ပြန်လည်နေရာချထားရေး
တတိရနိုင်ငံသို့ပြန်လည်နေရာချထားရေးဆိုသည်မှာ ဒုက္ခသည်များကို ယာယီအကာအကွယ် တောင်းခံထားသော နိုင်ငံမှ သူတို့ကိုယ်တိုင် ဝန်ခံသဘောတူထားသည့် အခြားနိုင်ငံသို့ပို့ရန် ရွေးချယ်ခြင်းနှင့် လွှဲပြောင်းပေးခြင်းဖြစ်သည်။ ၎င်းသည် ပြန်လည်နေရာချထားပေးသည့်နိုင်ငံ၏ နိုင်ငံသားဖြစ်ခွင့်ကိုလည်း နောက်ဆုံးတွင် အတူတကွ သယ်ဆောင်ပါသည်။
သို့သော် ပြန်လည်နေရာချထားရေးသည် ဤဖြေရှင်းချက်လိုအပ်နေသော ကမ္ဘာ့ဒုက္ခသည်များ၏ အစိတ်အပိုင်းတစ်ခုအတွက်သာ အခွင့်အရေးရှိနိုင်ပါသည်။ ကမ္ဘာတစ်ဝှမ်းရှိ ဒုက္ခသည်များ၏ ၁ရာခိုင်နှုန်း အောက်သာ ပြန်လည်နေရာချထားပေးနိုင်သေးသည်။ ပြန်လည်နေရာချပေးရန် လိုအပ်သော ဒုက္ခသည်အရေအတွက်အတွက် နေရာများ အလွန်နည်းပါးပါလှသည်။ ဤအရာကို မှတ်သားမှတ်ယူရန် အရေးကြီးသည်မှာ-
- ပြန်လည်နေရာချထားရေးသည် ပိုင်ဆိုင်ထားသော အခွင့်အရေးမဟုတ်ပါ။ ယူအန်အိတ်ခ်ျစီအာရ်မှ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ခြင်း (သို့) ပေးအပ်ခြင်းသည် တစ်ဦးတစ်ယောက်ချင်းစီအား ပြန်လည်နေရာချထားရေးအတွက် ရည်ညွှန်းခြင်းခံရမည်ဟု မဆိုလိုပါ။
- ပြန်လည်နေရာချထားရေးသည် အကူအညီများစွာလိုအပ်နေသော ဒုက္ခသည်များအတွက် အကာအကွယ်ပေးသော ကိရိယာတစ်ခုကဲ့သို့ဖြစ်နေဆဲဖြစ်သည်။ အလားအလာရှိသော ပြန်လည်နေရာချထားရေး တင်ပြချက်/လျှောက်ပေးရန်အတွက် ခွဲခြားသတ်မှတ်ခြင်းသည် တစ်ဦးချင်းစီ၏ အကာအကွယ်လိုအပ်ချက်များအပေါ် အခြေခံပါသည်။
- ပြန်လည်နေရာချထားရေးဆိုင်ရာ ထည့်သွင်းစဉ်းစားမှုအတွက် အမှုတွဲတင်ပြပေးခြင်းသည် တစ်ဦးချင်းကာကွယ်ရေးလိုအပ်ချက်ပြင်းထန်မှုများ၊ ကာကွယ်ရေးပတ်ဝန်းကျင်၊ အိမ်ရှင်နိုင်ငံအနေအထားနှင့် ပြန်လည်နေရာချထားရေးနေရာများရရှိမှုတို့အပါအဝင် အချက်များစွာအပေါ်တွင် မူတည်ပါသည်။
အကယ်၍ သင်သည် ပြန်လည်နေရာချထားရေးအတွက် ပဏာမ သတ်မှတ်ခံရပါက၊ တာရှည်ခံဖြေရှင်းချက်ယူနစ် (ဒီအဲစ်ယူ၊ DSU) သည် ပြန်လည်နေရာချထားရေးလုပ်ဆောင်ခြင်းဆိုင်ရာ အရည်အချင်းပြည့်မီမှု အကဲဖြတ်မှုအား ပြီးမြောက်ရန် နောက်ထပ်အချက်အလက်များ လိုအပ်ပါက သင့်ထံ တယ်လီဖုန်းဖြင့် ဆက်သွယ်နိုင်ပါသည်။
ပြန်လည်နေရာချထားရေဆိုင်ရာ အင်တာဗျူး
