ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး

ယူအန်အိတ်ချ်စီအာသည် ကလေးသူငယ်များနှင့် ဆယ်ကျော်သက်လူငယ်များကို အန္တရာယ်မှ ကာကွယ်ရန် ကတိကဝတ် ပြုထားသည်။ ကျွန်ုပ်တို့သည် နှိပ်စက်ညှင်းပန်းခြင်း၊ လျစ်လျူရှုခံရခြင်းနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရသည့် ကလေးများကို ဖော်ထုတ်ခြင်း၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဖြစ်ရပ်များကို တိုင်ကြားလိုသည့် ကလေးသူငယ်များနှင့် မိသားစုများကို ကူညီခြင်း၊ အန္တရာယ်မှ လွတ်မြောက်လာသော ကလေးသူငယ်များနှင့် ၄င်းတို့၏ မိဘ/ အုပ်ထိန်းသူများကို ဥပဒေရေးရာ အကြံဥာဏ်နှင့် ဝင်ရောက်စွက်ဖက်မှုများ၊ စိတ်ပိုင်းဆိုင်ရာ လူမှုရေးပံ့ပိုးမှု၊ လုံခြုံသောနေရာများ စီစဉ်ပေးခြင်း၊ ပညာရေးတို့ကို ကူညီဆောင်ရွက်ရန် အဖွဲ့အစည်းများစွာနှင့် ပူးပေါင်းဆောင်ရွက်သည်။ အကယ်၍ သင်သည် အကူအညီနှင့် အထောက်အပံ့လိုအပ်နေသည့် ဒုက္ခသည် သို့မဟုတ် ခိုလှုံခွင့်တောင်းခံသော ကလေးငယ်တစ်ဦးကို သိပါက အောက်ပါ ယူအန်အိတ်ချ်စီအာ၏ လုပ်ဖောင်ကိုင်ဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်နိုင်ပါသည်။

လုပ်ဖောင်ကိုင်ဖက်အဖွဲ့အစည်းများ

အစိုးရ ဝန်ဆောင်မှုများ

အရေး‌ပေါ်အကူအညီလိုအပ်နေသော သံသယဖြစ်ဖွယ် ကလေးသူငယ် ညှင်းပန်းနှိပ်စက်ခံရခြင်းနှင့် လျှစ်လျူပြုခံရသောကိစ္စအတွက် အနီးဆုံး အစိုးရဆေးရုံရှိ တစ်နေရာတည်းတွင် ဝန်ဆောင်အားလုံးရနိုင်သော စင်တာ (OSCC)နှင့် သံသယဖြစ်ဖွယ် ကလေးသူငယ် ညှင်းပန်းနှိပ်စက်ခံရခြင်းနှင့် လျှစ်လျူပြုခြင်းကို ကူညီပေးသော အဖွဲ့ (SCNA) မှ အကူအညီကို ချက်ခြင်းရယူပါ။

တနည်းအားဖြင့် ကလေးငယ်များ ညှင်းပန်းနှိပ်စက်မှုနှင့် လျစ်လျူရှုမှုများကို တိုင်ကြားရန် မလေးရှား အမျိုးသမီးများ၊ မိသားစုနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်‌ရေး ဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် အရေးပါ်ဖုန်းလိုင်း Talian Kasih ကို ဆက်သွယ်နိုင်သည်။

Talian Kasih

သင် သို့မဟုတ် သင်သိသော ကလေးတစ်ဦးသည် မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု သို့မဟုတ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကဲ့သို့သော ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ကြုံဖူးပါက အမှုအား ရဲကို တိုင်ကြားခြင်းဖြင့် အကူအညီ ရယူနိုင်ပါသည်။ အကယ်၍ သင်သည် ရဲအား အမှုကို တိုင်ကြားပါက အောက်ပါ အဆင့်များကို လိုက်နာပါ။

