ဖြည့်စွက်ပြည့်စုံရေး လမ်းကြောင်းများ

ဖြည့်စွက်ပြည့်စုံရေး လမ်းကြောင်းများဆိုသည်မှာ ဒုက္ခသည်များနှင့် ခိုလှုံခွင့်ရှာဖွေသူများအတွက် ပြန်လည်နေရာချထားရေးအပြင် တတိယနိုင်ငံသို့ ဝင်ရောက်နေထိုင်နိုင်ရန် ဘေးကင်းသောလမ်းကြောင်းများဖြစ်သည်။ နိုင်ငံတိုင်းသည် ထိုကဲ့သို့သော အခွင့်အလမ်းများမှတဆင့် လက်ခံရန် ကိုယ်ပိုင်စံနှုန်းများအား ချမှတ်ထားကြပါသည်။ ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများသည် ယူအန်အိတ်ခ်ျစီအာရ်မှ လွှဲပြောင်းပေးမှုမလိုအပ်ဘဲ တိုက်ရိုက်လျှောက်ထားနိုင်ပါသည်။ ယူအန်အိတ်ခ်ျစီအာရ်၏ အခန်းကဏ္ဍသည် စိစစ်အတည်ပြုထားသော အခွင့်အလမ်းများ၊ စံနှုန်းသတ်မှတ်ချက်များနှင့် လျှောက်ထားမှုလုပ်ငန်းစဉ်များဆိုင်ရာ သတင်းအချက်အလက်များအား ဖြန့်ချိဖြန့်ဖြူးရန်ဖြစ်သည်။ ယူအန်အိတ်ခ်ျစီအာရ်သည် လူတစ်ဦးချင်း သို့မဟုတ် လျှောက်လွှာများကို ရည်ညွှန်းလွှဲ‌ပြောင်းပေးခြင်းမလုပ်ပေးပါ။

ဤဖြည့်စွက်ပြည့်စုံလမ်းကြောင်းဆိုင်ရာအများစုသည် တတိယနိုင်ငံ၌ နေထိုင်နေပြီဖြစ်သော မိသားစုဝင်တစ်ယောက် သို့မဟုတ် သူငယ်ချင်းမှ စတင်လုပ်ဆောင်ပေးရန် လျှောက်လွှာတစ်ခု လိုအပ်ပါသည်။ အကယ်၍ သင်သည် သီးခြားလမ်းကြောင်း သို့မဟုတ် ဤအစီအစဉ်အား စိတ်ဝင်စားပါက၊ သူတို့၏ အစိုးရ သို့မဟုတ် ဒုက္ခသည်များကို အကူအညီ‌ပေးနိုင်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်း (အန်ဂျီအို) ထံ ဆက်သွယ်ရန် တတိယနိုင်ငံရှိ သင်၏အသိတစ်‌ယောက်ထံ ဆက်သွယ်၍တောင်းဆိုပါ။ လျှောက်လွှာတင်ပြီးဖြစ်ပါက သက်ဆိုင်ရာ သံရုံး/ကော်မရှင်ချုပ်ထံမှ အကူအညီတောင်းခံပါ။

မိသားစုပြန်လည်ပေါင်းစည်းရေး

အောက်ပါဖော်ပြထားသောနိုင်ငံများသည် ဒုက္ခသည်များအတွက် မိသားစုပြန်လည်ပေါင်းစည်းရေး အခွင့်အလမ်းများကို ပေးဆောင်ပါသည်။ အကယ်၍ သင့်တွင် အဆိုပါနိုင်ငံများ၌ ဆွေမျိုးတစ်ဦးတစ်‌ယောက်ရှိပြီး မိသားစုပြန်လည်ပေါင်းစည်းရေးအစီအစဉ်မှတစ်ဆင့် ပြန်လည်ပူးပေါင်းရန် သူတို့သည် သင့်အား မည်သို့ကူညီပေးနိုင်ကြောင်း နားလည်လိုပါက၊ နောက်ထပ်အချက်အလက်များအတွက် သက်ဆိုင်ရာနိုင်ငံအမည်ကို နှိပ်ပါ-

