ဒုက္ခသည် အဆင့်အတန်း(ဒုက္ခသည် ဟုတ်မဟုတ်) သတ်မှတ်ခြင်းဆိုင်ရာ မေးလေ့မေးထရှိသော မေးခွန်းများ။
ဒုက္ခသည် အဆင့်အတန်း(ဒုက္ခသည် ဟုတ်မဟုတ်) သတ်မှတ်ခြင်းဆိုသည်မှာ အဘယ်နည်း။
ဒုက္ခသည် အဆင့်အတန်း(ဒုက္ခသည် ဟုတ်မဟုတ်) သတ်မှတ်ခြင်း (RSD)သည် နိုင်ငံတကာ ဒုက္ခသည် အကာအကွယ်ပေးရေး ကြိုးပမ်းနေသူ တစ်ဦးစီအတွက် တစ်ဦးချင်း လုပ်ဆောင်သည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ ရည်ရွယ်ချက်မှာ လူတစ်ဦးသည် ၎င်းတို့၏ မူလနိုင်ငံသို့ ပြန်လာရန် ကြောက်ရွံ့ရခြင်းကို ဆန်းစစ်ရန်ဖြစ်သည်။ RSD အင်တာဗျူးအတွင်း၊ ခိုလှုံခွင့်တောင်းခံသူသည် နေရပ်နိုင်ငံမှ ထွက်ခွာပြီး မပြန်လိုသော အကြောင်းရင်းများအပေါ် အခြေခံကာ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာသမိုင်းနှင့် အခြေအနေများဆိုင်ရာ မေးခွန်းများ မေးမြန်းသည်။ အင်တာဗျူးအတွင်း ပံ့ပိုးပေးထားသည့် အထောက်အထားများအပြင် မူရင်းနိုင်ငံတွင်း အခြေအနေနှင့်ပတ်သက်သည့် အချက်အလက်များအပေါ် အခြေခံ၍ RSD ဌာန သည် တစ်ဦးချင်းစီ၏ အမှုအခင်းကို အကဲဖြတ်ကာ ထိုလူသည် ဒုက္ခသည်ဟုတ်မဟုတ် ဆုံးဖြတ်သည်။
မည်သူသည် ဒုက္ခသည်ဖြစ်သနည်း။
လူတစ်ဦးအား အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီပါက ဒုက္ခသည်အဖြစ် သတ်မှတ်ခံရသည်-
- ၎င်းတို့၏နိုင်ငံ သို့မဟုတ်ယခင်အခြေချနေထိုင်ရာ နိုင်ငံ၏ပြင်ပ ; နှင့်
- လူမျိုး၊ ဘာသာ၊ နိင်ငံသားဖြစ်ခြင်း၊ လူမှုရေးအဖွဲ့တစ်ခု၏ အသင်းဝင် သို့မဟုတ် နိုင်ငံရေး သဘောထားကြောင့် နှိပ်စက်ညှဉ်းပန်းခံရမည်ကို ကောင်းစွာအခြေခံထားသော ကြောက်ရွံ့မှုရှိခြင်း။; နှင့်
- ထိုသို့သော အကြောက်တရားကြောင့် ၎င်းတို့မိခင် တိုင်းပြည်၏ အကာအကွယ်ကို ရယူရန် ဆန္ဒမရှိခြင်း။.
သို့မဟုတ် - ယေဘူယျအားဖြင့် အကြမ်းဖက်မှုများ (စစ်ပွဲ သို့မဟုတ် ပဋိပက္ခကဲ့သို့သော) သို့မဟုတ် လူထုစည်းလုံးညီညွတ်မှုကို ဆိုးရွားစွာ အနှောက်အယှက်ဖြစ်စေသော အခြားဖြစ်ရပ်များကြောင့် ၎င်းတို့၏နိုင်ငံသို့ မပြန်နိုင်ပါ။.
ဤသတ်မှတ်ချက်များနှင့် ကိုက်ညီသူများကို ဒုက္ခသည်များအဖြစ် အသိအမှတ်ပြုပြီး RSD လုပ်ငန်းစဉ် ပြီးဆုံးသောအခါ ယူအင်အိပ်ချ်စီအာရ် ၏ ဒေတာဘေ့စ်တွင် ၎င်းတို့၏ တရားဝင် အဆင့်အတန်းကို 'ဒုက္ခသည်' အဖြစ် မှတ်တမ်းတင်ထားသည်။ RSD လုပ်ငန်းစဉ်မပြီးမီ၊ တစ်ဦးချင်းစီ၏ အခြေအနေကို 'ခိုလှုံခွင့်ရှာသူ' အဖြစ် မှတ်တမ်းတင်ထားသည်။
ညှဉ်းပန်းနှိပ်စက်ခံရသည့် နိုင်ငံသို့ ပြန်ရန် အတင်းအကြပ် ခိုင်းစေခြင်း မပြုရသောမူသည် ဒုက္ခသည်များနှင့် ခိုလှုံခွင့်ရှာဖွေသူများအားလုံးအတွက် အကျုံး၀င်သည်။ ဆိုလိုသည်မှာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဥပဒေအောက်တွင် လူတစ်ဦးအား ညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် ရက်စက်ကြမ်းကြုတ်ခြင်း၊ လူမဆန်သော သို့မဟုတ် ယုတ်ညံ့သော ဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ပေးခြင်းတို့ကို ရင်ဆိုင်ရမည့်နိုင်ငံသို့ ပြန်ခြင်းမပြုရန် အခွင့်အရေးရှိသည်။
ဒုက္ခသည်များ နှင့် ခိုလှုံခွင့် တောင်းခံသူ တိုင်းသည် ၎င်းတို့နေထိုင်ရာ နိုင်ငံ၏ ဥပဒေ နှင့် စည်းမျဉ်း စည်းကမ်း များကိုလေးစား လိုက်နာ ရမည် ဖြစ်သည် ဒုက္ခသည် သို့မဟုတ် ခိုလှုံခွင့် တောင်းခံသူ သည် ရာဇ၀တ်မှု ကျူးလွန်ပါက ၎င်းတို့ သည် နိုင်ငံတွင်းရှိ အခြားသော ပုဂ္ဂိုလ်များ ကဲ့သို့ပင် ဥပဒေနှင့်အညီတရား စီရင်ခြင်းခံ ရမည် ဖြစ်သည်။
ဒုက္ခသည် သည် ရွှေ့ပြောင်းသူနဲ့ မတူပေ။ ရွှေ့ပြောင်းနေထိုင်သူတစ်ဦးသည် မိမိနိုင်ငံမှ မိမိဆန္ဒအလျောက် အခြားနေရာသို့ သွားရောက်နေထိုင်ရန် ထွက်ခွာသွားသူတစ်ဦးဖြစ်သည် ။ ဥပမာ။ အလုပ်အကိုင်၊ ပညာရေး သို့မဟုတ် အခြားကိုယ်ရေးကိုယ်တာအကြောင်းများကြောင့်။ အကယ်၍ လူတစ်ဦးသည် ဤအကြောင်းအရာများ ကြောင့်သာ မိမိတို့နိုင်ငံမှ ထွက်ခွာသွားပါက၊ ၎င်းတို့သည် ရွှေ့ပြောင်းဒုက္ခသည်မဟုတ်ပေ။
