ဆက်စပ်လမ်းကြောင်းများ

ဆက်စပ်လမ်းကြောင်း များသည် ဒုက္ခသည်များနှင့် ခိုလှုံခွင့်ရှာဖွေသူများ ပြန်လည်နေရာချထားရေးပြင်ပ၊ တတိယနိုင်ငံသို့ ဝင်ရောက်နေထိုင်ရန် ဘေးကင်းသောလမ်းကြောင်းများဖြစ်သည်။ နိုင်ငံတိုင်းသည် ထိုသို့သော အခွင့်အလမ်းများမှတဆင့် လက်ခံခြင်းအတွက် ၎င်းတို့၏ ကိုယ်ပိုင်စံနှုန်းများကို သတ်မှတ်ကြသည်။ ဒုက္ခသည်များနှင့် ခိုလှုံခွင့်ရှာဖွေသူများသည် ယူအင်အိပ်ချ်စီအာရ် လွှဲပြောင်းပေးမှုမလိုအပ်ဘဲ တိုက်ရိုက်လျှောက်ထားနိုင်သည်။ ယူအင်အိပ်ချ်စီအာရ် ၏ အခန်းကဏ္ဍသည် အတည်ပြုထားသော အခွင့်အလမ်းများ၊ စံသတ်မှတ်ချက်များနှင့် လျှောက်ထားမှုလုပ်ငန်းစဉ်များဆိုင်ရာ သတင်းအချက်အလက်များကို ဖြန့်ဝေရန်ဖြစ်သည်။ ယူအင်အိပ်ချ်စီအာရ် သည် လူတစ်ဦးချင်းစီကို ရည်ညွှန်းခြင်း သို့မဟုတ် ဤအခွင့်အလမ်းများအတွက် လျှောက်လွှာများကို စီမံဆောင်ရွက်ခြင်းမရှိပါ။

ဖြည့်စွက်လမ်းကြောင်း အများစုသည် တတိယနိုင်ငံ၌ နေထိုင်ပြီးဖြစ်သော မိသားစုဝင် သို့မဟုတ် သူငယ်ချင်းမှ စတင်လုပ်ဆောင်ရန် လျှောက်လွှာတစ်ခု လိုအပ်သည်။ အကယ်၍ သင်သည် သီးခြားလမ်းကြောင်း သို့မဟုတ် အစီအစဉ်ကို စိတ်ဝင်စားပါက၊ ဒုက္ခသည်များကို ကူညီရန် ၎င်းတို့၏ အစိုးရ သို့မဟုတ် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) ထံ ဆက်သွယ်ရန် တတိယနိုင်ငံရှိ သင်၏အဆက်အသွယ်ကို တောင်းဆိုပါ။ လျှောက်လွှာတင်ပြီးပါက သက်ဆိုင်ရာ သံရုံး/ဗဟိုကော်မရှင်ထံ အကူအညီတောင်းခံပါ။

အကယ်၍ သင့်လျှောက်လွှာကို လက်ခံပြီးပါက၊ လက်ခံမှုနှင့်ပတ်သက်၍ ယူအင်အိပ်ချ်စီအာရ် သို့ မအကြောင်းကြားမီ သင့်လေယာဉ်လက်မှတ်ကို မ၀ယ်ပါနှင့်။ မလေးရှားမှ မထွက်ခွာမီ လိုက်နာရမည့် အဆင့်များစွာရှိပြီး ၎င်းတို့သည် မျှော်လင့်ထားသည့်အတိုင်း မသွားပါက၊ သင်၏ လေယာဉ်လက်မှတ်သည် ပျက်စီးသွားနိုင်သည်။

မိသားစုပြန်လည်ပေါင်းစည်းရေး

အောက်ဖော်ပြပါနိုင်ငံများသည် ဒုက္ခသည်များအတွက် မိသားစုပြန်လည်ပေါင်းစည်းရေး အခွင့်အလမ်းများကို ပေးဆောင်သည်။ သင့်တွင် အဆိုပါနိုင်ငံများတွင် ဆွေမျိုးတစ်ဦးရှိပြီး မိသားစုပြန်လည်ပေါင်းစည်းရေးအစီအစဉ်မှတစ်ဆင့် ၎င်းတို့ကိုပူးပေါင်းရာတွင် ၎င်းတို့က သင့်အား မည်သို့ကူညီပေးနိုင်သည်ကို နားလည်လိုပါက၊ နောက်ထပ်အချက်အလက်များအတွက် သက်ဆိုင်ရာနိုင်ငံအမည်ကို နှိပ်ပါ

