ကျေးဇူးပြု၍ သင်၏ ယူအန်အိတ်ခ်ျစီအာ ဖိုင်နံပါတ်နှင့် တစ်ဦးချင်းနံပါတ်တို့အား မှတ်မိကြောင်း သေချာစေပါ။ အကယ်၍ သင်၏ ယူအန်အိတ်ခ်ျစီအာ စာရွက်စာတမ်းပျောက်ဆုံးသွားပါက သို့မဟုတ် အာဏာပိုင်များမှ သင်၏အသေးစိတ်အချက်အလက်များအား တောင်းဆိုခဲ့သည်ရှိသော် သင့်ယူအန်အိတ်ခ်ျစီအာနံပါတ်များကို အလွတ်ကျက်ရန် သို့မဟုတ် ၎င်းတို့ကို အဆင်ပြေရှာဖွေလွယ်သောနေရာတွင် မှတ်တမ်းတင်/သိမ်းထားရန် အရေးကြီးပါသည်။ သင်၏ ယူအန်အိတ်ခ်ျစီအာ ဖိုင်နံပါတ်နှင့် တစ်ဦးချင်းနံပါတ် သိရှိမှတ်မိခြင်းက သင့်အထောက်အထားကို အတည်ပြုခြင်းအတွက် ယူအန်အိတ်ခ်ျစီအာကို ကူညီပေးသကဲ့သို့လည်းဖြစ်ပါသည်။
ဒုက္ခသည်များနှင့် ခိုလှုံခွင့်ရှာဖွေသူများအားလုံးကို မိမိတို့၏ ယူအန်အိတ်ခ်ျစီအာ စာရွက်စာတမ်းအား အလွယ်တကူ ဝင်ရောက်ရှာဖွေနိုင်ရန် ဓာတ်ပုံရိုက်ပြီး ဖုန်းထဲတွင် သိမ်းဆည်းထားရန်လည်း ကျွန်ုပ်တို့ အကြံပြုအပ်ပါသည်။
ကျေးဇူးပြု၍ သင့်ယူအန်အိတ်ခ်ျစီအာ စာရွက်စာတမ်းများကို သင်နှင့်အတူ အမြဲတမ်း သိမ်းဆည်းယူဆောင်ထားရန်လည်းပဲ မမေ့ပါနှင့်။
ယူအန်အိတ်ခ်ျစီအာ စာရွက်စာတမ်းများအကြောင်း နောက်ထပ်အချက်အလက်များအတွက်၊ ယူအန်အိတ်ခ်ျစီအာစာရွက်စာတန်းများသို့ ဝင်ရောက်ကြည့်ရှုပါ။