RSD အင်တာဗျူးတစ်ခုအတွက် ချိန်းဆိုမှု ဘယ်လိုရနိုင်မလဲ။ ကျွန်တော် သည် လွန် ခဲ့ သော နှစ် များ က မှတ်ပုံတင် ခဲ့ ပြီး အာအက်စ်ဒီ အင်တာဗျူး တစ် ခု အတွက် အာရ်အက်စ်ဒီ(RSD) အင်တာဗျူး ရက်ချိန်း မရသေးပါ။
ခိုလှုံခွင့်တောင်းခံသူများထံမှ လျှောက်လွှာများ များပြားသောကြောင့် RSD ဌှာန သည် ချို့ယွင်းအားနည်းချက်ရှိသူများ၊ ၎င်းတို့၏ မူရင်းနိုင်ငံသို့ အတင်းအကျပ်ပြန်ပို့ခံရနိုင်ခြေရှိသည့် ထိန်းသိမ်းခံထားရသူများ နှင့်သီးခြားလိုအပ်ချက်များရှိသည့် ခိုလှုံခွင့်တောင်းခံသူများကို ဦးစားပေးလုပ်ဆောင်နေသည်။ အကာအကွယ် သို့မဟုတ် သီးခြားလိုအပ်ချက်များမရှိသော ခိုလှုံခွင့်ရှာဖွေသူများသည် RSD အင်တာဗျူးအတွက် မဆက်သွယ်မီ အချိန်အကြာကြီး စောင့်ရမည်ဖြစ်ပါသည်။ RSD အင်တာဗျူးများသည် ယူအင်အိပ်ချ်စီအာရ် မလေးရှားမှတ်ပုံတင်သည့်နေ့စွဲ၊မည်သည့်နိုင်ငံသားဖြစ်ခြင်း၊ မည်သည့်ဘာသာ၀င်ဖြစ်ခြင်း သို့မဟုတ် မည်သည့်လူမျိုးစုဖြစ်ခြင်းအပေါ် အခြေခံ၍ စီစဉ်ထားခြင်းမဟုတ်ပါ။ သင်၏ RSD ချိန်းဆိုမှုအတွက် စီစဉ်ထားသည့်အခါ၊ RSD ဌာနမှ ယူအင်အိပ်ချ်စီအာရ် ဝန်ထမ်းများသည် သင့်အား တွေ့ဆုံမေးမြန်းမည့်ရက်စွဲနှင့် အချိန်ကို အသိပေးရန်အတွက် ဖုန်း၊ စာတိုပေးပို့ခြင်း (SMS) သို့မဟုတ် အီးမေးလ်ဖြင့် ဆက်သွယ်မည်ဖြစ်ပါသည်။ သင့်အားဆက်သွယ်ရန်အသေးစိတ်အချက်အလက်များကို ကျွန်ုပ်တို့၏ ဝဘ်ဆိုဒ် တွင် အမြဲအပ်ဒိတ်လုပ်ထားကြောင်း သေချာပါစေ။ ရက်ချိန်းမရှိပါက ယူအင်အိပ်ချ်စီအာရ်ရုံး သို့ ကျေးဇူးပြု၍ မလာပါနှင့်။ ချိန်းဆိုထားခြင်းမရှိပဲ ဝင်ခွင့်ပြုမည်မဟုတ်ပါ။.
အာအက်စ်ဒီ (RSD)အင်တာဗျူး အတွက် ကျွနုပ်အနေဖြင့် မည်သည့်အရာများကို ပြင်ဆင်ဖို့လိုအပ်မည်နည်း။ ။
သင်၏ RSD အင်တာဗျူးအတွက် အထူးတလည် ပြင်ဆင်ထားရန် မလိုအပ်ပါ။ RSD အင်တာဗျူးသူသည် လုပ်ငန်းစဉ်ကို ရှင်းပြပြီး အင်တာဗျူးတစ်လျှောက် သင့်အား လမ်းညွှန်ပေးပါမည်။ သင်၏ RSD အင်တာဗျူးရက်ချိန်းမတိုင်မီ အနည်းဆုံး မိနစ် သုံးဆယ် မတိုင်မီ ယူအင်အိပ်ချ်စီအာရ် ဧည့်ခံဌာနသို့ ကျေးဇူးပြု၍ အရောက်လာပေးပါ။ အကယ်၍ သင်နောက်ကျမှရောက်လာပါက ယူအင်အိပ်ချ်စီအာရ် သည် ထိုနေ့တွင် သင့်အား အင်တာဗျူးနိုင်မည်မဟုတ်ပေ။ သင့်တွင်ဥပဒေရေးရာ တရားဝင်ကိုယ်စားလှယ်ရှိပါက၊ သင်၏ RSD အင်တာဗျူးရက်ချိန်းကို ၎င်းတို့အား အသိပေးပါ။ သင်၏ ယူအင်အိပ်ချ်စီအာရ် ဖိုင်တွင် စာရင်းသွင်းပြီး ပါဝင်သော မိသားစုဝင်များအားလုံး ဥပမာ သင့်အိမ်ထောင်ဖက်နှင့် သားသမီးများကို ခေါ်ဆောင်လာရန် လိုအပ်ပါသည်။ သင့်ကိစ္စနှင့် သက်ဆိုင်နိုင်သည်ဟု သင်ထင်သော စာရွက်စာတမ်းများ (သင်၏ ယူအင်အိပ်ချ်စီအာရ်စာရွက်စာတမ်း အပါအဝင်) သို့မဟုတ် အခြားသော အထောက်အထားများနှင့် စာရွက်များကို သင့်နှင့်တစ်ပါးတည်းယူဆောင်လာသင့်သည်။ ယူအင်အိပ်ချ်စီအာရ်ဧည့်ခံဌာနသို့ သင်ရောက်ရှိသောအခါ သင့်အင်တာဗျူးမစတင်မီ အချိန်အနည်းငယ်ကြာနိုင်သည်။ထို့ကြောင့် အင်တာဗျူးစတင်ရန်ခေါ်ဆိုခြင်းမခံရမှီ သင်နှင့်အတူ အစားအစာရေစာကို ယူဆောင်လာပါကကျေးဇူးပြု၍ အမှိုက်များကို အမှိုက်ပုံးများတွင် စွန့်ပစ်ပါ။ ယူအင်အိပ်ချ်စီအာရ် တန်းစီရာ နေရာသို့ မရောက်မီတွင် သင်သည် ကျန်းမာရေးကောင်းကြောင်း သေချာဖို့လိုအပ်ပါသည်။ နေမကောင်းခြင်းသို့မဟုတ် အဖျားအနာရှိပါက ယူအင်အိပ်ချ်စီအာရ်ရုံးသို့မလာပါနဲ့။ သင်၏ RSD အင်တာဗျူးချိန်းဆိုမှုအတွက် သင့်အား ဆက်သွယ်ခဲ့သော RSD ဝန်ထမ်းများထံ ဖုန်းခေါ်ဆိုခြင်း သို့မဟုတ် မက်ဆေ့ချ်ပေးပို့ခြင်းဖြင့် သင်သည် မလာနိုင်ကြောင်းနှင့် သင့်အားချိန်းဆိုထားသည့်ရက်ကို အခြားရက်သို့ ပြန်လည်ချိန်းဆိုလိုကြောင်း ၎င်းတို့အား ပြောပြနိုင်သည်။
အဝေး RSD အင်တာဗျူးဆိုသည်မှာ အဘယ်နည်း။
