ယူအန်အိတ်ချ်စီအာ မလေးရှားသည် ယူအန်အိတ်ချ်စီအာမှ အသုံးဝင်သော အချက်အလက်များကို တိုက်ရိုက်ရှာဖွေနိုင်ရန် ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများအတွက် ဘာသာစကား (၁၃)မျိုးဖြင့် ကျွန်ုပ်တို့၏ တရားဝင် တယ်လီဂရမ်ချန်နယ်များကို ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
ယူအန်အိတ်ချ်စီအာမှ နောက်ဆုံးရသတင်းအချက်အလက်များကို သိရှိရန်အတွက် ချန်နယ်များထဲသို့ စာရင်းသွင်းထား/ပါဝင်ရန် ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများအားလုံးကို တိုက်တွန်းအပ်ပါသည်။ စာရင်းသွင်းသူများသည် ယူအန်အိတ်ချ်စီအာမှ မျှဝေထားသောသတင်းများကို တုံ့ပြန်အကြောင်းပြန်နိုင်မည် မဟုတ်ပါ။ အသုံးပြုသူအမည်များနှင့် ဖုန်းနံပါတ်များအားလုံးကိုလည်း လျှိုဝှက်ထားမည်ဖြစ်သည်။ စာရင်းသွင်းသူများ၏ ဖုန်းနံပါတ်များကို ချန်နယ်ရှိ အခြားစာရင်းသွင်းပါဝင်သူများက မြင်လို့ရမှာမဟုတ်ပဲ ယူအန်အိတ်ချ်စီအာကသာလျှင် မြင်နိုင်မှာဖြစ်ပါသည်။
ယူအန်အိတ်ချ်စီအာ မလေးရှား၏ တယ်လီဂရမ်ချဲန်နယ်များကို ချိတ်ဆက်အသုံးပြုနည်း –
- တယ်လီဂရမ်အက်ပ်ကို အင်စတော ပြုလုပ်ပါ။
- တယ်လီဂရမ်၏ ရှာဖွေရန်ဘားပေါ်တွင် ‘Refugee Malaysia’ ဟုရိုက်ထဲ့ပါ။ ဘာသာစကားအမျိုးမျိုးဖြင့် ချန်နယ်များကို မြင်တွေ့ရပါလိမ့်မည်။
- သင်လိုချင်နှစ်သက်သောချန်နယ်အမည်ပေါ်ကို ဖိလိုက်ပါ။
- “Join” ကို ဖိ၍ ချန်နယ်တွင် စာရင်းသွင်းလိုက်ပါ။
ချန်နယ်များကို အာရဗီ၊ မြန်မာ၊ အင်္ဂလိပ်၊ ဟားခါး၊ ဂျိန်းဖော၊ မလေး၊မွန်၊ ပါရှန်း၊ ရိုဟင်ဂျာ၊ ဆိုမာလီ၊ တမီလ်၊ တီးတိန်နှင့် အူရဒူဘာသာစကားများဖြင့် ရရှိနိုင်ပါသည်။
ဤတယ်လီဂရမ် ဝန်ဆောင်မှုသည် ဒုက္ခသည် မလေးရှား ဝက်ဘ်ဆိုက်နှင့် ပူးပေါင်းပြီး လူတိုင်းကို ပုံမှန် ဝင်ရောက် ကြည့်ရှုရန် တိုက်တွန်းအပ်ပါသည်။
ယူအန်အိတ်ချ်စီအာ မလေးရှား၏ တယ်လီဂရမ်ချဲန်နယ်ကို ချိတ်ဆက်အသုံးပြုနည်းနှင့် ဒေါင်းလုပ်ပြုလုပ်နည်း ဗီဒီယိုရှင်းလင်းချက်ကို ရိုဟင်ဂျာဘာသာဖြင့် ကျေးဇူးပြု၍ ဤနေရာတွင် ရှာပါ။