ကလေးများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး အစီအစဥ် (PICKids)သည် ယခုအခါ ကွာလာလမ်ပူ၊ ဆီလန်ဂေါ၊ ပီနန်း၊ ပါလစ်၊ ကဒက်၊ ပါဟန်း၊ မာလကာ၊ ပဲရက်ခ်၊ နီဂရီ ဆမ်ဘီးလန်း၊ ဂျိုဟိုး၊ တီရန်ဂန်နူးနှင့် ကလန်တန်းတို့တွင် ကလေးများအတွက် ရက်ချိန်းမပါဘဲ ကာကွယ်ဆေးထိုးခြင်းကို ခွင့်ပြုပေးနေပြီဖြစ်သည်။
ကာကွယ်ဆေးသည် အသက် ၅ နှစ်မှ ၁၂နှစ်ကြား ကလေးများအတွက်ဖြစ်သည်။ ဤအသက်အရွယ်အပိုင်းအခြားအတွင်းရှိ ကလေးများအားလုံးသည် Pfizer မှ ကာကွယ်ဆေး (၂)ကြိမ်ကို ၈ ပတ်ခြား၍ လက်ခံရရှိမည်ဖြစ်သည်။
ကာကွယ်ဆေးထိုးခြင်းသည် အောက်ပါတို့ကို ကူညီမည်ဖြစ်သည်။
- ကလေးများ ကိုယ်တွင်း အင်္ဂါရောင်ရမ်းရောဂါလက္ခဏာ(MIS-C)နှင့် ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ဖြစ်ပေါ် သော ကာလကြာရှည်ကိုဗစ်ကို ကာကွယ်ရန်
- ဘေးကင်းသောပတ်ဝန်းကျင်တွင် ကလေးများကို အခြားသူများနှင့် အပြန်အလှန် ဆက်ဆံခွင့်ပြုရန်
- ကိုယ်ခံအား မရရှိသေးသူများကို သွယ်ဝိုက်၍ ရောဂါမှ ကာကွယ်ပေးခြင်း သို့မဟုတ် လူအုပ်စုလိုက် ကိုယ်ခံအား ရရှိခြင်း (Herd Immunity) မှတဆင့် ကျောင်းများနှင့် သင်ကြားရေးစင်တာများရှိ တစ်ဦးနှင့်တစ်ဦးကူးစက်ခြင်းကို လျှော့ချရန်တို့ကို ကူညီပေးမည်ဖြစ်သည်။
ကာကွယ်ဆေးထိုးပေးသည့် စင်တာများစာရင်းကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။