မိမိဆန္ဒအလျောက် ပြန်ခြင်း
ယူအန်အိတ်ခ်ျစီအာသည် မလေးရှားနိုင်ငံမှ ထွက်ခွာရန်လုပ်ထုံးလုပ်နည်းများဆိုင်ရာ အဆင့်ဆင့်ရှိသောလမ်းညွှန်ချက်များနှင့် လိုအပ်သောစာရွက်စာတမ်းဖြစ်သည့် မိမိဆန္ဒအလျောက်နေရပ်ပြန်ရေးဖောင် (VRF) မှ နေရပ်ပြန်ရန်ရည်ရွယ်ထားသော နိုင်ငံအခြေနေ အချက်အလက်များအား ပံ့ပိုးပေးခြင်းဖြင့် ယူအန်အိတ်ခ်ျစီအာသည် မိမိဆန္ဒအလျောက်နေရပ်ပြန်ခြင်း သို့မဟုတ် နေရပ်ပြန်ပို့ပေးခြင်းတို့ကို ဆောင်ရွက်ပေးပါသည်။
ယူအန်အိတ်ခ်ျစီအာ နှင့် ဆက်သွယ်ပါ။
အကယ်၍ သင်သည်ယူအင်အိပ်ချ်စီအာရ် နှင့် မှတ်ပုံတင်ထားပြီး သင့်နိုင်ငံသို့ ပြန်သွားလိုပါက ဆက်သွယ်ရေးပုံစံကို ဖြည့်စွက်ခြင်းဖြင့် ပြန်သွားရန် ယူအန်အိပ်ခ်ျစီအာကို အသိပေးနိုင်ပါသည်။
သင်၏ နေရပ်ပြန်လိုသော ရည်ရွယ်ချက်ဖောင်အား လက်ခံရရှိပြီးနောက်၊ ယူအန်အိတ်ခ်ျစီအာရှိ တာရှည်ခံဖြေရှင်းပေးရေးယူနစ် (DSU) သည် သင့်ဆန္ဒအလျောက် နေရပ်ပြန်ပို့ရေးနှင့်ဆိုင်သော အကြံဉာဏ်ရရှိရန်အတွက် ရက်ချိန်းပေးရန် သင့်ထံ ဆက်သွယ်ပါမည်။ အကြံဉာဏ်ပေးသည့်အပိုင်းအတွင်း၊ သင့်ဇာတိနိုင်ငံအခြေအနေနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ထွက်ပေါက်လုပ်ထုံးလုပ်နည်းများအပါအဝင် သင့်ဆန္ဒအလျောက်ပြန်လာပါက သင့်ဇာတိနိုင်ငံသို့ ပြန်လာမည်ဆိုသည်ကို အသိပေးသည့် ဆုံးဖြတ်ချက်တစ်ခုသို့ ရောက်ရှိစေရန် ကူညီပေးမည့် အချက်အလက်များကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။
ကျေးဇူးပြု၍ သင့်ဆန္ဒအလျောက် နေရပ်ပြန်ရန် ဆွေးနွေးအကြံဉာဏ်ပေးသည့်အပိုင်း မတက်ရောက်မှီ ကြိုတင်လေယာဉ်လက်မှတ်ဝယ်ယူခြင်းအား မလုပ်ပြုပါနှင့်။ ကြိုတင်လေယာဉ်လက်မှတ်ပိုင်ဆိုင်ခြင်းသည် ယူအန်အိတ်ခ်ျစီအာ နှင့် တိုင်ပင်ဆွေးနွေးခြင်းအတွက် ရက်ချိန်အမြန်ရစေရန် အထောက်အကူမပြုပါ။
ဆန္ဒအလျောက် နေရပ်ပြန်ခြင်း ဆိုင်ရာသတင်းအချက်အလက်များ
ဆန္ဒအလျောက်-နေရပ်ပြန်ခြင်း ဆိုင်ရာ၀က်ဘီနာ(အွန်လိုင်းသင်တန်း)
မေးခွန်းများ ရှိပါသလား။
ပိုမိုသိရှိလိုပါက၊ ကျေးဇူးပြု၍ ဆန္ဒ အလျောက်နေရပ်ပြန်အတွက် အမေးများသောမေးခွန်းများနှင့် (အမေးမေး) (FAQ) တိုင်ပင်အကြံညဏ်ရယူပါ။