ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူအားလုံးသည် အောက်ဖော်ပြပါ တောင်းဆိုမှုများ အပါအဝင် မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသော မေးခွန်းများအတွက် မှတ်ပုံတင်ခြင်းဆိုင်ရာ အရေးပေါ်လိုင်းကို ဆက်သွယ်နိုင်သည်။
- မွေးကင်းစကလေး ထည့်သွင်းခြင်း
- အိမ်ထောင်ဖက် ထည့်သွင်းခြင်း
- မိသားစုဝင်များ ထည့်သွင်းခြင်း
- စာရွက်စာတမ်းများ ပျောက်ဆုံးခြင်း
- ဖုန်းနံပါတ်များနှင့် လိပ်စာအသစ်များ အသိပေးခြင်း
အထက်ဖော်ပြပါ တောင်းဆိုချက်များအား ဒုက္ခသည် မလေးရှား ဝက်ဘ်ဆိုက် ဆက်သွယ်ရန် စာမျက်နှာ https://refugeemalaysia.org/contact/ မှတဆင့်လည်း ပြုလုပ်နိုင်သည်။
ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများအား ၎င်းတို့၏ ဖုန်းနံပါတ်များကို စာတို(SMS) သို့မဟုတ် အွန်လိုင်းအဆက်အသွယ်ပုံစံမှတဆင့် ပြောင်းလဲအသိပေးရန် ဆက်လက် တိုက်တွန်းလိုသည်။ စာတို(SMS) မှ ဖုန်းနံပါတ်များ ပြောင်းလဲအသိပေးခြင်း လမ်းညွှန်ချက်အတွက် ဒုက္ခသည် မလေးရှား ဝက်ဘ်ဆိုက် https://www.refugeemalaysia.org/update-number/ သို့ ကျေးဇူးပြု၍ ဝင်ရောက်လေ့လာပါ။
ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများသည် ယူအန်အိတ်ချ်စီအာရုံးသို့ ရက်ချိန်းမပါဘဲ မလာကြရန် သတိပေး နှိုးဆော်အပ်ပါသည်။ ရုံးသို့ လာရောက်ပြီး ရက်ချိန်းမရှိသူများအား ချက်ချင်း ပြန်ခိုင်းမည် ဖြစ်သည်။
မှတ်ပုံတင်ခြင်းဆိုင်ရာ အရေးပေါ်လိုင်း
ဆက်သွယ်ရန်ဖုန်းနံပါတ် – ၀၁၇-၆၁၄၃ ၈၁၀
ရုံးဖွင့်ချိန် – နံနက် ၈ နာရီမှ ညနေ ၄ နာရီ၊ တနင်္လာနေ့မှ သောကြာနေ့။