အမေရိကန်ပြည်ထောင်စုရှိ မိသားစုပြန်လည်ပေါင်းစည်းရေးဆိုင်ရာ နောက်ထပ်အရေးကြီးသောအချက်အလက်များအတွက် ဒုက္ခသည်/ခိုလှုံခွင့်တောင်းခံသူ မိသားစု ပြန်လည်ပေါင်းစည်းရေး အချက်အလက်စာမျက်နှာသို့ ဝင်ရောက်ကြည့်ရှုပါ

ကနေဒါ၏ သီးသန့် ဒုက္ခသည်များပံ့ပိုးကူညီမှု (ပီအက်စ်အာရ်) အစီအစဉ်

ကနေဒါနိုင်ငံသားများနှင့် ၎င်းတို့၏အသိုက်အဝန်းသည် ဒုက္ခသည်များအတွက် သီးသန့်ပံ့ပိုးကူညီမှု (PSR) အစီအစဉ်မှတစ်ဆင့် ကနေဒါသို့ ပြောင်းရွှေ့နေထိုင်ရာတွင် ဒုက္ခသည်များကို ကူညီပေးနိုင်ပါသည်။ နောက်ထပ်အချက်အလက်များကို ကနေဒါအစိုးရနှင့် ယူအင်အိပ်ချ်စီအာရ်
ကနေဒါ
၏ဝဘ်ဆိုဒ်များတွင် ရရှိနိုင်ပါသည်။

ယူအင်အိပ်ချ်စီအာရ်မလေးရှား သည် “ငါးနိုင်ငံအဖွဲ့ဖြစ်သော (G5)” စပွန်ဆာ လျှောက်လွှာများအတွက် ဒုက္ခသည် အဆင့်အတန်း အထောက်အထား တောင်းခံမှုများကို လက်ခံရရှိထားပြီး၊ ယင်းတွင် ကနေဒါနိုင်ငံသား ငါးဦး သို့မဟုတ် ထို့ထက်ပိုသော အမြဲတမ်းနေထိုင်သူများသည် ကနေဒါနိုင်ငံသို့ သွားရန် ဒုက္ခသည်တစ်ဦးကို ပံ့ပိုးကူညီလျက်ရှိသည်။ ယူအင်အိပ်ချ်စီအာရ်မလေးရှား တွင် ထိုသို့သော အထောက်အထား သို့မဟုတ် စာများ မဖော်ပြထားကြောင်း ကျေးဇူးပြု၍ သတိပြုပါ။ ယင်းအစား၊ ကနေဒါအစိုးရသည် ယူအင်အိပ်ချ်စီအာရ် နှင့် တိုက်ရိုက်လုပ်ဆောင်နေသည့် G5 လျှောက်လွှာများပါရှိသည့် လူတစ်ဦးချင်းစီ၏ ဒုက္ခသည်အခြေအနေအား အတည်ပြုပါသည်။ G5 လျှောက်လွှာပုံစံကို ဖြည့်သွင်းသောအခါ၊ သင်၏ ယူအင်အိပ်ချ်စီအာရ် စာရွက်စာတမ်းမိတ္တူကို ထည့်သွင်းပါ။

USA’s Privaအမေရိကန်ပြည်ထောင်စု ၏ ပုဂ္ဂလိက ပံ့ပိုးကူညီမှု အစီအစဉ် – Welcome Corps

အနည်းဆုံး အမေရိကန် နိုင်ငံသား ငါးဦး သို့မဟုတ် အမြဲတမ်းနေထိုင်သူ အရွယ်ရောက်ပြီးသူ အုပ်စုများသည် အမေရိကန်ပြည်ထောင်စုတွင် ဒုက္ခသည်များ ပြန်လည်နေရာချထားရေးကို သီးသန့်ပံ့ပိုးကူညီရန် Welcome Corps သို့ လျှောက်ထားနိုင်ပါသည်။ သတ်သတ်မှတ်မှတ် ဒုက္ခသည်များကို ခွဲခြားရည်ညွန်းလိုသော စပွန်ဆာများသည် Refugee Eligibility Tool ကို အသုံးပြု၍ ပံ့ပိုးကူညီလိုသူများသည် U.S. Refugee Admissions Program (USRAP) သို့ လွှဲပြောင်းပေးခြင်းအတွက် အရည်အချင်းပြည့်မီနိုင်ခြေရှိမရှိ နားလည်နိုင်သည် သို့မဟုတ် လုပ်နိုင်သည် မဟုတ်ပါက ၎င်းတို့တွင် ရှိပြီးသား USRAP အမှုကိစ္စတစ်ခုရှိလျှင် ပံ့ပိုးကူညီမှုပေးပါ။

