ကျား/မ(လိင်)အခြေပြုအကြမ်းဖက်မှု။

ကျား-မ(လိင်)အခြေပြု အကြမ်းဖက်မှုဆိုသည်မှာ အဘယ်နည်း။

ကျားမအခြေပြု အကြမ်းဖက်မှု (GBV) သည် ၎င်းတို့၏ လိင်ကြောင့် တစ်စုံတစ်ဦးကို ထိခိုက်နစ်နာစေပါသည်။ ၎င်းတွင် အင်အားသုံး၊ ခြိမ်းခြောက်မှု၊ လိမ်လည်မှု၊ ယဉ်ကျေးမှုဆိုင်ရာ ဖိအားများ သို့မဟုတ် ငွေကြေးများ ပါဝင်နိုင်သည်။ အများအားဖြင့် မိန်းကလေးများနှင့် အမျိုးသမီးများသည် GBV ၏ သားကောင်များဖြစ်သည်။ သို့သော် LGBTIQ+ လူများ၊ ယောက်ျားလေးများနှင့် အမျိုးသားများသည်လည်း သားကောင်များဖြစ်နိုင်သည်။ လိင်နှင့် ကျားမအခြေပြု အကြမ်းဖက်မှု အမျိုးအစားအားလုံးသည် တစ်စုံတစ်ဦး၏ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ပါသည်။ အဆိုပါ လုပ်ရပ်အများစုသည် ရာဇ၀တ်မှုများဖြစ်ပြီး မလေးရှားဥပဒေအရ အပြစ်ပေးခံရနိုင်သည်။

ကျား/မ အခြေပြု အကြမ်းဖက်မှုပုံစံများ

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ဟူသည်မှာ ကျူးလွန်ခံရသူ၏သဘောဆန္ဒမပါဘဲ ပြုမူသည့် မည်သည့်လိင်ပိုင်းဆိုင်ရာ လုပ်ရပ်မဆိုဖြစ်သည်။ ၎င်းတွင် မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ နှောင့်ယှက်မှု၊ ခေါင်းပုံဖြတ်မှု၊ အဓမ္မ ပြည့်တန်ဆာမှုတို့ ပါဝင်သည်။ လူတစ်ဦးမှ လိင်ပိုင်းဆိုင်ရာ လုပ်ရပ်ကို သဘောမတူပါက လင်နှင့်မယားကြားတွင် ထိုသို့ဖြစ်နိုင်သည်။ ကလေး (အသက် ၁၈ နှစ်အောက်) နှင့် လိင်ပိုင်းဆိုင်ရာ ပြုမူခြင်းသည်လည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်သည်။ ကလေးရဲ့ ကြီးထွားမှုနဲ့ ကျန်းမာရေးကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်စေပါတယ်။i

ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဆိုသည်မှာ တစ်စုံတစ်ဦးအား ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်စေမှု ဥပမာ- ရိုက်နှက်ခြင်း၊ လက်သီးထိုးခြင်း၊ ပြင်းထန်စွာ ဒဏ်ရာရစေခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းတို့ ဖြစ်သောအခါ။ စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများနှင့် တစ်ချိန်တည်းတွင် ဖြစ်ပွားလေ့ရှိသည်။

စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုသည်မှာ တစ်စုံတစ်ဦးကို စော်ကားခြင်း သို့မဟုတ် နှုတ်ဖြင့် အလွဲသုံးစားလုပ်ခြင်း ဖြစ်သည်။ ဥပမာဆိုရသော် ပျော့ညံ့သူဟု ခေါ်ဝေါ်ခြင်း သို့မဟုတ် မိန်းမဖြစ်သောကြောင့် ကျိန်ဆဲခြင်းခံရပေမည်။ ဆိုလိုသည်မှာ လူတစ်ဦးအား ၎င်းတို့၏ သူငယ်ချင်းများနှင့် မိသားစုများနှင့် ဝေးဝေးတွင်ထားရန် သို့မဟုတ် ၎င်းတို့သွားနိုင်သည့်နေရာကို ကန့်သတ်ထားခြင်းမျိုး ဖြစ်နိုင်သည်။

လူမှုစီးပွားဆိုင်ရာအကြမ်းဖက်မှု ဆိုသည်မှာ လူတစ်ဦးသည် ပုံမှန်နေ့စဉ်လုပ်ငန်းဆောင်တာများ ပြုမူဆောင်ရွက်ခြင်းမှ ရပ်စဲခံရခြင်း ဥပမာ မိန်းကလေး ကျောင်းတက်ခွင့်မရှိခြင်း သို့မဟုတ်အမျိုးသမီးများကို ကျန်းမာရေးစောင့်ရှောက်မှု ရပ်တန့်လိုက်ခြင်း သို့မဟုတ် အလုပ် မှရပ်နားစေခြင်းမျိုးတို. ဖြစ်ပါသည်။

