ယူအန်အိတ်ချ်စီအာ-ကမ္ဘာ့ဘဏ် ဒုက္ခသည်များ၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပူးပေါင်းလေ့လာမှု

Wednesday / 04 October 2023

ယူအန်အိတ်ချ်စီအာ မလေးရှားနှင့် ကမ္ဘာ့ဘဏ်တို့သည် မလေးရှားရှိ ဒုက္ခသည်များ၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ လေ့လာရေးစီမံကိန်းကို လက်ရှိတွင် ဆောင်ရွက်နေပါကြောင်း အသိပေးအပ်ပါသည်။ အဆိုပါ စီမံကိန်းတွင် မလေးရှားရှိ အိမ်ရှင်အသိုင်းအဝိုင်းနှင့် နှိုင်းယှဉ်ပြီး ဒုက္ခသည်များ၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာအချက်အလက်များကို ကောက်ယူရန် စစ်တမ်းတစ်ခုပါဝင်ပါသည်။ စီမံကိန်း၏တွေ့ရှိချက်များသည် မလေးရှားရှိ ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများနှင့် ပတ်သက်သည့်မူဝါဒများ၊ အစီအစဉ်များကို အသိပေးရန်နှင့် တိုးတက်စေရန် ရည်ရွယ်ပါသည်။

ယူအန်အိတ်ချ်စီအာသည် လေ့လာမှုအတွက် အချက်အလက်များရယူရာတွင် လွယ်ကူချောမွေ့စေရန်အတွက် IPSOS အား သုတေသနပူးပေါင်းဆောင်ရွက်သူအဖြစ် ရွေးချယ်ခဲ့ပြီး တယ်လီဖုန်းဖြင့် ဆက်သွယ်ခြင်းနှင့် စစ်တမ်းပြုလုပ်ခြင်းစသည့် အဆင့်(၂) ပါဝင်ပါသည်။ အကယ်၍ ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများသည် စစ်တမ်းအတွက် အလားအလာရှိသော ပါဝင်သူအဖြစ် အစဥ်တိုင်းမဟုတ်ဘဲ ရွေးချယ်ခြင်းခံရပါက သင့်အား IPSOS မှ ဆက်သွယ်နိုင်ကြောင်း သတိပေးထားပါသည်။


တယ်လီဖုန်းဖြင့် ဆက်သွယ်ခြင်း

  1. သင်သည် IPSOSကို ကိုယ်စားပြုသူတစ်ဦးထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိနိုင်ပြီး သင်၏အထောက်အထားကိုအတည်ပြုရန် မေးခွန်းများကို မေးမြန်းမှာ ဖြစ်ပါသည်။
  2. သင်၏ အထောက်အထားကို အတည်ပြုပြီးနောက် လူကိုယ်တိုင်ဖြေဆိုရမည့် စစ်တမ်းတွင် သင်ပါဝင်လိုပါသလားဟု မေးမြန်းမည်ဖြစ်ပါသည်။ သဘောတူပါက IPSOS သည် သင့်အတွက် သင့်လျော်သောနေရာနှင့် အချိန်တွင် သင်နှင့်တွေ့ဆုံရန် ရက်ချိန်းစီစဥ်ပေးမည်ဖြစ်သည်။
  3. အကယ်၍ သင်သည် စစ်တမ်းတွင်ပါဝင်ရန် ဆန္ဒမရှိကြောင်း IPSOSကို အကြောင်းကြားပါက စစ်တမ်းအင်တာဗျူးအတွက် ရက်ချိန်းကို စီစဥ်ပေးမည် မဟုတ်ပါ။

ဤစစ်တမ်းတွင် ပါဝင်ခြင်းသည် စေတနာအလျောက်သာဖြစ်ပြီး ပါဝင်ခြင်းမရှိပါကလည်း မည်သည့်အကျိုးဆက်မျှ ရှိမည်မဟုတ်ကြောင်း ယူအန်အတ်ချ်စီအာအနေဖြင့် အသိပေးပြောကြားလိုပါသည်။ ဤစစ်တမ်းသည် မိမိတို့တစ်ဦးချင်း၏ အမှုတွဲဆောင်ရွက်ချက်များနှင့် မည်သို့မျှမသက်ဆိုင်သလို အမှုတွဲအပေါ်ကိုလည်း မည်သို့မျှ သက်ရောက်မှုရှိမည် မဟုတ်ကြောင်း ယူအန်အတ်ချ်စီအာအနေဖြင့် အလေးပေးပြောကြားလိုပါသည်။


စစ်တမ်းပြုလုပ်ခြင်း

  1. တယ်လီဖုန်းဖြေဆိုစဥ်အတွင်း စစ်တမ်းတွင်ပါဝင်ရန် သဘောတူပါက IPSOS သည် သင့်အတွက် သင့်လျော်သောနေရာနှင့် အချိန်တွင် သင်နှင့် တွေ့ဆုံရန် ရက်ချိန်းစီစဥ်ပေးမည်ဖြစ်သည်။
  2. စစ်တမ်းပြုလုပ်နေစဥ် – IPSOS ကိုယ်စားလှယ်သည် သင့်ကို တွေ့ဆုံပြီး သူတို့သည် မည်သူမည်ဝါဖြစ်ကြောင်း မိတ်ဆက်မှာဖြစ်ပြီး လေ့လာမှုတွင် သူတို့ပါဝင်သည့်အကြောင်း စာတစ်စောင်ကို ထုတ်ပေးမှာဖြစ်ပါသည်။ ယင်းနောက် IPSOS သည် စစ်တမ်း၏ ရည်ရွယ်ချက်ကိုရှင်းပြပြီး ပါဝင်ခြင်းအတွက် သင်၏ ခွင့်ပြုချက်ကို ရယူမည်ဖြစ်သည်။
  3. သင်သဘောတူပါက IPSOS သည် မိနစ် (၉၀)ခန့်ကြာမည့် စစ်တမ်းကို သင်နှင့်အတူ လုပ်ဆောင်မည်ဖြစ်သည်။

IPSOS သည် အချက်အလက်စုဆောင်းခြင်းဆိုင်ရာလေ့လာမှုအတွက် ယူအန်အိတ်ချ်စီအာမှ ရွေးချယ်ထားသည့် အမှီအခိုကင်းသော ကုမ္ပဏီတစ်ခုဖြစ်ပြီး မိမိတို့တစ်ဦးချင်း၏ အမှုတွဲဆောင်ရွက်ချက်များနှင့်သက်ဆိုင်သည့် မေးခွန်းများကို ဖြေကြားနိုင်မည်မဟုတ်ကြောင်း ကျေးဇူးပြု၍ မှတ်သားထားပါ။


ဆက်သွယ်ရန်
ဤစီမံကိန်းနှင့်ပါတ်သက်ပြီး သင့်တွင် မေးခွန်းများ သို့မဟုတ် စိုးရိမ်ပူပန်မှုများရှိပါက ကျေးဇူးပြု၍ Survey.Roma@ipsos.com သို့ အီးမေးလ်ပို့ပါ သို့မဟုတ် +603 2289 3000 သို့ ဖုန်းခေါ်ဆိုပါ။



Share