ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းများကို လိမ်လည်အသုံးပြုခြင်း

Thursday / 14 April 2022

ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းများကို လိမ်လည်အသုံးပြုနေသည့်ကိစ္စနှင့်စပ်လျဥ်း၍ ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများထံမှ တိုင်ကြားစာများကို ယူအန်အိတ်ချ်စီအာအနေဖြင့် လက်ခံရရှိထားပါသည်။ ယင်းတို့တွင်

  • တစ်စုံတစ်ဦး၏ ယူအန်အိတ်ချ်စီအာကတ်ကို မိမိကတ်အဖြစ်လည်းကောင်း၊
  • တစ်စုံတစ်ဦး၏ ယူအန်အိတ်ချ်စီအာကတ်ပေါ်တွင် မိမိ၏ ဓာတ်ပုံကို အစားထိုး၍လည်းကောင်း၊ သို့မဟုတ်
  • ယူအန်အိတ်ချ်စီအာကတ်အတုအဖြစ် အသုံးပြုသူများလည်း ပါဝင်ကြသည်။

ယင်းတို့သည် လိမ်လည်လှည့်ဖြားသည့် လုပ်ရပ်များဖြစ်ကြောင်း နားလည်ရမည် ဖြစ်သည်။ ယူအန်အိတ်ချ်စီအာ ကတ်အတုများကို အသုံးပြုခြင်း၊ ဝယ်ယူခြင်း သို့မဟုတ် ရောင်းချခြင်း သို့မဟုတ် တစ်စုံတစ်ဦး၏ ယူအန်အိတ်ချ်စီအာကတ်ကို မိမိကတ်အဖြစ် ပုံဖော်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းတို့ကို တင်းကျပ်စွာ တားမြစ်ထားသည့်အတွက် သင့်အား အရေးယူဖမ်းဆီးနိုင်ပါသည်။ သင့်အား လိမ်လည်မှုအတွက် စုံစမ်းစစ်ဆေးခံရမည်ဖြစ်သောကြောင့် အာဏာပိုင်များနှင့် ယူအန်အိတ်ချ်စီအာ၏ အတည်ပြုစီစစ်ရေးလုပ်ငန်းစဉ်ကို နှောင့်နှေးရှုပ်ထွေးစေမည်ဖြစ်သည်။

သင်၏ အမှုတွဲကို ယူအန်အိတ်ချ်စီအာမှ ရုပ်သိမ်းပြီးဖြစ်ရင်တောင် သင့်ကို အာဏာပိုင်များက ဖမ်းဆီးပါက အတည်ပြုစီစစ်ရန်အတွက် သင်၏ ယူအန်အိတ်ချ်စီအာကတ်ပြားနံပါတ်ကို ပြောပြရမည်ဖြစ်သည်။

အကယ်၍ သင်သည် ယူအန်အိတ်ချ်စီအာကတ်အတုများ သို့မဟုတ် တစ်စုံတစ်ဦးပိုင်ဆိုင်သော ယူအန်အိတ်ချ်စီအာကတ်ကို အသုံးပြုခြင်း၊ ထုတ်လုပ်ခြင်း သို့မဟုတ် ရောင်းချခြင်းတို့ကို သိရှိပါက mlslufrd@unhcr.org သို့ အီးမေးလ်မှတစ်ဆင့် သို့မဟုတ် ဤနေရာတွင် ရရှိနိုင်သော အွန်လိုင်းတိုင်ကြားမှုဖောင်(ပုံစံ)မှတစ်ဆင့် ကျေးဇူးပြု၍ တိုင်ကြားပါ။ လိမ်လည်မှုနှင့်ပတ်သက်၍ ယူအန်အိတ်ချ်စီအာကို တိုင်ကြားခြင်းကြောင့် သင်၏အမှုကို နှောင့်နှေးစေမည် မဟုတ်ပါ သို့မဟုတ် လိမ်လည်မှုများအတွက် စုံစမ်းစစ်ဆေးခံရမည် မဟုတ်ပါ။ ယူအန်အိတ်ချ်စီအာမှ လက်ခံရရှိထားသည့် လိမ်လည်မှုဆိုင်ရာ တိုင်ကြားစာများအားလုံးကို လျှို့ဝှက်ထားမည်ဖြစ်ပြီး သင်၏ ခွင့်ပြုချက်မပါဘဲ အခြားမည်သူတစ်ဦးတစ်ယောက်ကိုမျှ ထုတ်ဖော်ပြောပြမည် မဟုတ်ပါ။ ယူကျူ့ပေါ်ရှိ အင်္ဂလိပ်မလေးအာရဗီမြန်မာဟားခါးဂျိန်းဖောမွန်ပါရှန်း၊ ရိုဟင်ဂျာဆိုမာလီတမီလ်တီးတိန်နှင့် အူရဒူဘာသာတို့ဖြင့် ရရှိနိုင်သော ရှင်းလင်းချက်ဗီဒီယိုများကို ကျေးဇူးပြု၍ ကြည့်ရှုပါ။ ဘာသာစကားအမျိုးမျိုးဖြင့် ပိုစတာများကို ဤနေရာတွင် တွေ့နိုင်ပါသည်။