အိမ်တွင်းအကြမ်းဖက်မှု မိသားစုဝင်တစ်ဦးမှ အခြားမိသားစုဝင်တစ်ဦးမှ ထိခိုက်နစ်နာစေခြင်းမျိုးဖြစ်ပါသည်။ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ နှုတ်ဖြင့် သို့မဟုတ် စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုများ ဖြစ်နိုင်သည်။ မိဘ၊ အိမ်ထောင်ဖက်၊ လက်တွဲဖော်၊ လက်တွဲဖော်ဟောင်း၊ အတူနေထိုင်သည်ဖြစ်စေ မရှိသည်ဖြစ်စေ ကျူးလွန်နိုင်ပါသည်။

အန္တရာယ်ရှိသော(ထိခိုက်စေသော)အလေ့အထများတွင် အမျိုးသမီးအရေဖျားလှီးဖြတ်ခြင်း၊ ဂုဏ်ပြုသတ်ဖြတ်ခြင်း၊ လင်မယားချင်းအိမ်ထောင်ပြုခြင်း (လူတစ်ဦးထက်ပိုသောအိမ်ထောင်ပြုခြင်း)၊ ကလေးလက်ထပ်ခြင်း (အသက် ၁၈ နှစ်အောက်မည်သူမဆို) နှင့် အတင်းအကြပ်လက်ထပ်ခြင်းများ ပါဝင်သည်။

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် အလွဲသုံးစားမှု အစီရင်ခံနည်း။

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းနှင့် အလွဲသုံးစားလုပ်ခြင်းများသည် ကုလသမဂ္ဂနှင့် အင်ဂျီအို(NGO) လုပ်ဖော်ကိုင်ဖက်များ၏ ဝန်ထမ်းများအားလုံးအတွက် တားမြစ်ထားပီး လက်ခံနိုင်ဖွယ်မရှိသော အပြုအမူများဖြစ်သည်။

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုဆိုသည်မှာ အဘယ်နည်း။

လိင်ပိုင်းဆိုင်ရာ ရည်ရွယ်ချက်များအတွက် အားနည်းချက်(အန္တရယ်ရှိသောအခြေအနေ)၊ အာဏာပါဝါမညီမျှမှု သို့မဟုတ် ယုံကြည်မှုကိုအမှန်တကယ် သို့မဟုတ် အလွဲသုံးစားလုပ်ရန် ကြိုးပမ်းခြင်း။ ဥပမာအားဖြင့်၊ ဒုက္ခသည်ကလေးငယ်တစ်ဦးအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်ရန် အတင်းအကြပ်ခိုင်းစေသော ဆရာတစ်ဦး သို့မဟုတ် ဒုက္ခသည်တစ်ဦးမှ လိင်ဆက်ဆံခြင်းမပြုပါက မရှိမဖြစ် အရေးတကြီးလိုအပ်နေသော ဝန်ဆောင်မှုများကို မပေးဆောင်ခြင်း။ လူကုန်ကူးမှုနှင့် ပြည့်တန်ဆာတို့လည်း ပါဝင်သည်။

လိင်ပိုင်းဆိုင်ရာအလွဲသုံးစားမှုဆိုသည်မှာ အဘယ်နည်း။

အမှန်တကယ် သို့မဟုတ် ခြိမ်းခြောက်သည့် လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုမှန်သမျှသည် အတင်းအကြပ် သို့မဟုတ် မညီမျှသော သို့မဟုတ် ဘေးကြပ်နံကြပ်ဖြစ်သောအခြေအနေများအောက်တွင် လုပ်ဆောင်သည်။ ၎င်းတွင် မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု သို့မဟုတ် နှုတ်ဖြင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ပါဝင်သည်။

အမျိုးသား၊ အမျိုးသမီး၊ ယောက်ျားလေး၊ မိန်းကလေး ကျားမ မခွဲခြားဘဲ လိင်စိတ်တိမ်းညွတ်မှု သို့မဟုတ် မသန်စွမ်းသူများ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း နှင့် အလွဲသုံးစားပြုခြင်းများသည် မည်သည့်အသက်အရွယ်မဆို မည်သူမဆို မည်သည့်အခြေအနေတွင်မဆို ဖြစ်ပွားနိုင်သည်

