ကျေးဇူးပြု၍ သင့်ဖုန်းနံပါတ်ကို ယူအန်အိတ်ခ်ျစီအာ၌ အပ်ဒိတ်လုပ်ထားပြီးဖြစ်ကြောင်း သေချာပါစေ။ အကြောင်းမှာ ယူအန်အိတ်ခ်ျစီအာသည် ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများထံသို့ ချိန်းဆိုမှုများနှင့် အမှုတွဲများလုပ်ဆောင်ခြင်းအတွက် အချိန်ဇယားဆွဲပေးရန် ဆက်သွယ်ခေါ်ဆိုမှုများနှင့် အဲစ်အဲမ်အဲစ် (SMS) မက်ဆေ့ချ်ပို့ပေးခြင်းမျာအား ထိရောက်စွာ လုပ်ဆောင်ပေးနေသောကြောင့်ဖြစ်သည်။ အကယ်၍ သင့်ဖုန်းနံပါတ်ကို ယူအန်အိတ်ခ်ျစီအာရုံးတွင် အပ်ဒိတ်မလုပ်ထားပါက၊ ရုံးသည် သင့်ကို ဆက်သွယ်၍ရမှာမဟုတ်ပါ။ ကျေးဇူးပြု၍ သင့်ဖုန်းနံပါတ် ပြောင်းလဲသည့်အခါတိုင်း ဤနေရာမှ ရရှိနိုင်သော ဖုန်းနံပါတ်အပ်ဒိတ်ဖောင်အား ဖြည့်စွတ်တင်ပြခြင်းဖြင့် ယူအန်အိတ်ခ်ျစီအာသို့ အပ်ဒိတ်လုပ်ပါ။
ဖုန်းနံပါတ် အပ်ဒိတ်ဖောင်ထဲတွင်၊ သင်၏ ယူအန်အိတ်ခ်ျစီအာ စာရွက်စာတမ်းများပေါ်ရှိ တိကျသောအက္ခရာများအားလိုက်၍ မှန်ကန်သောယူအန်အိတ်ခ်ျစီအာ အိုင်ဒီ (ID) နံပါတ်ကို ထည့်သွင်းကြောင်းလည်း သေချာစေပါ။ အကယ်၍ ဖောင်အား မှန်ကန်စွာ ဖြည့်သွင်းပြီးဖြစ်ပါက ခုနစ်ရက်အတွင်း အတည်ပြု အဲစ်အဲမ်အဲစ် (SMS) တစ်စောင် ရရှိပါလိမ့်မည်။ အကယ်၍ ဖောင်ကို မှန်ကန်စွာ မဖြည့်ခဲ့ပါက သို့မဟုတ် သင့်ဖုန်းနံပါတ်သည် ယူအန်အိတ်ခ်ျစီအာနှင့် အပ်ဒိတ်လုပ်ပြီးဖြစ်နေပါက အတည်ပြု အဲစ်အဲမ်အဲစ်အား လက်ခံရရှိမည်မဟုတ်ပါ။
ကျေးဇူးပြု၍ သင်၏လိပ်စာအပြောင်းအလဲရှိတိုင်း ဤနေရာမှ ရရှိနိုင်သော ကိုယ်ရေးကိုယ်တာအသေးစိတ် အပ်ဒိတ်ဖောင် ဖြည့်စွတ်တင်ပြခြင်းဖြင့် သင်၏လက်ရှိလိပ်စာကို ယူအန်အိတ်ခ်ျစီအာနှင့် အပ်ဒိတ်လုပ်ထားကြောင်းလည်း သေချာပါစေ။