အဝေးမှပြုလုပ်သောအင်တာဗျူးများနှင့်စပ်လျဥ်းပြီး မကြာခဏမေးလေ့ရှိသည့်မေးခွန်း(FAQ)များ

How does a remote interview work?

၎င်းအဆင့်များမှာ –

  1. သင်၏ အခြေအနေသည် အဝေးမှအင်တာဗျူးပြုလုပ်ရန်အတွက် အဆင်ပြေမပြေ အကဲဖြတ်ရန် ယူအန်အိတ်ချ်စီအာမှ ဖုန်းခေါ်ဆိုမည်ဖြစ်သည်။ ၎င်းသည် အင်တာနက်ရရှိနိုင်မှု၊ မိုဘိုင်းလ်ဖုန်းခရက်ဒစ်နှင့် ကိုယ်ရေးကိုယ်တာအပေါ်တွင် မူတည်သည်။ သင်၏ အထောက်အထားကို အတည်ပြုရန် မေးခွန်းများမေးမည်ဖြစ်ပြီး ယူအန်အိတ်ချ်စီအာသည် အဝေးမှ အင်တာဗျူးဖြေရန် သင်၏ သဘောတူညီချက်ကို တောင်းခံမည်ဖြစ်သည်။
  2. အဝေးမှအင်တာဗျူးဖြေဆိုရသည့်ပုံစံသည် မိမိအတွက် သက်တောင့်သက်သာဖြစ်သည်ဟု မခံစားရပါက လုပ်ငန်စဥ်ကို သဘောမတူပါနှင့်၊ ကျေးဇူးပြု၍ စိတ်မပူပါနှင့်။ သင့်အား ရုံးထဲတွင် စီစဉ်ပေးနိုင်သည်နှင့် တစ်ပြိုင်နက် ရက်ချိန်း ပြန်လည်စီစဉ်ပေးမည်။
  3. အကယ်၍ သင်သည် အဝေးမှ အင်တာဗျူးပြုလုပ်ရန် သဘောတူပါက သင်၏ အင်တာဗျူး အသေးစိတ်ကို အတည်ပြုရန် ယူအန်အိတ်ချ်စီအာမှ စာတို(SMS)တစ်စောင် လက်ခံရရှိမည်ဖြစ်သည်။
  4. အင်တာဗျူးဖြေဆိုမည့်နေ့ရက် သို့မဟုတ် တစ်ရက်အလိုတွင် သင်သည် ယူအန်အိတ်ချ်စီအာထံမှ တစ်ကြိမ်သုံးစကားဝှက် (OTP)ကို စာတို(SMS)ဖြင့် လက်ခံရရှိမည်ဖြစ်သည်။ လိမ်လည်သူများထံမှ သင့်ကိုယ်သင်ကာကွယ်ရန် မည်သူကိုမျှ ဤစကားဝှက်ကို မမျှဝေပါနှင့်။
  5. အင်တာဗျူးမတိုင်မီ စိစစ်မှုပုံစံအဖြစ် OTP အသုံးပြုခြင်းကို ​​၂၀၂၁ခုနှစ် သြဂုတ်လမှ စတင်အသုံးပြုသည်။
  6. ယူအန်အိတ်ချ်စီအာ အင်တာဗျူးသူသည် ဖုန်းခေါ်သောအခါ ခေါ်ဆိုသူသည် ယူအန်အိတ်ချ်စီအာ ဝန်ထမ်းစစ်စစ်ဖြစ်ကြောင်း သိရှိနိုင်ရန် ဤ OTP ကို ​​တောင်းဆိုပါ။ ၎င်းတို့သည် သင့်အား မှန်ကန်သော OTP ပြောပြနိုင်ပါက အင်တာဗျူးကို ဆက်လက်လုပ်ဆောင်ပါ။. အကယ်၍ ယူအန်အိတ်ချ်စီအာမှ လက်ခံရရှိသော စာတို(SMS)ပါ စကားဝှက်နှင့် မကိုက်ညီပါက အင်တာဗျူးကို ရပ်လိုက်ပါ။ ရက်ချိန်းအသစ်တစ်ခုအတွက် သင်ကို ဆက်သွယ်ချိန်တွင် ယူအန်အိတ်ချ်စီအာကို အကြောင်းကြားပါ။
  7. ယူအန်အိတ်ချ်စီအာသည် အဝေးမှ အင်တာဗျူးများ ပြုလုပ်ရန် မတူညီသော နည်းလမ်းများကို အသုံးပြုသည် – ၁) Microsoft Teams မိုက်ခရိုဆောဖ့် တင်းမ်၊ ၂) Signal စစ်ကနယ် နှင့် ၃) ‘သုံးယောက် ချိတ်ဆက်’ ဖုန်းခေါ်ဆိုမှု။

