်းမြားမှု၊ နှောင့်ယှက်မှု သို့မဟုတ် လူကုန်ကူးမှုကဲ့သို့သော ကျား/မ အခြေပြု အကြမ်းဖက်မှု(GBV) ကြုံဖူးသည့် ဒုက္ခသည် သို့မဟုတ် ခိုလှုံခွင့်တောင်းခံသူတိုင်းကို ပံ့ပိုးကူညီရန် ကြိုးပမ်းလျက်ရှိပါသည်။ အကယ်၍ သင် သို့မဟုတ် သင်သိသော တစ်စုံတစ်ယောက်သည် ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကူအညီလိုအပ်နေပါက အောက်ဖော်ပြပါ ယူအန်အိတ်ချ်စီအာ၏ မိတ်ဖက်အဖွဲ့အစည်းတစ်ခုခုကို ကျေးဇူးပြု၍ ဆက်သွယ်ပါ။

မိတ်ဖက်အဖွဲ့အစည်းများ

Organisation Women’s Aid Organisation (WAO) International Catholic Migration Commission (ICMC) Rohingya Society of Malaysia (RSM) Médecins Sans Frontières (MSF)
Details Area: Klang Valley, Kedah and Johor

Language: English, Bahasa Malaysia, Burmese, Hakha, Tedim, Falam, Zaniat, Mizo, Kachin, Rohingya, Somali, Arabic, Swahili, Persian and Dari

Operating Hours: 24 hours, Monday to Sunday Area: Klang Valley, Penang, Perak and Kedah

Language: Rohingya, Burmese, Arabic, Somali

Operating Hours: 9.00am-9.00pm, Monday to Sunday Area: Klang Valley

Language: English, Rohingya, Burmese

Operating Hours: 9.00am-9.00pm, Monday to Sunday Area: Penang

Language: English, Bahasa Malaysia, Rohingya, Burmese

Operating Hours: 9.00am-10.00pm, Monday to Sunday

Services Case management, assistance making police report, connecting with medical aid, mental health support, shelter Case management, mental health and psychosocial support services, shelter, referrals to appropriate services Referrals to appropriate service Clinical case management, mental health and psychosocial support services, referrals to appropriate services
Women’s Aid Organisation (WAO) International Catholic Migration Commission (ICMC) Rohingya Society of Malaysia (RSM) Médecins Sans Frontières (MSF)
Details

Area: Klang Valley, Kedah and Johor

Language: English, Bahasa Malaysia, Burmese, Hakha, Tedim, Falam, Zaniat, Mizo, Kachin, Rohingya, Somali, Arabic, Swahili, Persian and Dari

Operating Hours: 24 hours, Monday to Sunday Details

Area: Klang Valley, Penang, Perak and Kedah

Language: Rohingya, Burmese, Arabic, Somali

Operating Hours: 9.00am-9.00pm, Monday to Sunday Details

Area: Klang Valley

Language: English, Rohingya, Burmese

Operating Hours: 9.00am-9.00pm, Monday to Sunday Details

Area: Penang

Language: English, Bahasa Malaysia, Rohingya, Burmese

Operating Hours: 9.00am-10.00pm, Monday to Sunday

Services

Case management, assistance making police report, connecting with medical aid, mental health support, shelter Services

Case management, mental health and psychosocial support services, shelter, referrals to appropriate services Services

Referrals to appropriate service Services

Clinical case management, mental health and psychosocial support services, referrals to appropriate services

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် အလွဲသုံးစားမှုကို တိုင်ကြားပါ။

အကယ်၍ သင်သည် ကျား/မ အခြေပြု အကြမ်းဖက်မှုကြုံခဲ့ပါက သင်သည် တစ်ယောက်တည်း မဟုတ်ပါ။ အောက်ပါတို့သည် သင်အကူအညီရရှိနိုင်သော အစိုးရဝန်ဆောင်မှုများ ဖြစ်ပါသည်။

ရဲ

မည်သည့် ကျား/မ အခြေပြု အကြမ်းဖက်မှု သို့မဟုတ် ချိန်းခြောက်မှုကိုမဆို ရဲစခန်းတွင် တိုင်ကြားရန် သင့်တွင်အခွင့်အရေးရှိပါသည်။ ရဲစခန်းတွင် တိုင်ချက်ဖွင့်ပါက သင်၏ အထောက်အထားစာရွက်စာတမ်းများ သင်နှင့်အတူ ယူဆောင်သွားရန် ကျေးဇူးပြု၍ သတိရပါ။