  • ဖြစ်နိုင်ပါက ကလေးအား ရဲမှတ်တမ်းပြုလုပ်ရန်(တိုင်ကြားရန်)အတွက် အနီးဆုံး ခရိုင်ရဲဌာနချုပ် (IPD ဟုလည်းခေါ်သည်)သို့ လူကြီးတစ်ဦးမှ ခေါ်ဆောင်သွားရမည်ဖြစ်သည်။ ရဲစခန်းသို့ လိုက်ပါသွားမည့် လူကြီးသည် ကလေးမှ ယုံကြည်အားကိုးသူဖြစ်ရန် လိုအပ်ပြီး မိဘ၊ အုပ်ထိန်းသူ၊ ဆွေမျိုး၊ ရပ်ရွာခေါင်းဆောင် သို့မဟုတ် ဆရာလည်း ဖြစ်နိုင်ပါသည်။
  • တိုင်ကြားမှုပြုလုပ်ချိန်တွင် လူကြီးနှင့် ကလေး နှစ်ဦးလုံးသည် IPD သို့ အထောက်အထား စာရွက်စာတမ်းများကို တပါတည်း ယူဆောင်သွားရမည်ဖြစ်သည်။
  • ရဲမှတ်တမ်း(တိုင်ချက်)ကို မလေး သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့် ပြုလုပ်ရမည်ဖြစ်သည်။ ရဲမှတ်တမ်း(တိုင်ချက်)တွင် ဖြစ်ပျက်ခဲ့သည့် နေ့ရက်နှင့် အချိန်၊ နေရာနှင့် ပြစ်မှုကျူးလွန်ခဲ့သူတို့၏ အသေးစိတ်အချက်အလက်များ ပါဝင်မည်ဖြစ်သည်။
  • သင် သို့မဟုတ် ကလေးသူငယ်သည် မလေး သို့မဟုတ် အင်္ဂလိပ်စကား မပြောနိုင်ပါက မလေး သို့မဟုတ် အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ပြန်ဆိုပေးနိုင်မည့် သင်နှင့် ကလေးသူငယ် နှစ်ဦးလုံး ယုံကြည်ရသော တစ်စုံတစ်ဦးကို ခေါ်သွားရန် ကြိုးစားပါ။
  • IPD ရှိ စုံစမ်းစစ်ဆေးရေးအရာရှိ (IO)သည် ကလေး၏ ထွက်ဆိုချက်ကိုယူပြီး ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုများကိုကိုင်တွယ်ရန် လေ့ကျင့်သင်ကြားထားသည့် ဆေးဘက်ဆိုင်ရာနှင့် လူမှုရေးရာ ဝန်ထမ်းများနှင့် တွေ့ဆုံမည့် အစိုးရ ဆေးရုံ အရေးပေါ်ဌာနသို့ ကလေးနှင့်အတူ လိုက်ပါသွားမည်ဖြစ်သည်။ ၎င်းတို့ကို (သံသယဖြစ်ဖွယ် ကလေးသူငယ် စော်ကားမှုနှင့် လျစ်လျူရှုမှုကိစ္စရပ်များကိုင်တွယ်ပေးသည့်) SCAN အဖွဲ့ဟု လူသိများသည်။
  • SCAN အဖွဲ့သည် သီးသန့်ခန်းတစ်ခုတွင် ကလေးအား ဆေးစစ်ချက်ပြုလုပ်ပေးမည်ဖြစ်ပြီး ဆေးဘက်နှင့် အကူအညီဆိုင်ရာ ဝန်ဆောင်မှုများပေးမည်ဖြစ်သည်။ ယင်းတွင် ကလေးအား လူမှုဝန်ထမ်းဦးစီးဌာန (JKM ဟုလည်းခေါ်သည်) နှင့် NGO များသို့ လွှဲပြောင်းပေးခြင်း တို့ပါဝင်သည်။

ကလေးသူငယ်သည် အကာအကွယ်နှင့် အမှုတွဲစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှုများ ထပ်မံလိုအပ်ပါက အထက်ဖော်ပြပါ အဆက်အသွယ်ပြုလုပ်နိုင်မည့် အချက်အလက်များမှတစ်ဆင့် ယူအန်အိတ်ချ်စီအာ၏ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ဖော်ကိုင်ဖက်များနှင့် ချိတ်ဆက်နိုင်ပါသည်။