How can I know that the SMS I received is from UNHCR?

62033 ဖြင့် စာတို(SMS)ပို့သူသည် အထွေထွေဝန်ဆောင်မှုပေးသူဖြစ်သည်။ (SMS)စာတိုတွင် ဂဏန်းငါးလုံးပါသော တစ်ကြိမ်သုံးစကားဝှက် (OTP) ဖြင့် “ယူအန်အိတ်ချ်စီအာ” ၏နောက်တွင် ဖော်ပြမည်။ “၀၁၇-…” သို့မဟုတ် “၀၁၃-…” ကဲ့သို့မိုဘိုင်းဖုန်းနံပါတ်များဖြင့် စတင်သည့် အခြားမိုဘိုင်းလ်ဖုန်းနံပါတ်မှ စာတို(SMS)ကို လက်ခံရရှိပါက ၎င်းသည် ယူအန်အိတ်ချ်စီအာ၏ တရားဝင်အကောင့်မှ မဟုတ်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။ အင်တာဗျူးမတိုင်မီ စိစစ်မှုပုံစံအဖြစ် OTP အသုံးပြုခြင်းကို ​​၂၀၂၁ခုနှစ် သြဂုတ်လမှ စတင်အသုံးပြုသည်။

What do I need for a remote interview?

ယူအန်အိတ်ချ်စီအာ အနေဖြင့် အဝေးမှ အင်တာဗျူးများ ပြုလုပ်ရန် မတူညီသော နည်းလမ်းများကို အသုံးပြုသည် – ၁) ဗီဒီယို ကွန်ဖရင့်ခေါ်ဆိုမှုများ (Microsoft Teams မိုက်ခရိုဆောဖ့်တင်းမ် နှင့်/သို့မဟုတ် Signal စစ်ကနယ်ကိုအသုံးပြု၍) နှင့် ၂) ‘သုံးယောက် ချိတ်ဆက်’ ဖုန်းခေါ်ဆိုမှု (သင့်ဖုန်းလိုင်းကို အသုံးပြု၍)။

+ ဗီဒီယို ကွန်ဖရင့်ခေါ်ဆိုမှု (Microsoft Teams မိုက်ခရိုဆောဖ့်တင်းမ် နှင့်/သို့မဟုတ် Signal စစ်ကနယ်)

ဗီဒီယိုကွန်ဖရင့်ခေါ်ဆိုမှုများအတွက်၊ သင့်ကို Microsoft Teams မိုက်ခရိုဆောဖ့်တင်းမ် နှင့် Signal စစ်ကနယ်ကို ဒေါင်းလုဒ်လုပ်ခိုင်းပါမည်။

  • Microsoft Teams မိုက်ခရိုဆောဖ့်တင်းမ်

သင့်ကွန်ပျူတာပေါ်တွင် Microsoft Teams မိုက်ခရိုဆောဖ့်တင်းမ်ကို ဒေါင်းလုဒ်လုပ်ရန် ဤနေရာကိုနှိပ်ပါ။