ယူအင်အိပ်ချ်စီအာရ်သည် လက်ရှိတွင် ကိစ္စရပ်တစ်ခု၏ သီးခြားအခြေအနေများ၊ လိုအပ်သောနည်းပညာလိုအပ်ချက်များရရှိနိုင်မှုနှင့် အင်တာဗျူးဖြေဆိုသူ၏ခွင့်ပြုချက်အပေါ် မူတည်၍ ခြွင်းချက်အခြေခံဖြင့်သာ အဝေးမှ RSD အင်တာဗျူးများကို ပြုလုပ်နေပါသည်။ RSD အဝေး အင်တာဗျူး များကို မိုဘိုင်းလ်ဖုန်းနည်းပညာနှင့် Microsoft Teams သို့မဟုတ် Signal ကဲ့သို့သော ပလပ်ဖောင်း များ ဖြင့် ပြုလုပ်ပါသည်။ အင်တာဗျူးဖြေဆိုသူများသည် အင်တာဗျူးမတိုင်မီ လိုအပ်သောအက်ပလီကေားရှင်း ကို ဒေါင်းလုဒ်လုပ်ရန် လိုအပ်ပြီး အားအပြည့်သွင်းထားသည့် စက်နှင့် အားကောင်းသောအင်တာနက်ချိတ်ဆက်မှု ရှိရန်နှင့် သတ်မှတ်ထားသည့်ရက်စွဲနှင့်အချိန်များတွင် Microsoft Teams သို့မဟုတ် Signal တွင် ဖုန်းခေါ်ဆိုမှုတွင် ပါဝင်ရန် အဆင်သင့်ဖြစ်ရန် လိုအပ်ပါသည်။ အင်တာဗျူးဖြေဆိုသူများသည် အင်တာဗျူးကာလအတွက် သီးသန့်နှင့် လျှို့ဝှက်နေရာများ တွင် ရှိနေရန် လိုအပ်ပါသည်။ တူညီသောဖိုင်တွင် စာရင်းသွင်းထားသော မိသားစုဝင်များကိုလည်း တွေ့ဆုံမေးမြန်းရန် လိုအပ်ပါသည်။ အဝေးမှ အင်တာဗျူးစီစဉ်ချိန်တွင် အသေးစိတ်ရှင်းလင်းချက်များကို ဖော်ပြပေးပါမည်။
RSD အင်တာဗျူး ၌မည်သည့်အရာများကိုမေးမည်နည်း။
သင်၏အထောက်အထား၊ ကိုယ်ရေးကိုယ်တာနှင့် မိသားစုရာဇဝင်နှင့် မလေးရှားနိုင်ငံမှ ထွက်ခွာပြီး မလေးရှားတွင် ခိုလှုံခွင့်ရှာရသည့် အကြောင်းရင်းများအပါအဝင် မေးခွန်းအမျိုးအစားများစွာကို သင့်အား မေးမြန်းမည်ဖြစ်သည်။ အင်တာဗျူးလုပ်ငန်းစဉ်သည် သင့်ကိစ္စအတွက် ဆုံးဖြတ်ချက်တစ်ခုရရှိရန် လိုအပ်သောအချက်အလက်အားလုံးကို စုဆောင်းရန် နာရီပေါင်းများစွာ ကြာနိုင်သော်လည်း သင်သည် အနားယူရန် တောင်းဆိုနိုင်မည်ဖြစ်သည်။ မေးခွန်းတစ်ခုကို နားမလည်ပါက အင်တာဗျူးသူ မှ ထပ်မံ ရှင်း ပြပေးမည်ဖြစ်သည်။
တချို့အရာတွေကို ပြောရင် အသိအမှတ်ပြုခံရဖို့ အခွင့်အလမ်း ပိုကောင်းတယ်လို့ ကျွန်ပ်၏ ကွန်မြူနီတီအသိုင်းအဝိုင်းအဖွဲ့ဝင်တွေက ပြောပါတယ်။ ကျွန်ုပ်၏ အမှုကိစ္စ တည်ဆောက်ပုံ အားနည်းမှုရှိမှာကို စိုးရိမ်ပါသည်။
သင်၏အတ္ထုပ္ပတ္တိနှင့် အတွေ့အကြုံများအကြောင်း အမှန်အတိုင်းပြောပြရန်နှင့် အင်တာဗျူးကာလအတွင်း ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးပါသည်။ အကယ်၍ သင်သည်ယူအင်အိပ်ချ်စီအာရ် ကို လိမ်လည်လှည့်စားကြောင်း နောက်ပိုင်းတွင် တွေ့ရှိပါက၊ ၎င်းသည် သင်၏ ဒုက္ခသည် အဆင့်အတန်း(ဒုက္ခသည် ဟုတ်မဟုတ်) သတ်မှတ်ခြင်း(RSD) ကိစ္စအား ထိခိုက်စေနိုင်ပါသည်။
ကျွန်ုပ်၏ အမှုကိစ္စအသေးစိတ်အားလုံးအား မျှဝေရမည်ကို စိုးရိမ်ပါသည်။ ကျွနုပ်နိုင်ငံ၏အာဏာပိုင်များ သို့မဟုတ် ကျွန်ပ်တိုင်းပြည်က ကျွန်တော့်ကိုသိတဲ့သူတွေ သိသွားရင် ဘယ်လိုလုပ်မလဲ။
သင်ပြောသမျှကို တင်းကျပ်စွာလျှို့ဝှက်ထားမည် ဖြစ်ပြီး ၎င်းကို သင်၏သဘောတူခြင်းမရှိဘဲ ယူအင်အိပ်ချ်စီအာရ် ပြင်ပရှိ မည်သည့်တတိယအဖွဲ့အစည်းနှင့်မဆို မျှဝေ၍မရနိုင်ပါ။ သင့်အမှု၏အသေးစိတ်အချက်အလက်များကို သင့်ဇာတိနိုင်ငံမှ အာဏာပိုင်များထံ မည်သည့်အခါမျှ မျှဝေမည်မဟုတ်ပါ။ အကယ်၍ ယူအင်အိပ်ချ်စီအာရ်က သင်၏ အချက်အလက်များကို တတိယမိတ်ဖက်အဖွဲ့အစည်းများနှင့်မျှ ေ၀ဖို့လိုအပ်ပါက သင်၏သဘောတူညီမှုကိုအရင်ဆုံး မေးမြန်းရယူမည်ဖြစ်သည်။ အကယ်၍ ယူအင်အိပ်ချ်စီအာရ် သည် သင့်အချက်အလက်များကို ပြင်ပအဖွဲ့အစည်းတစ်ခုနှင့် မျှဝေရန် လိုအပ်ပါက၊ ကျွန်ုပ်တို့သည် သင့်၏သဘောတူညီချက်ကို ဦးစွာရယူရမည်ဖြစ်သည်။
ကျွန်တော့် ဖိုင်ထဲမှ အခြားမိသားစု၀င်များကို အင်တာဗျူး မေးမြန်းမှု လုပ်မည်လား။
သင့်ဖိုင်တွင် မှတ်ပုံတင်ထားသော လူတစ်ဦးချင်းစီသည် အရွယ်ရောက်ပြီးသူ နှင့် ကလေး နှစ်ဦးစလုံးသည် သင်၏ RSD အင်တာဗျူးနေ့တွင် ရှိနေရန် လိုအပ်ပါသည်။ သင့်ဖိုင်တွင် စာရင်းသွင်းထားသော အခြားမိသားစုဝင်များကို တစ်ဦးချင်း တွေ့ဆုံမေးမြန်းရန် လိုအပ်နိုင်ပါသည်။ သူတို့မှာလည်း ခိုလှုံခွင့်ရှာခွင့်နှင့် ကြားပိုင်ခွင့်ရှိတယ် ကြားပိုင်ခွင့်ရှိတယ်။
အာအက်စ်ဒီ (RSD)အင်တာဗျူး လုပ်ငန်းစဉ် အတွင်း ကျွန်ုပ် ၏ အခွင့်အရေး များ နှင့် တာဝန်ဝတ္တရား များ ကား အ ဘယ် နည်း ။