ကုလသမဂ္ဂ၏ ကျင့်ဝတ်စံနှုန်းများကို လိုက်နာသော ယူအန်အိပ်ချ်စီအာရ် ၀န်ထမ်းများနှင့် အစိုးရအဖွဲ့အစည်းမဟုတ်သော(NGO)မိတ်ဖက်အဖွဲ့အစည်းများမှ ဝန်ထမ်းများသည် လုံး၀မပါ၀င်ရပါ။

  • ငွေကြေး၊ အလုပ်အကိုင်၊ ဦးစားပေး ဆက်ဆံမှု၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများအတွက် မည်သူနှင့်မဆို လိင်ဆက်ဆံမှုတွင် ပါဝင်ခြင်း။
  • အသက် ၁၈ နှစ်အောက် မည်သူနှင့်မဆို လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွင် ပါဝင် ခြင်း။
  • လိင်ပိုင်းဆိုင်ရာ အရှက်ရစေသော၊ ချိုးနှိမ်သော သို့မဟုတ် အမြတ်ထုတ်သည့် အပြုအမူ၏ အခြားပုံစံတစ်ခုခုကို ပြုလုပ်ခြင်း။

ယူအင်အိပ်ချ်စီအာရ်၊ယူအန်နှင့်အန်ဂျီအိုလုပ်ဖော်ကိုင်ဖက်များ၏ ဝန်ထမ်း သို့မဟုတ် ဒုက္ခသည် သင်ကြားရေးစင်တာများ သို့မဟုတ်ကွန်မြူနီတီအခြေပြုအဖွဲ့အစည်းများမှ ဝန်ထမ်းများ၏ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် အလွဲသုံးစားပြုမှု ဖြစ်နိုင်ချေကို သိရှိ၊ စိုးရိမ်မှုများ သို့မဟုတ် သံသယများ ရှိနေပါက၊ ဤအရာကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် အလွဲသုံးစားပြုမှု အစီရင်ခံစာများကို လက်ခံရရှိရာတွင် ယူအင်အိပ်ချ်စီအာရ်၏ မိတ်ဖက်ဖြစ်သောအမျိုးသမီး အကူအညီပေးရေးအဖွဲ့ ထံ တိုက်ရိုက် သတင်းပို့ပါ။

  • အမျိုးသမီးရေးရာ အဖွဲ့အစည်းဖုန်းလိုင်း: +603 3000 8858 (တနင်္လာ မှ သောကြာ – နံနက် ၉ နာရီမှ ညနေ ၅ နာရီ၊ စနေမှ နေ – နံနက် ၈ နာရီမှ ညနေ ၄ နာရီ)
  • စာတိုပေးပို့ခြင်း(SMS)/ ၀က်စ်အပ် (WhatsApp) TINA: +6018 988 8058 (၂၄ နာရီ)

ယူအင်အိပ်ချ်စီအာရ်ရုံးချုပ်ရှိယူအင်အိပ်ချ်စီအာရ် စစ်ဆေးရေးမှူးချုပ်ရုံး (IGO) သို့လည်း သင် တိုက်ရိုက်အစီရင်ခံတိုင်ကြားနိုင်ပါသည်။

အစီရင်ခံစာတင်ပြသည့်အခါ ပါ၀င်သင့်သည့်အရာ

  1. ဘာကိစ္စ ဖြစ်ပျက်ခဲ့သနည်း။
      • အဖြစ်အပျက် (များ) အကြောင်း သင်သိထားသည်များကို အသေးစိတ်ဖော်ပြပါ။
  2. ဘယ်သူ ကအမှုကို ဘယ်သူကျူးလွန်ခဲ့သလဲ။
      • ဖြစ်နိုင်ပါက အမည်အပြည့်အစုံ၊ အလုပ်ခေါင်းစဉ်များနှင့် အဖွဲ့အစည်းနှင့် အခြားပါဝင်ပတ်သက်မှုဆိုင်ရာ အချက်အလက်များကို တင်ပြပေးပါ။
  3. မည်သည့်အချိန် နှင့် နေရာ တွင် အခင်းဖြစ်ပွားခဲ့သနည်း။
      • ဖြစ်နိုင်ပါက ရက်စွဲများနှင့် အချိန်များကို ထည့်သွင်းပါ။

