ယူအန်အိတ်ချ်စီအာနှင့် အထူးကောင်းမွန်သောဆက်ဆံရေးရှိသည်ဟု ပြောဆိုသည့် လူမှုအသိုင်းအဝန်း ခေါင်းဆောင်တစ်ယောက်နှင့်ပါတ်သက်ပြီး ယူအန်အိတ်ချ်စီအာအနေဖြင့် တိုင်ကြားစာများကို လက်ခံရရှိပြီးဖြစ်ပါသည်။ အဆိုပါပုဂ္ဂိုလ်သည် ကနေဒါ၊ သြစတြေးလျနှင့် ဗြိတိန်အပါအဝင် အခြားသောနိုင်ငံများသို့ ပြန်လည်နေရာချထားရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ ဒုက္ခသည် အခြေအနေ သတ်မှတ်ခြင်း(RSD)တို့ကို မြန်ဆန်စွာဆောင်ရွက်နိုင်ရန်အတွက် ဒုက္ခသည်များထံမှ အခကြေးငွေများ ကောက်ခံလျှက်ရှိပါသည်။
ဤအကြောင်းအရာသည် လိမ်ညာမှုတစ်ခုဖြစ်ပါသည်။ ယူအန်အိတ်ချ်စီအာ၏ ဝန်ဆောင်မှုအားလုံးသည် အခမဲ့ဖြစ်ပါသည်။ မှတ်ပုံတင်ခြင်း၊ ဒုက္ခသည်အခြေအနေသတ်မှတ်ခြင်း (RSD)၊ ပြန်လည်နေရာချထားရေး သို့မဟုတ် အခြားရည်ရွယ်ချက်တစ်ခုခုအတွက် သင်၏ အမှုတွဲကို ဆောင်ရွက်ရန် ယူအန်အိတ်ချ်စီအာဝန်ထမ်းများ သို့မဟုတ် မည်သည့်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုမျှ အခကြေးငွေ မပေးပါနှင့်။
အခကြေးငွေအတွက် အပြန်အလှန်အားဖြင့် ကနေဒါ၊ သြစတြေးလျနှင့် ဗြိတိန်အပါအဝင် အခြားသော နိုင်ငံများသို့ ပြန်လည်နေရာချထားရေးရရှိရန် ကူညီနိုင်သည်ဟုပြောဆိုပြီး ယူအန်အိတ်ချ်စီအာနှင့် အထူးကောင်းမွန်သော ဆက်ဆံရေးများရှိသည်ဟု ပြောဆိုသူတိုင်းကို သတိထားပါ။ သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို သင်မသိသော မည်သူတစ်ဦးတစ်ယောက်ကိုမျှ မမျှဝေပါနှင့်။
ယူအန်အိတ်ချ်စီအာလုပ်ငန်းစဉ်များမှတစ်ဆင့် ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများကို ကူညီပံ့ပိုးပေးရန်အတွက် လူမှုအသိုင်းအဝန်းခေါင်းဆောင်များအား ငွေကြေး သို့မဟုတ် ဝန်ဆောင်မှုများ လက်ခံရယူခြင်းမပြုရန် ယူအန်အိတ်ချ်စီအာအနေဖြင့် တားမြစ်ထားပါသည်။
ယူအန်အိတ်ချ်စီအာသည် ၎င်း၏ စာရွက်စာတမ်းများ၊ အင်တာဗျူးများ၊ ချိန်းဆိုမှုများ သို့မဟုတ် ပြန်လည်နေရာချထားရေးစသည့်တို့အတွက် အပြန်အလှန်အားဖြင့် ဒုက္ခသည်များထံမှ ငွေကြေးကောက်ခံရန် လူမှုအသိုင်းအဝန်းခေါင်းဆောင်များ သို့မဟုတ် ရပ်ရွာအဖွဲ့အစည်းများကို မည်သည့်အခါမျှ တောင်းဆိုလိမ့်မည်မဟုတ်ပါ။
ယူအန်အိတ်ချ်စီအာလုပ်ငန်းစဉ်များအတွက် အပြန်အလှန်အားဖြင့် ဒုက္ခသည်များထံမှ ငွေကြေး သို့မဟုတ် ဝန်ဆောင်မှုများကို လက်ခံသည့် လူမှုအသိုင်းအဝန်းခေါင်းဆောင် သို့မဟုတ် ရပ်ရွာအဖွဲ့အစည်းမှ ပါဝင်ပါတ်သက်ကြောင်း တွေ့ရှိပါက ၎င်းတို့၏ တာဝန်ဝတ္တရားကို ယူအန်အိတ်ချ်စီအာအနေဖြင့် ချက်ချင်းရပ်စဲမည်ဖြစ်သည်။
သင်သည် ယူအန်အိတ်ချ်စီအာသို့ သံသယဖြစ်ဖွယ်လုပ်ဆောင်မှုများနှင့်ပါတ်သက်၍ တိုင်ကြားပါက သင်၏ ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းများအား ရုပ်သိမ်းမည် မဟုတ်သည့်အပြင် သင်၏ အမှုတွဲအား နှောင့်နှေးကြန့်ကြာ သို့မဟုတ် ပိတ်သိမ်းခံရမည် မဟုတ်ပါ။
ယူအန်အိတ်ချ်စီအာ (မှတ်ပုံတင်ခြင်း၊ ဒုက္ခသည်အခြေအနေသတ်မှတ်ခြင်း (RSD)၊ ပြန်လည်နေရာချထားရေးဆိုင်ရာ အင်တာဗျူးများ) စသည့် ဝန်ဆောင်မှုများနှင့်ပါတ်သက်၍ သင့်ကို အကူပေးနိုင်သည်၊ အပြန်အလှန်အားဖြင့် အခကြေးငွေအတွက် တစ်စုံတစ်ဦးမှ ဆက်သွယ်လာပါက
- ရဲ
- ဤဖောင်ကို အသုံးပြု၍ ယူအန်အိတ်ချ်စီအာသို့ တိုင်ကြားပါ။
ယူအန်အိတ်ချ်စီအာ၏ လုပ်ငန်းစဉ်များနှင့် အကူအညီများနှင့်စပ်လျဥ်း၍ ထပ်မံပြီး အချက်အလက်များ သိရှိလိုပါက Refugee Malaysia ဝက်ဘ်ဆိုက်သို့ သွားရောက်ဖတ်ရှုပါ။