ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းများအတွင်း QRကုဒ်ထည့်သွင်းခြင်း

Wednesday / 17 August 2022

ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းအားလုံးကို စီစစ်ရာတွင် ထိရောက်မှုရှိစေရန်နှင့် လုံခြုံရေးဆိုင်ရာ အင်္ဂါရပ်များ တိုးတက်ကောင်းမွန်စေရန်အတွက် ယူအန်အိတ်ချ်စီအာသည် ၎င်း၏ စာရွက်စာတမ်းပုံစံအသစ်ကို ၂၀၂၂ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှစတင်၍ ထုတ်ပေးလျက်ရှိပါသည်။ စာရွက်စာတမ်းများ ပျောက်ဆုံးသူများသည် Google Play Store နှင့် Apple Store တွင် ရှိသော UNHCR Verify Plus အပလီကေးရှင်းကို အသုံးပြု၍ ၎င်းတို့၏ စာရွက်စာတမ်းများကို စစ်ဆေးရန်အတွက် စဥ်စားနေဆဲကာလတွင် ထုတ်ပေးသော စာရွက်စာတမ်း(UC letter)နှင့် မူရင်းအထောက်အထားကို မိတ္တူကူးထားသော တရားဝင်စာရွက်စာတမ်း (CTC letter) တို့တွင် QRကုဒ်ပါဝင်လာမည်ဖြစ်သည်။

ဇူလိုင်လ ၂၅ ရက်နေ့မှစတင်၍ ဧည့်ကြိုစင်တာ၌ မှတ်ပုံတင်စာရင်းအသစ်သွင်းမည့်သူများ၊ သက်တမ်းကုန် စာရွက် စာတမ်းများကို သက်တမ်းတိုးမည့်သူများ သို့မဟုတ် စာရွက်စာတမ်းပျောက်ဆုံးသူများသည် စဥ်စားနေဆဲကာလတွင် ထုတ်ပေးသော စာရွက်စာတမ်း(UC letter)နှင့် မူရင်းအထောက်အထားကို မိတ္တူကူးထားသော တရားဝင်စာရွက်စာတမ်း (CTC letter)တို့ကို QRကုဒ်နှင့်အတူ လက်ခံရရှိမည်ဖြစ်သည်။ QRကုဒ်မပါသည့် စဥ်စားနေဆဲကာလတွင် ထုတ်ပေးသောစာရွက်စာတမ်း (UC letter) နှင့် မူရင်းအထောက်အထားကို မိတ္တူကူးထားသော တရားဝင်စာရွက်စာတမ်း (CTC letter) တို့သည် သက်တမ်းကုန်ဆုံးရက်အထိ ဆက်လက်၍ အကျုံးဝင်မည်ဖြစ်သည်။ ယူအန်အိတ်ချ်စီအာသည် ရှိပြီးသားစာရွက်စာတမ်းများကို QRကုဒ်ပါဝင်သော ပုံစံအသစ်ဖြင့် အစားထိုးပေးမည် မဟုတ်ပါ။

နမူနာ (UC letter) အသစ်နှင့် (CTC letter) အသစ်တို့ကို ဤနေရာတွင် ကိုးကားရန်အတွက် ကြည့်ရှုနိုင်သည်။

အကယ်၍ သင်၏ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းများ ပျောက်ဆုံးပါက ဤဖောင်ကို အသုံးပြု၍ ယူအန်အိတ်ချ်စီအာသို့ ချက်ခြင်းအကြောင်းကြားသင့်ပါသည်။ ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းသည် သင်၏ တရားဝင်အခြေအနေနှင့် သင်သည် မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုနိုင်သည့်အတွက် သင်၏ ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းကို လုံခြုံစွာသိမ်းဆည်းထားရန် အရေးကြီး၍ သတိပေးလိုပါသည်။ ပျောက်ဆုံး ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းများအား ချက်ခြင်းဖျက်သိမ်းမည်ဖြစ်ပြီး UNHCR Verify Plus အပလီကေးရှင်းသည် ပျောက်ဆုံးစာရွက်စာတမ်းများကို အလွဲသုံးစားလုပ်ခြင်းမှ ကာကွယ်ရန်အတွက် ဖျက်သိမ်းထားသောစာရွက်စာတမ်းများကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။



Share