သင့်အစီရင်ခံစာကို ဆုံးဖြတ်ချက်ဖြင့် ကိုင်တွယ်ကာ တင်းကြပ်စွာလျှို့ဝှက်ထားမည်ဖြစ်ပြီး သင်၏ ယူအင်အိပ်ချ်စီအာရ် အမှုကိစ္စအပေါ် ထိခိုက်စေမည်မဟုတ်ပါ။ ရာဇ၀တ်မှုကျူးလွန်ပါက ရဲစခန်းသို့တိုင်ကြားနိုင်သည်။ တိုင်ကြားသူနှင့် သတင်းပေးသူအားလုံးကို ပံ့ပိုးကူညီမှုဝန်ဆောင်မှုများနှင့် အကူအညီများဖြင့် ချိတ်ဆက်ပေးမည်ဖြစ်သည်။

ယူအင်အိပ်ချ်စီအာရ် သည် အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အတင်းအကြပ် သို့မဟုတ် ကလေးလက်ထပ်မှု၊ နှောင့်ယှက်မှု၊ သို့မဟုတ် လူကုန်ကူးမှုကဲ့သို့သော လိင်အခြေခံအကြမ်းဖက်မှု (GBV) ကြုံဖူးသည့် ဒုက္ခသည် သို့မဟုတ် ခိုလှုံခွင့်တောင်းခံသူတိုင်းကို ပံ့ပိုးကူညီရန် ကြိုးပမ်းသည်။ အကယ်၍ သင် သို့မဟုတ် သင်သိသော တစ်စုံတစ်ယောက်သည်လိင်အခြေပြုအကြမ်းဖက်မှု (GBV) အကူအညီ လိုအပ်ပါက၊ ကျေးဇူးပြု၍ အောက်ဖော်ပြပါ ယူအင်အိပ်ချ်စီအာရ် မိတ်ဖက်များထဲမှ တစ်ဦးထံ ဆက်သွယ်ပါ။

မိတ်ဖက်အဖွဲ့အစည်းများ

Organisation Women’s Aid Organisation (WAO) International Catholic Migration Commission (ICMC) Médecins Sans Frontières (MSF) Cahaya Surya Bakti
Details Area: Klang Valley, Kedah and Johor

Language: English, Bahasa Malaysia, Burmese, Hakha, Tedim, Falam, Zaniat, Mizo, Kachin, Rohingya, Somali, Arabic, Swahili, Persian and Dari Area: Klang Valley, Penang, Perak and Kedah

Language: Rohingya, Burmese, Arabic, Somali

Operating Hours: 9.00am-9.00pm, Monday to Sunday Area: Penang

Language: English, Bahasa Malaysia, Rohingya, Burmese

Operating Hours: 9.00am-10.00pm, Monday to Sunday Area: Johor

Language: English, Malay and Rohingya

Operating Hours: 8.30am-4.30pm, Monday-Friday

Services Case management, assistance making police report, connecting with medical aid, mental health support, shelter Case management, mental health and psychosocial support services, shelter, referrals to appropriate services Clinical case management, mental health and psychosocial support services, referrals to appropriate services Case management and referrals to appropriate services
Women’s Aid Organisation (WAO) International Catholic Migration Commission (ICMC) Médecins Sans Frontières (MSF) Cahaya Surya Bakti
Details

Area: Klang Valley, Kedah and Johor

Language: English, Bahasa Malaysia, Burmese, Hakha, Tedim, Falam, Zaniat, Mizo, Kachin, Rohingya, Somali, Arabic, Swahili, Persian and Dari Area: Klang Valley, Penang, Perak and Kedah

Language: Rohingya, Burmese, Arabic, Somali

Operating Hours: 9.00am-9.00pm, Monday to Sunday Area: Penang

Language: English, Bahasa Malaysia, Rohingya, Burmese

Operating Hours: 9.00am-10.00pm, Monday to Sunday Area: Johor

Language: English, Malay and Rohingya

Operating Hours: 8.30am-4.30pm, Monday-Friday

Services

Case management, assistance making police report, connecting with medical aid, mental health support, shelter Case management, mental health and psychosocial support services, shelter, referrals to appropriate services Clinical case management, mental health and psychosocial support services, referrals to appropriate services Case management and referrals to appropriate services

အစိုးရ ဝန်ဆောင်မှုများ

ရဲတပ်ဖွဲ့

သင့်တွင် မည်သည့်ခြိမ်းခြောက်မှု သို့မဟုတ် လိင်အခြေပြုအကြမ်းဖက်မှု(GBV) ဖြစ်ရပ်ကိုမဆို ရဲစခန်းတွင် သတင်းပို့ပိုင်ခွင့်ရှိသည်။ ရဲစခန်းအစီရင်ခံချက်ပြုလုပ်သောအခါတွင် သင်၏သက်သေခံစာရွက်စာတမ်းများကို ယူဆောင်လာရန် မမေ့ပါနှင့်။