သင်အဆင်ပြေသောဘာသာစကားဖြင့် အင်တာဗျူးဖြေရန် သင့်အခွင့်အရေးဖြစ်သည်။ စကားပြန်နှင့် ဆက်သွယ်မှု ပြဿနာများ ရှိနေသည်ဟု ခံစားရပါက၊ RSD လုပ်ငန်းစဉ်အတွင်း အချိန်မရွေး စကားပြန်ပြောင်းလဲရန် တောင်းဆိုနိုင်ပါသည်။ အချက်အလက်များတိကျသေချာစေရန် သင့်လိုအပ်ချက်များနှင့်ကိုက်ညီသော စကားပြန်တစ်ဦးရှိရန် အရေးကြီးပါသည်။ RSD အင်တာဗျူးအတွင်း စကားပြန်၏ အခန်းကဏ္ဍသည် RSD အင်တာဗျူးသူမှ မေးသော မေးခွန်းများနှင့် သင်ပေးသော တုံ့ပြန်မှုများကို အနက်ပြန်ဆိုရန်သာ ဖြစ်သည်။ စကားပြန်သည် လုံးဝကြားနေအခန်းကဏ္ဍတွင် ပါဝင်ပြီး သင့်ကိစ္စနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်တွင် လုံးဝမပါဝင်ပါ။ သင့်တွင် လျှို့ဝှက်ထားပိုင်ခွင့်၊ သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဝင်ရောက်ကြည့်ရှုရန်၊ ပြုပြင်ရန် သို့မဟုတ် ဖျက်ရန် တောင်းဆိုရန်နှင့် သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို လုပ်ဆောင်ခြင်းအား ကန့်ကွက်ပိုင်ခွင့်ရှိသည်။ သင့်တွင် လုပ်ငန်းစဉ်၏ ရှုထောင့်တစ်ခုခုကို ရှင်းပြရန် အင်တာဗျူးသူအား မေးမြန်းရန်နှင့် အင်တာဗျူးကာလအတွင်း အနားယူရန် တောင်းဆိုပိုင်ခွင့်ရှိသည်။ အကယ်၍ သင်သည် အင်တာဗျူး ဆက်လက်လုပ်ဆောင်ရန် လုံလောက်သောကျန်းမာရေးအရအခြေအနေ မရှိပါက သို့မဟုတ် သင့်တွင် ယူအင်အိပ်ချ်စီအာရ် သတိပြုသင့်သည်ဟု သင်ထင်သည့် ဆေးဘက်ဆိုင်ရာ အခြေအနေရှိပါက၊ ကျေးဇူးပြု၍ RSD အင်တာဗျူးသူကို ပြောပြပါ။
သင်သည် မှန်ကန်သောအကြောင်းအရာကိုထွက်ဆိုရန်နှင့် RSD အင်တာဗျူးအတွင်း အင်တာဗျူးသူနှင့် ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိပါသည်။ အင်တာဗျူးသည် အသံဖမ်းခြင်းနှင့်အမေးအဖြေများကို ရေးသားထားသော မှတ်တမ်းကို ယူမည်ဖြစ်သော်လည်း ယူအင်အိပ်ချ်စီအာရ် ဝန်ထမ်းများ၏ ဒေတာကာကွယ်ရေးနှင့် လုံခြုံရေးအတွက်ကြောင့် သင့်အနေဖြင့် တွေ့ဆုံမေးမြန်းခြင်း သို့မဟုတ် အပြန်အလှန်တုံ့ပြန်မှုများကို မှတ်တမ်းတင်ရန် ခွင့်မပြုပါ။.
ကျွန်ုပ်၏အင်တာဗျူးသူ သို့မဟုတ် စကားပြန်ကို ပြောင်းလဲရန် လိုအပ်သည်ဟု ကျွန်ုပ်ခံစားရပါက မည်သို့ဖြစ်မည်နည်း။
ပို၍သက်တောင့်သက်သာရှိမည်ဆိုပါက RSD အင်တာဗျူးသူ သို့မဟုတ် အခြားစကားပြန်တစ်ဦးကို ကျား/မ အလိုက်လှဲလှယ် တောင်းဆိုရန်မှာ သင်၏အခွင့်အရေးဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် သင့်အမှုကိစ္စအပေါ် မည်သို့မျှ ထိခိုက်စေမည်မဟုတ်ပါ။ သင်သည်RSD အင်တာဗျူးသူ၏ မည်သည့် နိုင်ငံသား၊ မည်သည့် ဘာသာ၀င် သို့မဟုတ် မည်သည့်လူမျိုး ကသာလုပ်ဆောင်ပေးရန်ဟူ၍ တောင်းဆိုပိုင်ခွင့်မရှိပါ။ ယူအန်အိပ်ချ်စီအာရ် ဝန်ထမ်းများအားလုံး ကြားနေရေးမူကို လိုက်နာကြပြီး ၎င်းတို့၏ ကိုယ်ရေးအကျဉ်းသည် ၎င်းတို့၏ လုပ်ငန်း တာဝန်များ ထမ်းဆောင်နိုင်မှုအပေါ် လွှမ်းမိုးမည်မဟုတ်ပါ။ အကယ်၍ အင်တာဗျူးဖြေဆိုသူမှ ထို RSD အင်တာဗျူးသူဖြင့် အင်တာဗျူးမဖြေလိုသည့် အကြောင်းရင်းအတိအကျရှိပါက၊ အင်တာဗျူးကို ဆက်လက်လုပ်ဆောင်လိုခြင်းမရှိ ကြောင်းထိုသူအား အကြောင်းကြားပြီး ၎င်းကို ၎င်းတို့၏မန်နေဂျာသိရှိစေရန် အသိပေးနိုင်ပါသည်။ RSD မန်နေဂျာသည် အဆိုပါကိစ္စကို စဉ်းစားပေးမည်ဖြစ်သော်လည်း အင်တာဗျူးသူအား ပြောင်းလဲပေးရန်အတွက် ထူးခြားသောအကြောင်းပြချက်များမရှိပါက သင်၏တောင်းဆိုမှုကို လက်ခံပေးရန် အာမခံချက်မရှိပါ။
ကျွန်ုပ်အင်တာဗျူးပြီးနောက် စာရွက်စာတမ်းများ ထပ်မံတင်ပြရန် လိုအပ်ပါက မည်သို့ဆောင်ရွက်ရမည်နည်း။
အင်တာဗျူးသို့ သင်၏မူရင်းစာရွက်စာတမ်းအားလုံးကို ယူဆောင်လာပါ။. သို့ရာတွင်၊ သင်သည် အင်တာဗျူးပြီးနောက် RSD ဌာန နှင့် အခြားအချက်အလက်များ သို့မဟုတ် စာရွက်စာတမ်းကို မျှဝေလိုပါက mlslursd@unhcr.org သို့ အီးမေးလ်တစ်စောင်ပေးပို့ပြီး စာရွက်စာတမ်းများ၏ မိတ္တူ သို့မဟုတ် ဓာတ်ပုံကို ပူးတွဲတင်ပြပါ။ ကျေးဇူးပြု၍ သင့်၏ယူအင်ကေ့စ်နံပါတ်၊ အမည်နှင့် ဖုန်းနံပါတ်တို့ကို အီးမေးလ်တွင် ရေးပါ။
ကျွန်တော် RSD အင်တာဗျူးပီးပီ။ ဆုံးဖြတ်ချက်ချဖို့ အချိန် မည်မျှ ကြာအောင်ထပ် စောင့်ရဦးမည်နည်း။