သင့်စမတ်ဖုန်းတွင် Microsoft Teams မိုက်ခရိုဆောဖ့်တင်းမ်ကို ဒေါင်းလုဒ်လုပ်ရန် အောက်ပါအဆင့်များကို လိုက်နာပါ။

 

IOS အသုံးပြုသူများအတွက်- Microsoft Teams မိုက်ခရိုဆောဖ့်တင်းမ် ကိုရှာပြီး install အင်စတော ခလုတ်ကိုနှိပ်ပါ။

 

Android အသုံးပြုသူများအတွက်- Microsoft Teams မိုက်ခရိုဆောဖ့်တင်းမ် ကိုရှာပြီး အင်စတော ခလုတ်ကိုနှိပ်ပါ။

 

လိုအပ်သော အက်ပ်(apps)များ ထည့်သွင်းပြီးသည်နှင့် အကောင့်အသစ်ဖွင့်ရန် မလိုအပ်ပါ။

 

  • Signal စစ်ကနယ်

သင့်စမတ်ဖုန်းတွင် Signal စစ်ကနယ် ကိုဒေါင်းလုဒ်လုပ်ရန် အောက်ပါအဆင့်များကို လိုက်နာပါ-

 

Signal စင်ကနယ် ကို Google Play Store နှင့် Apple ၏ App Store နှစ်ခုလုံးတွင် ရနိုင်သည်။ အဓိကစကားလုံးမှာ – Signal Private Messenger ဖြစ်သည်။

 

အက်ပ်ကို ထည့်သွင်းပြီးနောက် သင့်အကောင့်အသစ်ဖွင့်ရန် ဆက်လုပ်မည်(continue)ကို နှိပ်ပါ။

 

သင့်အဆက်အသွယ်များကို ဝင်ရောက်အသုံးပြုရန် Signal စစ်ကနယ် တောင်းဆိုသည့်အခါ ဆက်လက်လုပ်ဆောင်ရန်ကို နှိပ်ပါ။

 

သင့်ဖုန်းနံပါတ်ကို ရိုက်ထည့်ပြီး Next ထို့နောက် ကိုနှိပ်ပါ။ ရွေးချယ်ထားသောနိုင်ငံတွင် “မလေးရှား” ဖြစ်ကြောင်း သေချာပါစေ။

 

Signal စစ်ကနယ်မှ sms စာတိုကုဒ်တစ်ခု လက်ခံရရှိပါမည်။ ကုဒ်ကို မှန်ကန်စွာ ထည့်ပါ။

 

Signal စစ်ကနယ်တွင် သင့်ပရိုဖိုင်ကို ထည့်သွင်းခြင်းဖြင့် ဆက်လုပ်ပါ။

 

Setup ထည့်သွင်းမှု ပြီးပါပြီ။ သင်၏ signal စစ်ကနယ်ကို ယခုပင် အသုံးပြုနိုင်ပါပြီ။

 

+ သုံးယောက် ချိတ်ဆက် ဖုန်းခေါ်ဆိုမှု

အခြားတစ်နည်းအားဖြင့် သင်သည် မိုဘိုင်းဒေတာ/wifi အသုံးပြု၍ အဝေးမှ အင်တာဗျူးတစ်ခုကို မတက်ရောက်နိုင်ပါက ‘သုံးယောက် ချိတ်ဆက် ဖုန်းခေါ်ဆိုမှု’ ဖြင့် အဝေးမှ အင်တာဗျူးပြုလုပ်ရန် သင့်ကို ခေါ်ဆိုနိုင်ပါသည်။ အင်တာဗျူးသူသည် သင့်ဖုန်းလိုင်းမှတဆင့် တိုက်ရိုက်ခေါ်ဆိုမည်ဖြစ်ပြီး အင်တာဗျူးကို အသံဖြင့်ခေါ်ဆိုမည်ဖြစ်သည်။ အဆင်ပြေချောမွေ့သော ဆက်သွယ်မှုရရှိစေရန် စကားပြန်သည်လည်း တူညီသောလိုင်းပေါ်တွင် ရှိနေမည်ဖြစ်သည်။

How can I submit documentation in a remote interview?

