ယူအန်အိတ်ခ်ျစီအာသည် ဒေးဗ်ဒတ်စ် သို့မဟုတ် ဒေးဗားဒတ်စ် အန်ဂျန်အမည်ဖြင့် သိရသည့် မလေးရှားနိုင်ငံသားတစ်ဦး၏ အစီရင်ခံစာ/တိုင်ကြားစာများကို လက်ခံရရှိထားပြီး၊ သူသည် ဒုက္ခသည်အဖွဲ့အစည်း၏ အဖွဲ့ဝင်များထံ ဆက်သွယ်ကာ အမေရိကန်သို့ တစ်လအတွင်း ပြန်လည်နေရာချနိုင်ရန် လုပ်ဆောင်ပေးနိုင်ကြောင်း ပြောဆိုနေပါသည်။ သူသည် လျှောက်လွှာဖောင်တစ်ခုအတွက် တစ်ဦးချင်းစီမှ အာရ်အမ် ၃၂၀ အရင်တောင်းဆိုပြီး ၊ ထို့နောက် ဖောင်တင်သည့်အခါ အခြား အာရ်အမ်၂,၀၀၀ ကို ထပ်တောင်းဆိုခဲ့လေ့ရှိပါသည် ။ အောက်တွင်ဖော်ပြထားသည်မှာ အမေရိကန်ပြည်ထောင်စု နိုင်ငံသားဖြစ်ခွင့်နှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုလုပ်ငန်းများဌာန (United States Citizenship and Immigration Services, USCIS) မှ အသုံးပြုသောစာစောင်ကဲ့သို့ မစစ်မှန်သောစာရွက်စာတန်း၊ သူသည် ဒုက္ခသည်အသိုင်းအဝိုင်းထံ ပေးပို့နေသည်ဟု သတင်းထွက်နေသည့် ကုလသမဂ္ဂ လိုဂိုပါသော မစစ်မှန်သော ယူအက်စ်စီအိုင်အက်စ် (USCIS) ဖောင်ပုံစံတစ်ခုဖြစ်ပါသည်။
ဒေးဗ်ဒတ်စ် သို့မဟုတ် ဒေးဗားဒတ်စ် အန်ဂျန်မှ ပေးပို့အသုံးပြုသောစာနှင့်ဖောင်များသည် ယူအက်စ် (US) အစိုးရ သို့မဟုတ် ကုလသမဂ္ဂ မှထုတ်ပေးထားခြင်းမရှိပါ။ ဤတစ်ဦးတစ်ယောက်သည် ယူအန်အိတ်ခ်ျစီအာရ် သို့မဟုတ် ယူအက်စ်စီအိုင်အက်စ် ဝန်ထမ်းမဟုတ်ပါ။ သူသည် ယူအန်အိတ်ခ်ျစီအာရ် ၊ ယူအက်စ်စီအိုင်အက်စ် သို့မဟုတ် မည်သည့်အမေရိကန်အစိုးရအေဂျင်စီနှင့်လည်း ချိတ်ဆက်ထားခြင်းမရှိပါ။ သူ့တွင် ပြန်လည်နေရာချထားပေးရေးအတွက် သို့မဟုတ် မည်သူတစ်ဦးတစ်ယောက်ထံမှ ကိုယ်ရေးကိုယ်တာအချက်အလက်များကို တောင်းဆိုရန် ကိစ္စရပ်များကို လုပ်ဆောင်ရန် အခွင့်အာဏာ သို့မဟုတ် လုပ်ပိုင်ခွင့် မရှိပေ။
ကျေးဇူးပြု၍ ယူအန်အိတ်ခ်ျစီအာရ်နှင့် ယူအက်စ်စီအိုင်အက်စ်တို့သည် သင့်အား ဘယ်သောအခါမှ ပိုက်ဆံတောင်းမည်မဟုတ်ကြောင်းကိုလည်း မှတ်ယူသတိပြုပါ။ ယူအက်စ်၏ ပြန်လည်နေရာချထားပေးရေး ဝန်ဆောင်မှုများအားလုံးနှင့် ယူအန်အိတ်ခ်ျစီအာရ်မှ ထောက်ပံ့ပေးသော ဝန်ဆောင်မှုအားလုံးသည် အခမဲ့ဖြစ်ပါ သည်။ သင်၏ ယူအန်အိတ်ခ်ျစီအာရ် သို့မဟုတ် ယူအက်စ်စီအိုင်အက် လုပ်ငန်းစဉ်များကို ဝင်ရောက်ကြည့်ရှုနိုင်အောင်ကူညီပေးနိုင်ကြောင်း သို့မဟုတ် သင့်အမှုတွဲအား အမြန်ခြေရာခံနိုင်ရန် ငွေနှင့်လဲလှယ်နိုင်ကြောင်း ပြောဆိုသူအယောက်တိုင်းကို ဆင်ခြင်သတိပြုပါ။ ဤပုဂ္ဂိုလ်များမှာ သင့်အမှုတွဲနှင့်ပတ်သက်ပြီး လွှမ်းမိုးနိုင်စွမ်းမရှိကြပါ။ ထို့အတွက်ကြောင့် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များအား သူတို့ထံ မမျှဝေပါနှင့်။
အကယ်၍ ယူအန်အိတ်ခ်ျစီအာရ်၏ ဝန်ဆောင်မှုများ (ယူအန်အိတ်ခ်ျစီအာ စာရွက်စာတမ်းများ၊ မှတ်ပုံတင်ခြင်း၊ ဒုက္ခသည် အဆင့်အတန်းသတ်မှတ်ခြင်း (အာရ်အက်စ်ဒီ)၊ ပြန်လည်နေရာချထားရေး စသည်) ကို ငွေကြေးဖြင့် လဲလှယ်ကူညီပေးနိုင်ကြောင်း ပြောဆိုတောင်းဆိုသည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံလာပါက၊ ဤကိစ္စအား တိုင်ကြားရန်-
- ရဲ
- ယူအန်အိတ်ခ်ျစီအာရ်မှ အသုံးပြုနေသည့် ဤဆက်သွယ်ရေးပုံစံဖောင်
သင်သည် ယူအန်အိတ်ချ်စီအာသို့ သံသယဖြစ်ဖွယ်လုပ်ဆောင်မှုများနှင့်ပါတ်သက်၍ တိုင်ကြားပါက သင်၏ ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းများအား ရုပ်သိမ်းမည် မဟုတ်သည့်အပြင် သင်၏ အမှုတွဲအား နှောင့်နှေးကြန့်ကြာ သို့မဟုတ် ပိတ်သိမ်းခံရမည် မဟုတ်ပါ။
ယူအန်အိတ်ချ်စီအာ၏ လုပ်ငန်းစဉ်များနှင့် အကူအညီများနှင့်စပ်လျဥ်း၍ ထပ်မံပြီး အချက်အလက်များ သိရှိလိုပါကမလေးရှားဒုက္ခသည် Refugee Malaysia ဝက်ဘ်ဆိုက်သို့ သွားရောက်ဖတ်ရှုပါ။