USRAP သို့ဝင်ရောက်ခွင့်နှင့် Welcome Corps မှပံ့ပိုးကူညီမှုသည် ဒုက္ခသည်များအတွက် အခမဲ့ဖြစ်သည်။ ဒုက္ခသည်များသည် သီးသန့်ပံ့ပိုးကူညီမှုကြောင့် USRAP လုပ်ဆောင်မှုတွင် အမြန် သို့မဟုတ် ဦးစားပေး ကုသမှုကို လက်ခံရရှိမည်မဟုတ်ပါ။ ငွေပေးချေမှုအတွက် တောင်းဆိုချက်များအပါအဝင် သံသယရှိသူ၊ သက်သေ သို့မဟုတ် သံသယဖြစ်ဖွယ်ရှိသော လိမ်လည်မှု သို့မဟုတ် သမာဓိရှိမှုတစ်ခုခုကို တွေ့ကြုံခံစားရပါက၊ ကျေးဇူးပြု၍ fraud@welcomecorps.org သို့ သတင်းပို့ပါ။ လိမ်လည်မှုကာကွယ်ရေးဆိုင်ရာ နောက်ထပ်မက်ဆေ့ဂျ်များအတွက် ဤနေရာ ကိုနှိပ်ပါ။

ပိုမိုသိရှိလိုပါက၊ Welcome Corps ဝဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုပါ သို့မဟုတ် အမေရိကန် နိုင်ငံခြားရေးဌာန ဝဘ်ဆိုက် တွင် ရရှိနိုင်သော သက်ဆိုင်ရာ ဗီဒီယိုများကို ကြည့်ရှုပါ။

သြစတြေးလျ၏ အထူးလူသားချင်းစာနာထောက်ထားမှုအ စီအစဉ် (အက်စ်အိတ်ခ်ျပီ, SHP)

သြစတြေးလျနိုင်ငံသားများနှင့် ၎င်းတို့၏အသိုင်းအဝိုင်းသည် Australia’s Special Humanitarian Program (SHP) မှတဆင့် သြစတြေးလျသို့ ပြောင်းရွှေ့နေထိုင်ရာတွင် ဒုက္ခသည်များကို ကူညီပေးနိုင်ပါသည်။ အပိုအချက်အလက်များကို Australianသြစတြေးလျအစိုးရ Government၏ ဝဘ်ဆိုဒ်တွင် ရရှိနိုင်ပါသည်။

ယူအန်အိတ်ခ်ျစီအာရ်မလေးရှားသည် အရည်အချင်းပြည့်မီသော ဒုက္ခသည်များကို ပံ့ပိုးကူညီမှု လုပ်ငန်းစဉ်မှတဆင့် ပံ့ပိုးပေးရန်အတွက် သြစတြေးလျ အဆင့်မြင့်ကော်မရှင် (သံရုံး)နှင့် ပုံမှန်ဆက်သွယ်မှုကိုလည်း ထိန်းသိမ်းထားပါသည်။

တတိယနိုင်ငံတွင်း ပညာရေးအခွင့်အလမ်းများ

အချို့သော ဖြည့်စွက်နည်းလမ်းများသည် ဒုက္ခသည်များအား တတိယနိုင်ငံ၌ ၎င်းတို့၏ ပညာရေးကို တိုးတက်စေပါသည်။ ယူအင်အိပ်ချ်စီအာရ် အခွင့်အလမ်းများ ပလက်ဖောင်းသည် ဒုက္ခသည်များအတွက် အဆင့်မြင့်လေ့လာမှုများ၊ ကျွမ်းကျင်မှုမြှင့်တင်ရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်မှုအတွက် အသိအမှတ်ပြုထားသော ပရိုဂရမ်များစာရင်းကို ပံ့ပိုးပေးပါသည်။ ပလက်ဖောင်းပေါ်တွင်ဖော်ပြထားသောအစီအစဉ်တိုင်းကို ယူအင်အိပ်ချ်စီအာရ် မှစစ်ဆေးပြီးဖြစ်သည်။ မလေးရှား သို့မဟုတ် အခြားနိုင်ငံများတွင် ဆက်လက်ပညာသင်ကြားရန် အခွင့်အလမ်းများကို ရှာဖွေရန် စိတ်ဝင်စားပါက ဤနေရာကို နှိပ်ပါ။

ယူအင်အိပ်ချ်စီအာရ် သည် ကျောင်းသားဗီဇာလျှောက်လွှာများကို ပံ့ပိုးမပေးကြောင်း ကျေးဇူးပြု၍ သတိပြုပါ။ အကယ်၍ သင်သည် မလေးရှားနိုင်ငံပြင်ပရှိ တက္ကသိုလ်တစ်ခုမှ လက်ခံပါက၊ သင်၏ကျောင်းသားဗီဇာကို လျှောက်ထားရန် အိမ်ရှင်နိုင်ငံရှိ သံရုံး သို့မဟုတ် အထက်တန်းကော်မရှင်ထံ ဆက်သွယ်ပါ။