ရဲအစီရင်ခံစာများကို မလေးဘာသာစကား သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့်သာ ပြုလုပ်နိုင်သည်။ အစီရင်ခံစာတွင် ဖြစ်ပျက်ခဲ့သည့် နေ့ရက်နှင့် အချိန်၊ ဖြစ်ပျက်ခဲ့သည့် နေရာနှင့် အကြမ်းဖက်မှုကို ဘယ်သူက ကျူးလွန်ခဲ့ကြောင်း အသေးစိတ်အချက်အလက်များ ပါဝင်မည်ဖြစ်သည်။ မလေးဘာသာစကား သို့မဟုတ် အင်္ဂလိပ်စကား မပြောတတ်ပါက၊ သင်၏ အစီရင်ခံစာကို မလေးဘာသာစကား သို့မဟုတ် အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဆိုရန် သင်ယုံကြည်ရသော တစ်စုံတစ်ဦးကို ခေါ်ဆောင်ရန် ကြိုးစားပါ။

အမျိုးသမီးအဖွဲ့အစည်း(WAO)ကဲ့သို့သော ယူအင်အိပ်ချ်စီအာရ် မိတ်ဖက်အဖွဲ့အစည်းများသည်ရဲ အစီရင်ခံစာကို မည်သို့ပြုလုပ်ရမည်ကို ပိုမို၍နားလည်သိရှိနိုင်ကြပါသည်။ အစီရင်ခံစာမတင်မီ WAOထံသို့ အောက်ပါနံပါတ်များဖြင့် 03-3000-8858(ဖုန်းခေါ်နိုင်ပြီး) သို့မဟုတ် WhatsApp 018-988-8058 သို့စာတို ပေးပို့ခြင်းဖြင့် တိုင်ကြားရန် လိုအပ်သည်များကိုစုံစမ်းနိုင်ပါသည်။ WAO ဝဘ်ဆိုဒ်တွင် မုဒိမ်းမှု သို့မဟုတ် လိင်ပိုင်းဆိုင်ရာစော်ကားခံရသူများ သို့မဟုတ် အိမ်တွင်းအကြမ်းဖက်မှု တွင်မည်သို့လုပ်ဆောင်နိုင်သည်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်သော်လည်း အချက်အလက်မှာ အင်္ဂလိပ်ဘာသာဖြင့်သာ ဖြစ်သည်။

တစ်နေရာတည်းတွင် အကျပ်အတည်းများကို ဖြေရှင်းပေးနိုင်သောစင်တာ (OSCC)

တစ်နေရာတည်း အရေးပေါ် ပြုပြင်စောင့်ရှောက်ရေး စင်တာ(One Stop Crisis Center) များသည် အစိုးရဆေးရုံအများစု၏ အရေးပေါ်ဌာနတွင် တည်ရှိသည်။ လိင်အခြေပြုအကြမ်းဖက်မှု(GBV) အကြမ်းဖက်မှုမှ လွတ်မြောက်သူများသည် OSCC သို့ချဉ်းကပ်သော ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှု၊ ဆေးကုသမှုနှင့် လိင်မှတဆင့်ကူးစက်သောရောဂါများအတွက် စမ်းသပ်မှုတို့ကို ခံယူနိုင်သည်။ OSCC သည် သင့်အား ရဲ၊ နေရာထိုင်ခင်း၊ အကြံပေးဝန်ဆောင်မှုများနှင့် ချိတ်ဆက်ရာတွင်လည်း ကူညီပေးနိုင်ပါသည်။

OSCC၏ ဝန်ဆောင်မှုများနှင့်ပါတ်သက်သော အချက်အလက်များကို အမျိုးသမီးရေးရာ အဖွဲ့အစည်း(WAO)ဝက်ဘ်ဆိုက်တွင် ရရှိနိုင်သော်လည်း ၎င်းတို့သည် အင်္ဂလိပ်ဘာသာဖြင့်သာ ဖြစ်သည်။

ကျား-မ(လိင်)အခြေပြု အကြမ်းဖက်မှုဆိုင်ရာ သတင်းအချက်အလက်များ

လိင်အခြေပြု အကြမ်းဖက်မှု၀က်ဘီနာ(အွန်လိုင်းသင်တန်း)