ကနေဒါ၏ သီးသန့် ဒုက္ခသည်များပံ့ပိုးကူညီမှု (ပီအက်စ်အာရ်) အစီအစဉ်

ကနေဒါနိုင်ငံသားများနှင့် သူတို့၏အဖွဲ့အစည်းသည် ဒုက္ခသည်များအတွက် သီးသန့်ပံ့ပိုးကူညီမှု (ပီအက်စ်အာရ်) အစီအစဉ်မှတစ်ဆင့် ကနေဒါသို့ ပြောင်းရွှေ့နေထိုင်နိုင်ရေးတွင် ဒုက္ခသည်များကို ကူညီပေးနိုင်‌ပေမည်။ နောက်ထပ်အချက်အလက်များကို ကနေဒါအစိုးရနှင့် ယူအန်အိတ်ခ်ျစီအာရ်က‌နေဒါ၏ ဝဘ်ဆိုဒ်များတွင် ရရှိနိုင်ပါသည်။

ယူအန်အိတ်ခ်ျစီအာရ်မလေးရှားသည် “အုပ်စု ၅စု (ဂျီ၅)” (Groups of 5, G5) စပွန်ဆာ လျှောက်လွှာများအတွက် ဒုက္ခသည် အဆင့်အတန်း အထောက်အထား တောင်းခံမှုများကို လက်ခံရရှိနေပြီဖြစ်၍၊ အကြောင်းမှာ ကနေဒါနိုင်ငံသား ငါးဦး သို့မဟုတ် ထိုထက်ပိုသော အမြဲတမ်းနေထိုင်ခွင့်ရှိသူများသည် ဒုက္ခသည်တစ်ဦးကို ကနေဒါနိုင်ငံသို့ သွားရန် ပံ့ပိုးကူညီလျက်ရှိ‌သောကြောင့်ဖြစ်သည်။ ကျေးဇူးပြု၍ ယူအန်အိတ်ခ်ျစီအာရ်မလေးရှားမှ ထိုသို့သော အထောက်အထား သို့မဟုတ် စာများ မထုတ်‌ပေးကြောင်း ဂရုပြုပါ။ ယင်းအစား၊ ကနေဒါအစိုးရသည် ယူအန်အိတ်ခ်ျစီအာရ်နှင့် တိုက်ရိုက်လုပ်ဆောင်နေသည့် ဂျီ၅ လျှောက်လွှာများပါရှိသည့် လူတစ်ဦးချင်းစီ၏ ဒုက္ခသည်အခြေအနေအား အတည်ပြုပေးပါသည်။ ‌ကျေးဇူးပြု၍ ဂျီ၅ လျှောက်လွှာပုံစံအား ဖြည့်သွင်းသည့်အခါ၊ သင်၏ ယူအန်အိတ်ခ်ျစီအာရ် စာရွက်စာတမ်းမိတ္တူအပါအဝင် ထည့်သွင်းပါ။

သြစတြေးလျ၏ အထူးလူသားချင်းစာနာထောက်ထားမှုအ စီအစဉ် (အက်စ်အိတ်ခ်ျပီ, SHP)

သြစတြေးလျနိုင်ငံသားများနှင့် သူတို့၏အဖွဲ့အစည်းများသည် သြစတြေးလျ၏ အထူးလူသားချင်းစာနာထောက်ထားမှုအစီအစဉ် (အက်စ်အိတ်ခ်ျပီ) မှတစ်ဆင့် သြစတြေးလျသို့ ပြောင်းရွှေ့နေထိုင်ရာတွင် ဒုက္ခသည်များကို ကူညီပေးနိုင်ပါသည်။ နောက်ထပ်အချက်အလက်များကို သြစတြေးလျအစိုးရ၏ ဝဘ်ဆိုဒ်တွင် ရရှိနိုင်ပါသည်။