သင်၏ကိစ္စအသေးစိတ်ပေါ်၌ မူတည်ပါသည်။ အမှုတစ်ခုစီကို တစ်ဦးချင်း သုံးသပ်သည်။ RSD ဌာန သည် RSD အင်တာဗျူးဖြေပီးနောက် သုံး လအတွင်း RSD ဆုံးဖြတ်ချက်များကို အပြီးသတ်ရန် အတတ်နိုင်ဆုံးကြိုးစားသော်လည်း၊ အမြဲတမ်းမဖြစ်နိုင်ပါ။ သင့်ကိစ္စနှင့်ပတ်သက်ပြီး အဆုံးအဖြတ်ရယူရန် နောက်ထပ်အချက်အလက်များ လိုအပ်ပါက အခြားအင်တာဗျူးတစ်ခုအတွက် သင့်အား ဖိတ်ခေါ်ခံရနိုင်သည်။ သင်၏နားလည်မှုနှင့် စိတ်ရှည်မှုကို ကျွန်ုပ်တို့ ကျေးဇူးတင်ပါသည်။ သင့်ဖုန်းနံပါတ်၊ အီးမေးလ်၊ လိပ်စာ သို့မဟုတ် အခြားဆက်သွယ်ရန် အချက်အလက်များအတွက် ပြောင်းလဲမှုများရှိပါက ယူအင်အိပ်ချ်စီအာရ်ကို အကြောင်းကြားရန် အရေးကြီးပါသည်။ . သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို အပ်ဒိတ်လုပ်ရန် ဤနေရာ ကိုနှိပ်ပါ။
ကျွန်ုပ်၏ RSD ဆုံးဖြတ်ချက်ကို ကျွန်ုပ် မည်သို့ လက်ခံရရှိနိုင်မည်နည်း။
အင်တာဗျူးပြီးနောက်၊ သင်၏အမှုကို ရုံးမှစစ်ဆေး၍ ၊ ဆုံးဖြတ်ချက်ချမည်ဖြစ်ပြီး၊ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး သင့်အားအကြောင်းကြားရန် တယ်လီဖုန်းဖြင့်ဆက်သွယ်မည်ဖြစ်သည်။ သင်၏လျှောက်လွှာအောင်မြင်ပါက၊ သင်သည် ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခံရလိမ့်မည်။ သင့်ဖြေဆိုမှုလျှောက်လွှာမအောင်မြင်ပါက၊ သင်သည် ဤဆုံးဖြတ်ချက်ကို အယူခံဝင်ပိုင်ခွင့်ရှိသည်။
ပထမဥပမာအဆင့်တွင် အနုတ်လက္ခဏာ RSD ဆုံးဖြတ်ချက်(ရှုံးနိမ့်ပါက)ကို ကျွန်ုပ်ရရှိပါက မည်သို့ဖြစ်မည်နည်း။
သင့်လျှောက်လွှာမအောင်မြင်ပါက၊ ဆုံးဖြတ်ချက်ချရသည့်အကြောင်းရင်းများကို သင့်အားရှင်းပြမည်ဖြစ်ပြီး ဆုံးဖြတ်ချက်ကိုရှင်းပြသည့်စာတစ်စောင်ကိုလည်း လက်ခံရရှိမည်ဖြစ်သည်။ အင်တာဗျူးမအောင်မြင်ကြောင်း ဆုံးဖြတ်ချက်ကို အကြောင်းကြားပြီး ရက်ပေါင်းခြောက်ဆယ် (၆၀) အတွင်း ဤဆုံးဖြတ်ချက်ကို အယူခံဝင်ပိုင်ခွင့်ရှိပြီး RSD ဝန်ထမ်းမှ အယူခံဝင်ခြင်းလုပ်ငန်းစဉ်ကို ရှင်းပြပါမည်ဖြစ်သည်။ သင်၏ အယူခံလျှောက်လွှာကို mlslursd@unhcr.org.သို့ အီးမေးလ်ဖြင့် ပေးပို့ရပါမည်။ သင်သည် အီးမေးလ်၏အကြောင်းအရာတွင် “အယူခံတောင်းဆိုချက်” ကိုရေးပြီး သင့်အမည်၊ သင်၏ ယူအင်အိပ်ချ်စီအာရ် ဖိုင်နံပါတ်နှင့် အီးမေးလ်၏ စာသားတွင် မွမ်းမံထား(အပ်ဒိတ်လုပ်)သော ဆက်သွယ်ရန်နံပါတ်တို့ကို ထည့်သွင်းရပါမည်။ သတ်မှတ်ထားသောကာလအတွင်း အယူခံလျှောက်လွှာကို မတင်သွင်းပါက၊ နောက်ဆုံးရက်မတိုင်မီ အယူခံတင်သွင်းရန် ပျက်ကွက်ခြင်းအတွက် ထူးခြားသောအကြောင်းပြချက်များမရှိပါက၊ သင်၏ဖိုင်ကို ပိတ်မည်ဖြစ်ပါသည်။
အယူခံလျှောက်လွှာတင်ပြီးနောက် မည်သည့်အရာကို မျှော်လင့်နိုင်မည်နည်း။။
၎င်းသည် သင့်အမှု၏အခြေအနေများနှင့် သင်၏အယူခံလျှောက်ထားမှုတွင် သင်ထည့်သွင်းရသည့် အကြောင်းရင်းများပေါ်တွင် မူတည်မည်ဖြစ်သည်။ အယူခံလျှောက်လွှာတင်သူတိုင်းကို အခြားအင်တာဗျူးအတွက် ခေါ်မည်မဟုတ်ပါ။ သင့်ဖိုင်နှင့် အယူခံလျှောက်လွှာတွင် ရရှိနိုင်သော အချက်အလက်များအပေါ် အခြေခံ၍ ဆုံးဖြတ်ချက်တစ်ခု ပြုလုပ်နိုင်သည်။ သင်၏ အယူခံလျှောက်လွှာတွင် သင်တင်ပြလိုသော ပြဿနာအသစ်များ သို့မဟုတ် အကြောင်းအရာ(အထောက်အထားများ)ရှိပါက၊ သင်အနေဖြင့် တင်ပြခြင်းပြုလုပ်နိုင်ပါသည်။ အဓိပ္ပာယ်ဘာသာပြန်ဆိုခြင်း နှင့်ပတ်သက်၍သော်လည်းကောင်း RSD တွေ့ဆုံမေးမြန်းသူသည် သင့်အမှုကို ကိုင်တွယ်ပုံနှင့် ပတ်သက်၍သော်လည်းကောင်း ပြဿနာများရှိပါက သင့်အနေဖြင့်တင်ပြနိုင်သည်။ အယူခံအဆင့်တွင်၊ သင့်အမှုကို ပထမအကြိမ် ဆုံးဖြတ်ချက်တွင် ပါဝင်ပတ်သက်သူများထက် မတူညီသော ဝန်ထမ်းများမှ စီမံဆောင်ရွက်ပြီး ပြန်လည်သုံးသပ်ပါမည်။ သင့်အမှုကို အယူခံအဆင့်တွင် ပြန်လည်သုံးသပ်ပြီးနောက်၊ သင်သည် အပြုသဘော(အအောင်) သို့မဟုတ် အပျက်သဘောဆောင်သော ( အရှုံး) ဆုံးဖြတ်ချက်ကို လက်ခံရရှိနိုင်ပါသည်။ အယူခံအဆင့်တွင် သင့်အား ပယ်ချခံရပါက သင်၏ ယူအင်အိပ်ချ်စီအာရ် ဖိုင်ကို ပိတ်ပါမည်။ နောက်ဆုံးအပြီးသတ်ဟု ယူဆသည့် ဤ RSD ဆုံးဖြတ်ချက်ကို သင်သည် နောက်ထပ် အယူခံဝင်နိုင်မည်မဟုတ်ပေ။ သင့်အား မည်သည့် ယူအင်အိပ်ချ်စီအာရ် စာရွက်စာတမ်းမှ ထုတ်ပေးမည်မဟုတ်တော့ပါ။.