အကယ်၍ သင်၌ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်အတွက် အရည်အချင်းပြည့်မီကြောင်း တွေ့ရှိပါက၊ ပြန်လည်နေရာချထားရေး အင်တာဗျူးတစ်ခုသို့ ဖိတ်ကြားမည်ဖြစ်ပါသည်။ အခြေခံအားဖြင့် အင်တာဗျူးအားလုံးကို ယူအန်အိတ်ခ်ျစီအာရ်တွင် လူကိုယ်တိုင်တွေ့ဆုံပြီး ပြုလုပ်ရပါသည်။ မပုံမှန်သောအခြေအနေများတွင်၊ သင်သည်အွန်လိုင်းအင်တာဗျူးအတွက်ဖိတ်ကြားချက်ကိုလက်ခံရရှိလိမ့်မည်။ သင့်အား ပြန်လည်နေရာချထားရေး အင်တာဗျူးရက်ချိန်းကို အကြောင်းကြားသည့် ခေါ်ဆိုမှုအတွင်း၊ သင်သည် အွန်လိုင်းဖြင့် အင်တာဗျူးလုပ်ဆောင်ရန် ဆန္ဒမရှိပါက တာရှည်ခံဖြေရှင်းပေးခြင်းယူနစ်အား အသိပေးနိုင်ပါသည်။ သင်၏ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်အတွက် ယူအန်အိတ်ခ်ျစီအာရ်၏ ထည့်သွင်းစဉ်းစားမှု ရလဒ်အပေါ် မနှစ်သက်ဖွယ် သက်ရောက်မှုရှိမည်မဟုတ်ပါ။
ပြန်လည်နေရာချထားရေးအင်တာဗျူးပြီးသည့်နောက်
ပြန်လည်နေရာချထားရေး အင်တာဗျူးပြီးနောက်၊ သင့်အခြေအနေကို ဂရုတစိုက်ပြန်လည်သုံးသပ်မည်ဖြစ်ပြီး၊ ထည့်သွင်းစဉ်းစားမှုအတွက် ပြန်လည်အခြေချနေထိုင်နိုင်သည့်နိုင်ငံသို့ တင်ပြခြင်းရှိမရှိအပေါ် ဆုံးဖြတ်ချက်ချမည်ဖြစ်သည်။
အကယ်၍ သင်သည် ပြန်လည်နေရာချထားရေးအတွက် တင်သွင်းခံရပါက၊ တာရှည်ခံဖြေရှင်းခြင်းယူနစ် (သို့) ပြန်လည်နေရာချထားရေးနိုင်ငံမှ သင့်အား နောက်ထပ်အချက်အလက်များကို ပေးဆောင်ရန် ဆက်သွယ်ပါမည်။
ပြန်လည်နေရာချထားရေးနိုင်ငံများသည် ၎င်းတို့၏ မူဝါဒ၊ ဥပဒေများနှင့်အညီ ပြန်လည်နေရာချပေးခြင်းအခွင့်ပေးသင့် မပေးသင့်အတွက် ဆုံးဖြတ်ချက်ချပေးလေ့ရှိသည်။
အကယ်၍ အမေရိကန်ပြည်ထောင်စုသို့ လျှောက်လွှာတင်သွင်းပေးခြင်းခံရပါက၊ အောက်ဖော်ပြပါ ပြန်လည်နေရာချထားရေး ပံ့ပိုးကူညီမှုစင်တာ (RSC) ၌ သင့်အတွက်လုပ်ဆောင်ပေးနေသည့် အခြေအနေကို စစ်ဆေးနိုင်ပါသည်။
Email: RSCInquiries.Malaysia@rescue.org
ဖုန်းနံပါတ်: +603 9212 8117
ဝဘ်ပေါ်တယ် CASI။
အကယ်၍ ကနေဒါသို့ လျှောက်လွှာတင်ပို့မှုတစ်ခု ပြုလုပ်ထားပါက၊ လူဝင်မှုကြီးကြပ်ရေး၊ ဒုက္ခသည်များနှင့် နိုင်ငံသားဖြစ်မှု၊ ကနေဒါ၏ ဝဘ်ဖောင်ကို အသုံးပြု၍ သင်၏ အမှုအခြေအနေကို စစ်ဆေးနိုင်ပါသည်။
မထွက်ခွာမီ စီစဉ်မှုများနှင့် ပြန်လည်နေရာချထားပေးသည့်နိုင်ငံသို့ ခရီးထွက်ခြင်း
ပြန်လည်နေထိုင်မှု ဆိုင်ရာ စာတမ်းများ
ပြန်လည်နေရာချထားမှုဆိုင်ရာ ၀က်ဘီနာ(အွန်လိုင်း ဆိပ်ခို)
မေးခွန်းများ ရှိပါသလား။
ပိုမိုသိရှိလိုပါက ပြန်လည်နေရာချထားရေးဆိုင်ရာနှင့်ပါတ်သက်သော မကြာခဏ မေးလေ့ရှိသည့် မေးခွန်းများ (မမေးမေး၊ FAQ) ကို ကျေးဇူးပြု၍ မေမြန်းဖတ်ရှုပါ။