ယူအန်အိတ်ခ်ျစီအာသည် ယူအန်အိတ်ခ်ျစီအာ စာရွက်စာတမ်းများ (ကတ် သို့မဟုတ် ထောက်ထားစာ) ပျောက်ဆုံးခြင်းနှင့်ကြုံတွေ့နေရသော ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းသူများအား ဤဖောင်ပုံစံဖြင့် ၎င်းတို့၏ စာရွက်စာတမ်းများ ပျောက်ဆုံးမှုအား အစီရင်ခံစာတင်ရန် လိုလားကြောင်း အသိပေးလိုပါသည်။
ကျေးဇူးပြု၍ ပျောက်ဆုံးသွားသော ယူအန်အိတ်ခ်ျစီအာ စာရွက်စာတမ်းများအတွက် ရဲအစီရင်ခံစာအား မဖြစ်မနေရယူရန် မလိုအပ်ကြောင်း ဂရုပြုပါ။ ဒုက္ခသည်မလေးရှားဝဘ်ဆိုဒ်တွင် သင်၏ ပျောက်ဆုံးနေသောစာရွက်စာတမ်းများအတွက် အစီရင်ခံစာ တင်ပြပြီးသည့်နောက်၊ သင့်အား ယူအန်အိတ်ခ်ျစီအာ ရုံးသို့လာရောက်ရန်နှင့် စာရွက်စာတမ်းအစားထိုးလက်ခံရရှိရန်ရက်ချိန်းအတွက် ယူအန်အိတ်ခ်ျစီအာမှ တစ်လအတွင်း သင့်ထံ ဆက်သွယ်လာပါလိမ့်မည်။ သင်သည် ၎င်းစာရွက်စာတမ်းအား တစ်ကြိမ်ထက်ပို၍ ပျောက်ဆုံးစေပါက၊ သင်သည် အသိအမှတ်ပြုထားသောစာရွက်စာတန်း၏ မိတ္တူကိုသာ ရရှိတော့မှာဖြစ်သည်။
သင်သည် ပျောက်ဆုံးသွားသောစာရွက်စာတမ်းမျာအတွက် အစီရင်ခံစာအား မလေးရှားဒုက္ခသည် ဝဘ်ဆိုဒ်တွင် တင်ပြပြီးဖြစ်ပါက၊ အနာဂတ်မှတ်တမ်းများအတွက် အစီရင်ခံစာ၏ရည်ညွှန်းနံပါတ်ကို သိမ်းဆည်းထားရန် ကျေးဇူးပြု၍ မမေ့ပါနှင့်။ ကျေးဇူးပြု၍ ဝဘ်ဆိုဒ်ဖောင်အား ထပ်မံဖြည့်စွတ်ပြီးမတင်ပြပါနှင့်၊ ၎င်းသည် လုပ်ဆောင်ခြင်းကို ပိုမိုနှောင့်နှေးစေပါသည်။ အကယ်၍ ယူအန်အိတ်ခ်ျစီအာမှထုတ်ပေးထားသော စာရွက်စာတမ်းများကို လိမ်လည်အသုံးပြုခြင်းကျူးလွန်မှုဆိုင်ရာ အထောက်အထားများရှိပါက၊ လိမ်လည်/ကလိမ်ကကျစ်မှုများအတွက် သင့်အား စုံစမ်းစစ်ဆေးနိုင်ပါသည်။
အကယ်၍ သင်၌ စာရွက်စာတမ်းပျောက်ဆုံးမှုနှင့်ပတ်သက်၍ ရဲမှတ်တမ်းမရှိလျှင်လည်း သင့်စာရွက်စာတမ်းအတွက် အစားထိုးလုပ်ဆောင်ပေးမှုအား လက်ခံရရှိပါလိမ့်မည်။ အကယ်၍ သင့်ကိုယ်ပိုင်မှတ်တမ်းများအတွက် ရဲတပ်ဖွဲ့ထံ တိုင်ကြားလိုပါက သင်တင်ပြသော အချက်အလက်များသည် မှန်ကန်ကြောင်း သေချာပါစေ။ မမှန်သောသတင်းရေးသားခြင်းသည် မလေးရှားဥပဒေအရ ရာဇ၀တ်မှုတစ်ခုဖြစ်ပြီး တရားစွဲဆိုခံရပါက တစ်ဦးတစ်ယောက်ကို ထောင်ဒဏ် ၆ လအထိ သို့မဟုတ် ဒဏ်ငွေ ရင်းဂစ် ၂၀၀၀ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။ ယူအန်အိတ်ခ်ျစီအာ သည် မည်သည့်ရာဇ၀တ်မှုတွင်မဆို ဝင်ရောက်စွက်ဖက်မည်မဟုတ်ပါ။