ယူအင်အိပ်ချ်စီအာရ် နှင့် ပတ်သက်သည့် ဖိုင်ကို ပိတ်ထားကြောင်း ကျွန်ုပ်အား အသိပေးခဲ့ပါသည်။ ယူအင်အိပ်ချ်စီအာရ် က ဘာကြောင့် ငါ့ဖိုင်ကို ပိတ်တာလဲ။
သင့်ဖိုင်ကို ပိတ်ရခြင်းအကြောင်းရင်းများစွာ ရှိနိုင်ပါသည်။
- သင်၏ RSD ကိစ္စအား အယူခံအဆင့်တွင် ပယ်ချခဲ့သည်။
- အင်တာဗျူးရှုံးကြောငးာ ပထမအကြိမ် ဆုံးဖြတ်ချက်ကို အကြောင်းကြားပြီး ရက်ပေါင်း ၆၀ အတွင်း သင်သည် အယူခံလျှောက်လွှာကို မတင်သွင်း သောကြောင့်ဖြစ်ပါသည်။
- သင့်မူရင်းနိုင်ငံသို့ ပြန်ရန် သို့မဟုတ် အခြားနိုင်ငံသို့ သွားရန်အတွက် သင်သည် မလေးရှားမှ ထွက်ခွာခဲ့သည်။
- ရက်ချိန်းစီစဉ်ရန် သင့်အား ဆက်သွယ်၍မရပါ၊ သို့မဟုတ် စီစဉ်ထားသည့်ရက်ချိန်းကို သင်မတက်ရောက်ဘဲ နောက်ဆက်တွဲအနေဖြင့် ဆက်သွယ်၍မရ သို့မဟုတ် ကျေနပ်လောက်သောရှင်းပြချက်ကို မပေးနိုင်ပါ။
ကျွန်ုပ်၏ဖိုင်ကို ယူအင်အိပ်ချ်စီအာရ် မှပိတ်ပြီးနောက် မည်သို့ပြန်ဖွင့်နိုင်သနည်း၊ ယူအင်အိပ်ချ်စီအာရ် စာရွက်စာတမ်းအသစ်ကို မည်သို့ရနိုင်မည်နည်း။
သင်ရွေးချယ်ထားသောဘာသာစကားဖြင့်RSDဌာနသို့ mlslursd@unhcr.org အီးမေးလ်ဖြင့် စာရေးသားပေးပို့ပီးပြန်လည်ဖွင့်လှစ်ရန် တောင်းဆိုချက်ကို သင်တင်ပြနိုင်ပါသည်။ သင် သည် အီးမေးလ် ၏ အကြောင်းအရာ တွင် " ပြန်လည်ဖွင့်လှစ်ပေးရန်တောင်းဆိုခြင်း " ဟု ရေးသား ရ မည် ဖြစ် ပြီး သင့် အမည် ၊ ယူအင်အိပ်ချ်စီအာရ် ဖိုင် နံပါတ် နှင့် အီးမေးလ် ၏ စာသား တွင် အသစ် ပြင်ဆင်ထည့်သွင်းထားသော ဖုန်းနံပါတ် ပါဝင်ရ မည် ဖြစ်သည်။
RSD ချိန်းဆိုမှုကို လက်လွတ်သွားပြီးသည့်နောက် သင့်ဖိုင်ကို ပိတ်လိုက်လျှင်
သင့်အနေဖြင့် မည်သည့်အကြောင်းအရာကြောင့် ရက်ချိန်းလွဲချော်ခဲ့ရကြောင်းနှင့် ဖိုင်ပြန်ဖွင့်စေလို သည့် အကြောင်းရင်းကို ရှင်းပြချက်ပေး ရမည်ဖြစ်သည်။ အာအက်စ်ဒီ ယူနစ်(RSD) က သင် ၏ ချိန်းဆို မှုလွဲချော်ခဲ့ရခြင်း အတွက် ကျေနပ် ဖွယ် ရှင်းပြ ချက် တစ် ခု ပေး ခဲ့ လျှင် သင် ၏ ပြန်လည် ဖွင့်လှစ် ခြင်း တောင်းဆို ချက် ကို ပြန်လည် သုံးသပ် ပြီး အကဲဖြတ် လိမ့်မည် ။ အကယ်၍ အာအက်စ်ဒီ ယူနစ် က သင့် ဖိုင် ကို ပြန်ဖွင့် ရန် ဆုံးဖြတ် လျှင် ၊ လိုအပ် ပါက၊ နောက်ထပ် ဘာ မျှော်လင့် ရ မ လဲ ဆိုတာ နှင့် ၊ အာအက်စ်ဒီ အင်တာဗျူး ချိန်းဆို မှု အသစ် တစ် ခု အတွက် အသေးစိတ် အချက်အလက် များ နှင့် ဆက်သွယ် နိုင် ပါ သည် ။
အကယ်၍သင်သည် RSD အင်တာဗျူး ကျရှုံးကြောင်း ဆုံးဖြတ်ချက်ကို အသိပေးခံရပီးနောက် သတ်မှတ်ပေးထားသောချိန်အတောအတွင်း အယူခံလျှောက်လွှာကို မတင်သွင်းသောကြောင့် သင်၏ဖိုင်ကိုပိတ်ထားခဲ့လျှင်
သင်သည် သတ်မှတ်ထားသောရက်အတွင်း အဘယ်ကြောင့် အယူခံလျှောက်လွှာမတင်ခဲ့ကြောင်း ရှင်းပြရမည်။ အာအက်စ်ဒီ ယူနစ် သည် သတ်မှတ် ထား သော ရက် အတွင်း အယူခံဝင် မှု လျှောက်လွှာ တစ် ခု တင်သွင်း ခြင်း မ ရှိ ခြင်း အတွက် ကျေနပ် ဖွယ် ရှင်းပြ ချက် တစ် ခု ပေး ခဲ့ လျှင် တောင်းဆို ချက် ကို ပြန်လည် သုံးသပ် ပြီး အကဲဖြတ် လိမ့်မည် ။
အကယ်၍ သင့်အမှုကို အယူခံအဆင့်တွင် ပယ်ချခဲ့သောကြောင့် သင့်ဖိုင်ကို ပိတ်ထားခဲ့လျှင် -
အကယ်၍ သင့်အမှုကို အယူခံအဆင့်တွင် ပယ်ချလိုက်ပြီး သင့်ဖိုင်ကို ပိတ်ထားမည်ဆိုလျှင် ယူအင်အိပ်ချ်စီအာရ် နှင့်သက်ဆိုင်သူ တစ်ဦးဟု မယူမှတ်တော့ပါ။ သင်၏ RSD(အာရ်အက်ဒီ) အမှုကို အ သေး စိတ်အကဲဖြတ်ပီးဖြစ်၍ သင်သည် ဒုက္ခသည်တစ်ယောက်မဟုတ်ကြောင်း တွေ့ရှိထား၍ဖြစ်သည်။ မလေးရှားတွင် သင်၏ အဆင့်အတန်းကို ထပ်ကာထပ်ကာဖြစ်စေရန် သင့်ကိုယ်ပိုင်အစီအမံများ ပြုလုပ်ရန် လိုအပ်မည်ဖြစ်ရာ သင်သည် နိုင်ငံအတွင်း တရားမဝင်နေထိုင်ခြင်း သို့မဟုတ် မဖြစ်နိုင်ပါက အခြားရွေးချယ်စရာများကို ဆင်ခြင်ပါ။ အကယ်၍သင်၏မိခင်နိုင်ငံသို့ ပြန်သွားလိုပါကမိမိ ဆန္ဒအလျောက်ပြန်လည်သွားရောက်ခြင်းနဲ့ပတ်သက်၍ နောက်ထပ်သတင်းအချက်အလက်အတွက် ဤနေရာ ကိုနှိပ်ပါ။