လုပ်ငန်းဆိုင်ရာ ပြောင်းရွေ့ခြင်း

ထပ်ဆောင်းသော ဆက်စပ်လမ်းကြောင်းများတွင် အလုပ်သမားလွှမ်းမိုးမှုအစီအစဉ်များ ပါဝင်သည်။ ဤကိစ္စများတွင် အထူးပြုထူးခြားသောပြည်သူသည် တစ်စီနိုင်ငံမှ ကုမ္ပဏီတစ်ခုမှ အလုပ်အကိုင် အကြံပြုချက် ရရှိပြီး အဆိုပါနိုင်ငံသို့ သွားရောက်ခြင်းနှင့် ဝင်ရောက်ခြင်းအတွက် အကူအညီ ရရှိပါသည်။

နယ်နိမိတ်ကျော်စွမ်းရည် (Talent Beyond Boundaries) နှင့် TalentLift (ကနေဒါ) ကဲ့သို့သော အချို့သောအဖွဲ့အစည်းများသည် အွန်လိုင်းအလုပ်အတွေ့အကြုံပရိုဖိုင်များဖန်တီးခွင့်ပေးထားတက်ပြီး တတိယနိုင်ငံများတွင် အလုပ်လျှောက်ထားရန် ဒုက္ခသည်များအတွက် အခွင့်အလမ်းများဖန်းတီးပေးတက်ပါသည်။ ကျေးဇူးပြု၍ ဤအလုပ်ရာထူးများသည် ပြိုင်ဆိုင်မှုပြင်းထန်နိုင်သည်ကိုလည်း ဂရုပြုမှတ်ယူပါ။

နယ်နိမိတ်ကျော်စွမ်းရည် (တီဘီဘီ)

ရနိုင်သောအခွင့်အရေးများအတွက်၊ ကျေးဇူးပြု၍ နယ်နိမိတ်ကျော်စွမ်းရည်အဖွဲ့စည်း၏ အခွင့်အရေးများ စာမျက်နှာသို့ ဝင်ရောက်ကြည့်ရှုပါ။ သီးခြားအခွင့်အရေးတစ်ခုအတွက် လျှောက်ထားရန်၊ သင်သည် ပင်ကိုစွမ်းရည်စာရင်း (Talent Catalog) အတွက် စာရင်းသွင်းပြီး အခွင့်အလမ်းများ စာမျက်နှာသို့ ပြန်သွားရန် လိုအပ်ပ်လိမ့်မည်။ ကျေးဇူးပြု၍ နနယ်နိမိတ်ကျော်စွမ်းရည်၏ အွန်လိုင်းပလပ်ဖောင်းတွင်မှတ်ပုံတင်ခြင်းနှင့် တီဘီဘီ ၏ဝန်ဆောင်မှုများအား အသုံးပြုခြင်းသည် လျှောက်လွှာတင်သူအားလုံးအတွက် လုံးဝအခမဲ့ဖြစ်ကြောင်း သတိပြုမှတ်ယူပါ။

TalentLift (ကနေဒါ)

TalentLift (ကနေဒါ) သည် ဒုက္ခသည်များကို ငှားရမ်းရန် ကနေဒါအလုပ်ရှင်များအား ပံ့ပိုးပေးသည့် အကျိုးအမြတ်မယူသော နိုင်ငံတကာ လူသစ်စုဆောင်းရေးအေဂျင်စီတစ်ခုဖြစ်သည်။ ကိုယ်စားလှယ်လောင်းများသည် ကနေဒါနိုင်ငံသို့ နိုင်ငံတကာ အလုပ်အကိုင်နှင့် ကျွမ်းကျင်ဗီဇာများကို ရှာဖွေနေသည့် ကိုယ်စားလှယ်လောင်းများအဖွဲ့နှင့် ပူးပေါင်းရန် အရည်အချင်းပြည့်မီသော ပလပ်ဖောင်း တွင် စာရင်းပေးသွင်းနိုင်ပါသည်။

မှတ်ချက်– နနယ်နိမိတ်ကျော်စွမ်းရည်အဖွဲ့စည်း၏ အွန်လိုင်းပလပ်ဖောင်းတွင် မှတ်ပုံတင်ခြင်းနှင့် တီဘီဘီ ၏ဝန်ဆောင်မှုများသည် ကိုယ်စားလှယ်လောင်းအားလုံးအတွက် အခမဲ့ဖြစ်သည်။

အလုပ်သမား ရွှေ့ပြောင်းသွားလာခွင့် အခွင့်အလမ်း
သတင်းအချက်အလက်
များကို နိုင်ငံအလိုက် ဝဘ်ဆိုဒ်များတွင် ရှာတွေ့နိုင်သည်-

ဆက်စပ်လမ်းကြောင်းများနှင့်ပတ်သက်သော သတင်းအချက်အလက်များ

ဆက်စပ်လမ်းကြောင်းများအကြောင်း ၀ပ်ဘီနာ (Webinar)