ယူအန်အိတ်ခ်ျစီအာရ်မလေးရှားသည် အရည်အချင်းပြည့်မီသော ဒုက္ခသည်များကို ပံ့ပိုးကူညီမှု လုပ်ငန်းစဉ်မှတဆင့် ပံ့ပိုးပေးရန်အတွက် သြစတြေးလျ အဆင့်မြင့်ကော်မရှင် (သံရုံး)နှင့် ပုံမှန်ဆက်သွယ်မှုကိုလည်း ထိန်းသိမ်းထားပါသည်။

တတိယနိုင်ငံတွင်း ပညာရေးအခွင့်အလမ်းများ

အချို့သော ဖြည့်စွက်ပြည့်စုံ‌ရေး လမ်း‌ကြောင်းများသည် ဒုက္ခသည်များအတွက် တတိယနိုင်ငံ၌ မိမိတို့၏ ပညာရေးကို တိုးတက်စေသော အခွင့်အ‌ရေးများဖြစ်ပေါ်စေပါသည်။ ယူအန်အိတ်ခ်ျစီအာရ်၏ အခွင့်အလမ်းများပလက်ဖောင်းသည် ဒုက္ခသည်များအတွက် အဆင့်မြင့်ပညာသင်ယူမှုများ၊ ကျွမ်းကျင်မှုမြှင့်တင်ရေးနှင့် ကျွမ်းကျင်ဖွံ့ဖြိုးတိုးတက်မှုအတွက် အသိအမှတ်ပြုထားသော ပရိုဂရမ်များစာရင်းကို ပံ့ပိုးပေးထားပါသည်။ ပလက်ဖောင်းပေါ်တွင်ဖော်ပြထားသောအစီအစဉ်တိုင်းသည် ယူအန်အိတ်ခ်ျစီအာရ်မှ စစ်ဆေးထားပြီးဖြစ်ပါသည်။ မလေးရှား သို့မဟုတ် အခြားနိုင်ငံများတွင် ဆက်လက်ပညာသင်ကြားရန် အခွင့်အလမ်းများ ရှာဖွေရန် စိတ်ဝင်စားပါက ဤနေရာကို နှိပ်ပါ။

ကျေးဇူးပြု၍ ယူအန်အိတ်ခ်ျစီအာရ်သည် ကျောင်းသားဗီဇာလျှောက်လွှာများအတွက် ပံ့ပိုးမပေးကြောင်း ဂရုပြုပါ။ အကယ်၍ သင်သည် မလေးရှားနိုင်ငံပြင်ပရှိ တက္ကသိုလ်တစ်ခုမှ လက်ခံထားခြင်းရှိပါက၊ သင်၏ကျောင်းသားဗီဇာကို လျှောက်ထားရန် အိမ်ရှင်နိုင်ငံရှိ သံရုံး သို့မဟုတ် အထက်တန်းကော်မရှင်ထံ ကျေးဇူးပြု၍ ဆက်သွယ်ပါ။

လုပ်ငန်းဆိုင်ရာ ပြောင်းရွေ့ခြင်း

နောက်ဆက်တွဲဖြည့်စွက်လမ်းကြောင်းများတွင် အလုပ်သမားရွှေ့ပြောင်းရေးအစီအစဉ်များပါဝင်သည်။ ထိုသို့သောအခြေအနေမျိုးတွင်၊ ဒုက္ခသည်တစ်ဦးသည် တတိယနိုင်ငံရှိ ကုမ္ပဏီတစ်ခုမှ အလုပ်အကိုင်ကမ်းလှမ်းမှုကို ရရှိခြင်းဖြစ်ပြီး ထိုနိုင်ငံသို့ ခရီးသွားရန်နှင့် ဝင်ရောက်ရန် ပံ့ပိုးကူညီမှုအပါအဝင် ရရှိခြင်းဖြစ်ပါသည်။