သင် ၏ အာအက်စ်ဒီ အမှု ကို အယူခံ အဆင့် တွင် ပယ် ချ ခဲ့ လျှင် ဖိုင် ပြန်ဖွင့် ရန် တောင်းဆို နိုင် သော်လည်း ၊ ၎င်း သည် အာအက်စ်ဒီ ယူနစ် ကို ပြန်လည် ဖွင့်လှစ် သော လျှောက်လွှာ တစ် ခု ကို ပြန်လည် သုံးသပ် ရန် အချိန် ကြာ နိုင် ပြီး သင့် ဖိုင် ကို ပြန်လည် ဖွင့်လှစ် လိမ့်မည် ဟု အာမခံ ချက် မ ရှိ ပါ ။ ဖိုင်တစ်ခုကို အယူခံအဆင့်တွင် နောက်ဆုံးငြင်းပယ်ခံရပြီးနောက်မှသာ ပြန်လည် ဖွင့်လှစ်ပေး နိုင်ပါသည်။
- သင်၏ ဒုက္ခသည် အဆင့်အတန်းအတွက် အရည်အချင်းပြည့်မီမှုကို ထိခိုက်နိုင်သည့် သင့် မူလနိုင်ငံတွင် သိသာထင်ရှားသော အခြေအနေ ပြောင်းလဲမှုများရှိခဲ့သည်။
- သင့်ကိုယ်ပိုင်အခြေအနေတွေမှာ ဒုက္ခသည်အနေအထားကို ထိခိုက်စေနိုင်တဲ့ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတစ်ခု ရှိခဲ့လျှင် သို့မဟုတ်
- သင့်အမှုကို မလျောက်ပတ်စွာဆုံးဖြတ်ခဲ့ကြောင်း နှင့် ဒုက္ခသည်အနေအထားအတွက် သင့်လျော်သော အကြောင်းပြချက်များကို လုံလောက်စွာ စစ်ဆေးမေးမြန်းခြင်း သို့မဟုတ် မဖြေရှင်းခဲ့ကြောင်း ဖော်ပြသည့် ဆီလျော်မှုရှိ၍ ယုံကြည်စိတ်ချရသော သတင်းအချက်အလက်အသစ်များရှိပါလျှင် ။
တခြားနိုင်ငံမှာ ယူအင်အိပ်ချ်စီအာရ် က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံခဲ့ရတယ်။ မလေးရှားမှာ ကျွန်မရဲ့ အခြေအနေက ဘာလဲ။
အခြားနိုင်ငံမှာ ယူအင်အိပ်ချ်စီအာရ် က ဒုက္ခသည်အဖြစ် လူတစ်ယောက်ကို အသိအမှတ်ပြုခံရတဲ့အခါ ယူအင်အိပ်ချ်စီအာရ် မလေးရှားက ဒုက္ခသည်အနေအထားကို အတည်မပြုခင် တခြား ယူအင်အိပ်ချ်စီအာရ် ရုံးမှာ အဲဒီသတင်းအချက်အလက်ကို စစ်ဆေးဖို့လိုပါတယ်။ အချိန်အတော်ကြာနိုင်တယ်။ အခြားသော ယူအင်ရုံးသို့ ပေးခဲ့သည့်နည်းတူ မလေးရှား ယူအင်အိပ်ချ်စီအာရ်ရုံးသို့ လည်းလိုအပ်သော သတင်းအချက်အလက်များနှင့် စာရွက်စာတမ်း အထောက်အထားများ ပိုမိုပေးပို့ လေလေ သင်၏အမှုကိစ္စပိုမို မြန်ဆန်လေလေဖြစ်မည်ဖြစ်သည်။ တခြား ယူအင်အိပ်ချ်စီအာရ် ရုံးမှ သင်၏ ဒုက္ခသည်ဟုတ်မဟုတ် အခြေအနေကို အတည်ပြုပေး ပြီးဖြစ်သော်လည်း သင် ၏ဒုက္ခသည်အနေအထားကို အတည်ပြုနိုင်/မနိုင် အကဲဖြတ်ရန် ထပ်ဆင့်အချက်အလက်များကို စုဆောင်းဖို့ရန် သင့်အား လူတွေ့မေးမြန်းဖို့ လိုအပ်နေအုံးမည် ဖြစ်သည်။
ဥပဒေအကြံဉာဏ်နဲ့ ကိုယ်စားပြုမှုကို ဘယ်မှာ ရှာတွေ့နိုင်မလဲ။
Asylum Access Malaysia (AAM) အာအက်စ်ဒီ(RSD) လုပ်ထုံးလုပ်နည်း များ အတွက် တရားဝင် အကူအညီ နှင့် ကိုယ်စားပြု ခြင်း ကို ထောက်ပံ့ ပေး သော အစိုးရ မ ဟုတ် သော အဖွဲ့အစည်း ( အန်ဂျီအို )တစ် ခု ဖြစ် သည် ။ ယူအန်အိတ်ခ်ျစီအာနှင့် မလေးရှားအစိုးရတို့မှ သီးခြားဖြစ်ပြီး ဝန်ဆောင်မှုအားလုံးသည် အခမဲ့ဖြစ် သည်။ သတင်းအချက်အလက်များအတွက် ထပ်မံသိရှိလိုပါက
၀က်ဘ်ဆိုဒ်(Website): Asylum Access Malaysia
တယ်လီဖုန်းနံပါတ်(Telephone: +603 2201 5438 (ကြိုးဖုန်း) or +6012 224 5439 (သတင်းအချက်အလက်များကိုလည်း ဤဖုန်းနံပါတ်ပေါ်တွင် အချက်ပြပေးပို့နိုင်)
Email: legal.aam@asylumaccess.org
AAM မှာ စွမ်းပကား အကန့်အသတ် ရှိ ပြီး ဝန်ဆောင် မှု တောင်းခံ နေ သူ တိုင်း ကို ကူညီ ပေး နိုင် မှာ မ ဟုတ် ဘူး ဆိုတာ ကျေးဇူးပြု ၍ သတိပြု ပါ ။ AAM သည် လောလောဆယ် လူကိုယ် တိုင်သွားရောက်ခြင်း အတွက် ဖွင့် ထား ခြင်း မ ရှိ ပါ ။ ရက်ချိန်းရယူလိုပါက တယ်လီဖုန်း သို့မဟုတ် အီးမေးလ်မှတစ်ဆင့် AAM ကို ဆက်သွယ်ပါ။
မလေးရှား ဘား ကောင်စီ ဥပဒေ အကူအညီ ပေး ရေး စင်တာ များ သည် ဒုက္ခသည် များ နှင့် ရွှေ့ ပြောင်း အလုပ် သမား များ ကို အခမဲ့ ဥပဒေ ဆိုင်ရာ အကြံဉာဏ် ၊ ကိုယ်စားပြု ခြင်း နှင့် အကူအညီ များ ထောက်ပံ့ ပေး သော ဒုက္ခသည် ဆေးခန်း များ ကို လုပ်ဆောင် သည် ။
