ယူအန်အိတ်ချ်စီအာ မလေးရှားနှင့် တွေ့ဆုံရန် ဆန္ဒရှိသူအားလုံးသည် ရက်ချိန်းယူရန်လိုအပ်ကြောင်း ကျေးဇူးပြု၍ မှတ်သားထားပါ။
ဤလိုအပ်ချက်မှကင်းလွတ်သောသူများသည် ယူအန်အိတ်ချ်စီအာကဒ် (သို့) အခြားသော ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းကိုင်ဆောင်ထားသူများ ဖြစ်သည်။ ထိုသူများသာ -လိုအပ်ချက်များအတွက် ယူအန်အိတ်ချ်စီအာသို့ ရက်ချိန်းမရှိပဲ လာရောက်နိုင်မည် ဖြစ်သည်။
- မွေးကင်းစကလေးငယ်များ စာရင်းသွင်းခြင်း
- ကတ်ပျောက်တိုင်ကြားခြင်း
- စာရွက်စာတမ်းများ သက်တမ်းတိုးခြင်း
တစ်ဉီးချင်းအနေဖြင့် ဒီဇင်ဘာလ ၂ရက် ၂၀၁၉ခုနှစ်၊ တနင်္လာနေ့မှစတင်၍ ဒုက္ခသည်-မလေးရှားဝက်ဘ်ဆိုက်ရှိ ဤလင့်ခ်ကို သုံး၍ ယူအန်အိတ်ချ်စီအာ အွန်လိုင်းရက်ချိန်းကို တောင်းဆိုနိုင်သည်။
ဤလင့်သည် ယူအန်အိတ်ချ်စီအာ မလေးရှား၏ စမ်းသပ်နေသော ဝက်ဘ်ဆိုက်အသစ်တစ်ခုဖြစ်သည်၊ ယင်းတွင် ဒုက္ခသည်များအနေဖြင့် မိမိတို့ သိလိုသော ကာကွယ်စောင့်ရှောက်မှုနှင့် ကူညီထောက်ပံ့မှုဆိုင်ရာ ဝန်ဆောင်မှုအသစ်များကို မကြာမီ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။ ဝက်ဘ်ဆိုက်၏ ပထမဆုံးလုပ်ဆောင်မှုများအနေဖြင့် ရက်ချိန်းတောင်းဆိုမှုများကို အွန်လိုင်းမှတဆင့် ပြုလုပ်နိုင်မည် ဖြစ်သည်။
ဝက်ဘ်ဆိုက်လင့်ခ်သည် လက်ရှိတွင် အင်္ဂလိပ်ဘာသာဖြင့် ဖြစ်ကြောင်း ကျေးဇူးပြု၍ မှတ်သားထားပါ။ ကျွန်ုပ်တို့အနေဖြင့် မကြာမီကာလတွင် အခြားသော ဘာသာစကားများကို တိုးချဲ့ လုပ်ဆောင်သွားမည်ဖြစ်သည်။
ပေးပို့ထားသည့် တောင်းဆိုမှုများအားလုံးကို ယူအန်အိတ်ချ်စီအာမှ ဆောင်ရွက်သွားမည် ဖြစ်သည်။ ယူအန်အိတ်ချ်စီအာအနေဖြင့် နေ့စဉ် ရာနှင့်ချီသော အီးမေးလ်များကို လက်ခံရရှိနေသောကြောင့် အကယ်၍ သင်သည် ချက်ခြင်း အကြောင်းပြန်ကြားစာမရပါ ကျေးဇူးပြု၍ သည်းခံပေးပါ။
အကယ်၍ သင်သည် ရက်ချိန်းတစ်ခုတောင်းဆိုပြီးပါက သင်၏ ရက်ချိန်းအတွက် အချိန်ဇယားဆွဲရန် ကြံ့ကြာနိုင်သောကြောင့် ကျေးဇူးပြု၍ နောက်ထပ်တစ်ကြိမ် ထပ်မပို့ပါနှင့်။