ရဲတိုင်ချက်များကို မလေး သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့်သာ ပြုလုပ်နိုင်သည်။ တိုင်ချက်မှတ်တမ်းတွင် ဖြစ်ပျက်ခဲ့သမျှ၊ ဖြစ်ပျက်ခဲ့ချိန်၊ ဖြစ်ပျက်ခဲ့သည့်နေရာနှင့် အကြမ်းဖက်မှုအတွက် မည်သူမှာ တာဝန်ရှိကြောင်းတို့ ပါ၀င်မည်ဖြစ်သည်။ အကယ်၍ သင်သည် မလေးစကား သို့မဟုတ် အင်္ဂလိပ်စကား မပြောတက်ပါက သင်၏ ရဲတိုင်ချက်ကို မလေး သို့မဟုတ် အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဆိုရာတွင် ကူညီပေးနိုင်သူကို သင်နှင့်အတူ ခေါ်သွားနိုင်ပါသည်။

WAO ကဲ့သို့သော ယူအန်အိတ်ချ်စီအာ၏ မိတ်ဖက်အဖွဲ့အစည်းများသည် ရဲစခန်းတွင် တိုင်ချက်ဖွင့်နည်းနှင့်စပ်လျဥ်း၍ အချက်အလက်များ ပိုမိုပံ့ပိုးပေးနိုင်ပါသည်။ လုပ်ဆောင်ရမည့်အရာများနှင့်ပါတ်သက်ပြီး အချက်အလက်များပိုမိုသိရှိရန်အတွက် ရဲတိုင်ချက်မပြုလုပ်မီ 03-3000-8858 သို့မဟုတ် SMS/WhatsApp 018-988-8058 သို့ ဖုန်းခေါ်၍ WAO ကို ဆက်သွယ်နိုင်ပါသည်။ WHO ဝဘ်ဆိုဒ်တွင် မုဒိမ်းမှု သို့မဟုတ် လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု သို့မဟုတ် အိမ်တွင်းအကြမ်းဖက်မှုများကြုံတွေ့ခဲ့ရသူများ လုပ်နိုင်သည့်အရာများနှင့်ပါတ်သက်ပြီး အချက်အလက်များ ပိုမိုရှိသော်လည်း ယင်းတို့မှာ အင်္ဂလိပ်ဘာသာဖြင့်သာ ဖြစ်သည်။

တစ်နေရာတည်းတွင် အကျပ်အတည်းများကို ဖြေရှင်းပေးနိုင်သောစင်တာ (OSCC)

တစ်နေရာတည်းတွင် အကျပ်အတည်းများကို ဖြေရှင်းပေးနိုင်သောစင်တာသည် အစိုးရဆေးရုံအများစု၏ အရေး‌ပေါ်ဌာနတွင် ရှိပါသည်။ OSCC သို့ရောက်ရှိလာသော ကျား/မ အခြေပြု အကြမ်းဖက်မှုမှ လွတ်မြောက်သူများသည် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှု၊ ဆေးကုသမှုနှင့် လိင်မှတဆင့်ကူးစက်သောရောဂါများအတွက် စမ်းသပ်မှုတို့ကို ခံယူနိုင်ပါသည်။ OSCC သည် အကြံပေးဝန်ဆောင်မှုများ၊ ယာယီနေရာထိုင်ခင်းကိစ္စနှင့် ရဲဌာနတို့နှင့်လည်း သင့်ကို ချိတ်ဆက်ပေးနိုင်ပါသည်။

OSCC၏ ဝန်ဆောင်မှုများနှင့်ပါတ်သက်သော အချက်အလက်များကို WAO ဝက်ဘ်ဆိုက်တွင် ရရှိနိုင်သော်လည်း ၎င်းတို့သည် အင်္ဂလိပ်ဘာသာဖြင့်သာ ဖြစ်သည်။

သက်ဆိုင်ရာ အထောက်အကူပြုစာရွက်စာတမ်းများ