နယ်နိမိတ်ကျော်စွမ်းရည် (Talent Beyond Boundaries) နှင့် TalentLift (ကနေဒါ) ကဲ့သို့သော အချို့သောအဖွဲ့အစည်းများသည် အွန်လိုင်းအလုပ်အတွေ့အကြုံပရိုဖိုင်များဖန်တီးခွင့်ပေးထားတက်ပြီး တတိယနိုင်ငံများတွင် အလုပ်လျှောက်ထားရန် ဒုက္ခသည်များအတွက် အခွင့်အလမ်းများဖန်းတီးပေးတက်ပါသည်။ ကျေးဇူးပြု၍ ဤအလုပ်ရာထူးများသည် ပြိုင်ဆိုင်မှုပြင်းထန်နိုင်သည်ကိုလည်း ဂရုပြုမှတ်ယူပါ။

နယ်နိမိတ်ကျော်စွမ်းရည် (တီဘီဘီ)

ရနိုင်သောအခွင့်အရေးများအတွက်၊ ကျေးဇူးပြု၍ နယ်နိမိတ်ကျော်စွမ်းရည်အဖွဲ့စည်း၏ အခွင့်အ‌ရေးများ စာမျက်နှာသို့ ဝင်ရောက်ကြည့်ရှုပါ။ သီးခြားအခွင့်အရေးတစ်ခုအတွက် လျှောက်ထားရန်၊ သင်သည် ပင်ကိုစွမ်းရည်စာရင်း (Talent Catalog) အတွက် စာရင်းသွင်းပြီး အခွင့်အလမ်းများ စာမျက်နှာသို့ ပြန်သွားရန် လိုအပ်ပ်လိမ့်မည်။ ကျေးဇူးပြု၍ နနယ်နိမိတ်ကျော်စွမ်းရည်၏ အွန်လိုင်းပလပ်ဖောင်းတွင်မှတ်ပုံတင်ခြင်းနှင့် တီဘီဘီ ၏ဝန်ဆောင်မှုများအား အသုံးပြုခြင်းသည် လျှောက်လွှာတင်သူအားလုံးအတွက် လုံးဝအခမဲ့ဖြစ်ကြောင်း သတိပြုမှတ်ယူပါ။

TalentLift (ကနေဒါ)

TalentLift (ကနေဒါ)သည် ဒုက္ခသည်များကို ငှားရမ်းရန် ကနေဒါအလုပ်ရှင်များအား ပံ့ပိုးပေးသည့် အကျိုးအမြတ်မယူသော နိုင်ငံတကာ လူသစ်စုဆောင်းရေးအေဂျင်စီတစ်ခုဖြစ်သည်။ လျှောက်လွှာတင်ထား‌သောသူများသည် ကနေဒါနိုင်ငံသို့ နိုင်ငံတကာ အလုပ်အကိုင်နှင့် ကျွမ်းကျင်ဗီဇာများကို ရှာဖွေနေသည့် လျှောက်လွှာတင်သူများအုပ်စုနှင့် ပူးပေါင်းရန် အရည်အချင်းပြည့်မီသော ပလပ်ဖောင်းတွင် စာရင်းပေးသွင်းနိုင်ပါသည်။

မှတ်ချက်– နနယ်နိမိတ်ကျော်စွမ်းရည်အဖွဲ့စည်း၏ အွန်လိုင်းပလပ်ဖောင်းတွင် မှတ်ပုံတင်ခြင်းနှင့် တီဘီဘီ ၏ဝန်ဆောင်မှုများသည် ကိုယ်စားလှယ်လောင်းအားလုံးအတွက် အခမဲ့ဖြစ်သည်။

နိုင်ငံ၏ သီးသန့်ဝဘ်ဆိုဒ်များတွင် အလုပ်သမား ရွှေ့ပြောင်းသွားလာရေးဆိုင်ရာ အခွင့်အလမ်းများ ပိုမိုရှာဖွေတွေ့ရှိနိုင်ပါသည်။