အင်တာဗျူးကာလအတွင်း သင်၏အင်တာဗျူးသူအား အသိပေးပြီး၊ သင်၏စာရွက်စာတမ်းများကို မည်သို့တင်ပြရမည်ကို ညွှန်ကြားပါလိမ့်မည်။

Is a remote interview different from being interviewed in the office?

တစ်ခုတည်းသော ခြားနားချက်မှာ သင်၏ကိုယ်ပိုင် ဘေးကင်းမှု၊ ကျန်းမာရေးနှင့် အဆင်ပြေရေးတို့အတွက် သင်၏ကိုယ်ပိုင် သီးသန့်နေရာတွင် အင်တာဗျူးဖြေရမည်ဖြစ်သည်။

What happens if I choose not to be interviewed remotely?

သင့်ကျန်းမာရေးနှင့် အဆင်ပြေရေးအတွက် အလုံခြုံဆုံးနည်းလမ်းဖြင့် သင့်အားလက်ခံရန် ယူအန်အိတ်ချ်စီအာရုံးမှ အရာရှိများက အဆင်သင့်ဖြစ်သောအခါတွင် သင့်အား တွေ့ဆုံမေးမြန်းပါမည်။

What if I cannot attend the interview on the date appointed by UNHCR?

သင်၏အင်တာဗျူးကိုစီစဉ်ရန် ယူအန်အိတ်ချ်စီအာမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသောအခါ၊ သင်သည် အင်တာဗျူးအတွက် အကယ်၍ အခြားနေ့ရက် သို့မဟုတ် အချိန်ကို သင်နှစ်သက်သည့်အတိုင်း အရာရှိအား အသိပေးနိုင်ပါသည်။

အမှန်တကယ်အင်တာဗျူးဖြေသည့်နေ့တွင်၊ ကျေးဇူးပြု၍ သင့်ချိန်းဆိုသည့်နေ့တွင် အင်တာဗျူးခေါ်ဆိုမှုကိုဖြေကြားပြီး သင်လက်ခံရရှိသော OTP ကိုအသုံးပြု၍ သင်၏ခေါ်ဆိုမှုသည် ယူအန်အိတ်ချ်စီအာမှ ဖြစ်ကြောင်းအတည်ပြုပါ (အထက်တွင်ကြည့်ပါ)။ ဖုန်းခေါ်ဆိုသူသည် ယူအန်အိတ်ချ်စီအာမှ ဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့် သင့်ရက်ချိန်းကို ပြန်လည်စီစဉ်ပေးရန် သင်၏အင်တာဗျူးသူကို တောင်းဆိုပါ။

What if I missed the call for my remote interview?

သတ်မှတ်ထားသော သင်၏အင်တာဗျူးရက်ချိန်းအတွင်း သင့်အား အကြိမ်ပေါင်းများစွာ ဖုန်းဆက်ရန် အမြဲကြိုးစားပါမည်။ ကျွန်ုပ်တို့၏ခေါ်ဆိုမှုများကို သင်ပျက်ကွက်သွားပါက ကျေးဇူးပြု၍ မက်ဆေ့ခ်ျပို့ပါ သို့မဟုတ် ကျွန်ုပ်တို့ထံ ပြန်ခေါ်ပါ။ သင်၏ရက်ချိန်းကို သင့်လျော်သည့်အချိန်သို့ ပြန်လည်စီစဉ်နိုင်ရန်အတွက် ကျွန်ုပ်တို့၏အဖွဲ့သည် သင့်အား နောက်မှဖုန်းဆက်ပါမည်။