ယူအန်အိတ်ချ်စီအာ မလေးရှားသည် မည်သို့သော လိမ်လည်မှုနှင့် အကျင့်ပျက်ခြစားမှုပုံစံများကိုမဆို သည်းခံလိမ့်မည်မဟုတ်ပါ။ ယူအန်အိတ်ချ်စီအာ မလေးရှား၏ Risk၊ Integrity and Oversight Team (RIOT) သည် လိမ်လည်မှုနှင့် အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်သည့် စွပ်စွဲချက်များရှိလာပါ တတ်နိုင်သမျှ အချက်အလက်နှင့် အထောက်အထားများပေးရန် တိုက်တွန်းအပ်ပါသည်။

ယူအန်အိတ်ချ်စီအာ၏ ဝန်ဆောင်မှုအားလုံးသည် အခမဲ့ဖြစ်ကြောင်း ကျေးဇူးပြု၍ သတိရပါ။ ယူအန်အိတ်ချ်စီအာမှ မည်သည့်ဝန်ဆောင်မှုကိုမဆို သို့မဟုတ် ပို၍မြန်ဆန်သောဝန်ဆောင်မှုရရှိရန်အတွက် သင့်အနေဖြင့် ပိုက်ဆံမပေးပါနှင့်။ လိမ်လည်မှုနှင့် အကျင့်ပျက်ခြစားမှုဆိုင်ရာ အချက်အလက်များကို ပိုမိုရှာဖွေရန် ဤစာမျက်နှာကို ဝင်ရောက်ကြည့်ရှုပါ။

ယခင်က ယူအန်အိတ်ချ်စီအာတွင် မှတ်ပုံတင်ခဲ့ပြီး လက်ရှိတွင် အမှုတွဲ ရုပ်သိမ်းခံပြီးသူများအတွက် အမှုတွဲ ပြန်လည်ဖွင့်ပေးရန် တောင်းဆိုလိုပါက အီးမေးလ် (mlslursd@unhcr.org) မှတဆင့် ဒုက္ခသည် အဆင့်အတန်း စီစစ်ရေး (RSD) ဌာနသို့ တင်ပြနိုင်ပါသည်။ RSD ဌာနသို့ အမှုတွဲပြန်လည်ဖွင့်ပေးရန် တောင်းဆိုမှုများ အလွန်များသောကြောင့် ပြန်လည်ဖွင့်ပေးရန် တောင်းဆိုချက်ကို ဆောင်ရွက်ရာတွင် နှောင့်နှေးမှုများရှိနိုင်ကြောင်း နားလည်ရမည်ဖြစ်သည်။ ကာကွယ်စောင့်ရှောက်မှု အလွန်အမင်းလိုအပ်သူ တစ်ဦးချင်းတစ်‌ယောက်ခြင်းနှင့်/ သို့မဟုတ် အရေးတကြီးနှင့် အရေးပေါ်ကာကွယ်မှုနှင့်စပ်လျဥ်း၍ စိုးရိမ်ပူပန်သူများကို ဦးစားပေး ဆောင်ရွက်ပေးမည်ဖြစ်သည်။ အမှုတွဲပြန်လည်ဖွင့်ပေးရးလုပ်ငန်းစဥ် အသေးစိတ်အချက်အလက်များကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။



Share