၀က်ဘ်ဆိုဒ်: Malaysian Bar Council
ကျွန်တော်/ကျွန်မ၏ ယူအင်အိပ်ချ်စီအာရ် ဖိုင်ထဲမှာ မိသားစုဝင်အသစ်တွေကို ထပ်ထည့်သွင်း ချင်ပါသည်။ ယူအဲန်အိပ်ခ်ျစီအာတွင် မှတ်ပုံတင်ထားခြင်း မရှိသေးပါ။ အဲဒါကို ဘယ်လိုလုပ်ရမလဲ။
သင့်ဖိုင်ထဲမှာ မိသားစုဝင်အသစ်တွေ ထပ်ထည့်ဖို့ တောင်းဆိုချက်တစ်ခု ပြုလုပ်ဖို့ ဤနေရာ နှိပ်ပါ။
ဤနေရာ၌မပါ၀င်သော အခြားမေးခွန်းများရှိပါသည်။ ယူအင်အိပ်ချ်စီအာရ် ရုံးမှ က ကျွန်မကို ဘယ်လိုကူညီပေးနိုင်မလဲ။
အကယ်၍ သင် ၌ ယူအင်အိပ်ချ်စီအာရ် ၏ အာရုံစိုက် မှု သို့ ယူဆောင် လာ ရန် ဆန္ဒ ရှိ သော သီးခြား ပြဿနာ များ ရှိ လျှင် သင် သည် ကျွန်ုပ် တို့ ၏ ဝက်ဘ်ဆိုက် ၏ Contact (ဆက်သွယ်ရေး အပိုင်း) ကို နှိပ် ပြီး ၊ သက်ဆိုင်ရာ ယူအင်အိပ်ချ်စီအာရ် ၏ဌာန က သင့် ကို ဆက်သွယ် နိုင် ပါ သည် ။
မလေးရှားမှာရှိတဲ့ ရဲတွေ ဒါမှမဟုတ် အာဏာပိုင်တွေနဲ့ ပြင်းထန်တဲ့ပြဿနာကို ရင်ဆိုင်နေရရင် ဆက်သွယ်နိုင်ပါတယ် ထိန်းသိမ်းရေး နံပါတ် : +6012 630 5060, တနင်္လာနေ့ နှင့် သောကြာနေ့ တို့တွင် နံနက် ၈ နာရီ မှစ၍ ညနေ ၆ နာရီအထိ : စနေနေ့ နှင့် တနင်္ဂနွေနေ့တို့တွင် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ အင်္ဂ လိပ်ဘာသာ သို့မဟုတ် မလေးဘာသာစကားဖြင့် ခေါ်ဆိုနိင်ပါသည်။. သို့မဟုတ် ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်မှာ ဖမ်းဆီးမှုနဲ့ ထိန်းသိမ်းရေး အစီရင်ခံစာ ပြုလုပ်ဖို့ ဤနေရာ ကိုနှိပ်ပါ။
ယူအင်အိပ်ချ်စီအာရ် နဲ့ မှတ်ပုံတင်ခြင်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေအတွက် ဤနေရာ ကိုနှိပ်ပါ။
ကျန်းမာရေး ဝန်ဆောင်မှုတွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေအတွက် ဤနေရာ ကိုနှိပ်ပါ။
ကျား/မ-အခြေပြု အကြမ်းဖက်မှု(GBV) ကနေ အသက်ရှင်ကျန်ရစ်သူတွေအတွက် ဝန်ဆောင်မှုတွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက် ဤနေရာ ကိုနှိပ်ပါ။
ကလေး သူငယ် များ ကာကွယ်ရေး ဝန်ဆောင်မှုများနဲ့ပတ်သက်သည့် သတင်းအချက်အလက်တွေအတွက် ဤနေရာ ကိုနှိပ်ပါ။
ပညာရေး ဝန်ဆောင်မှုတွေနဲ့ စပ်ကြား သတင်းအချက်အလက်တွေအတွက် ဤနေရာ ကိုနှိပ်ပါ။ ပညာရေး စုံစမ်းမေးမြန်းမှုများအတွက် ဤနေရာ ကိုနှိပ်ပါ။
ယူအင်အိပ်ချ်စီအာရ်၏၀န်ဆောင်မှု အားလုံးသည် အခမဲ့ဖြစ်သည်။
ယူအင်အိပ်ချ်စီအာရ်၏၀န်ဆောင်မှု တစ်ခုခုအတွက် ပေးဆပ်ဖို့ တောင်းဆိုခံရမယ်ဆိုရင် ယခုဖော်ပြထားသော နေရာများထဲမှ တစ်ခုခုကနေတစ်ဆင့် အစီရင်ခံစာတစ်ခုလုပ်ပါ။
ယူအင်အိပ်ချ်စီအာရ် မလေးရှား၏ အန္တရာယ်၊ သမာဓိနှင့် ကြီးကြပ်ရေးအဖွဲ့: mlslufrd@unhcr.org
လိမ်လည်မှုနဲ့ အကျင့်ပျက်ခြစားမှုနဲ့ပတ်သက်တဲ့ အွန်လိုင်း တိုင်ကြားချက်တစ်ခု ပြုလုပ်ဖို့ ဤနေရာ ကိုနှိပ်ပါ။
ယူအင်အိပ်ချ်စီအာရ်ရဲ့ အထွေထွေ စုံစမ်းစစ်ဆေးရေးရုံး (IGO): inspector@unhcr.org
တိုင်ကြားချက် အားလုံး ကို လျှို့ဝှက် စွာ လုပ်ဆောင်မည်ဖြစ်သည်။
အကယ်၍ ကျွနုပ်အနေဖြင့် ပိုက်ဆံပေးပီး ယူအင်အိပ်ချ်စီအာရ် နှင့် RSD အင်တာဗျူးလုပ်ခွင့် ရရှိနိုင်ပါသလား။
မရပါ။ ယူအန်အိပ်ခ်ျစီအာ နှင့် ၎င်း ၏ လုပ်ဖော်ကိုင်ဖက် များ မှ ထောက်ပံ့ ပေး သော ဝန်ဆောင် မှု အားလုံး သည် အခမဲ့ ဖြစ် ကြောင်း ကျေးဇူးပြု ၍ သတိပြု ပါ ။ ယူအန်အိပ်ခ်ျစီအာ သို့မဟုတ် ၎င်း ၏ လုပ်ဖော်ကိုင်ဖက် များ ၏ ဝန်ဆောင် မှု များ အတွက် ပိုက်ဆံ ပေး ရန် တောင်းဆို သော မည်သူ သို့မဟုတ် မည်သည့် အဖွဲ့အစည်း ကို မဆို မယုံကြည် ပါ နှင့် ။ သူတို့သည် သင့်အား လိမ်ညာနေခြင်းဖြစ်ပါသည်။ သင်၏ ပိုက်ဆံ ဆုံးရှုံးသွားမည်ဖြစ်ပီး အင်တာဗျူးအတွက် ရက်ချိန်း ရရှိမည် မဟုတ်ပါ။ သင့်ထံ ထိုသို့သော လိမ်ညာမှုပြောဆိုတက်သူများသည် သင့်အခြေအနေကို အခွင့်ကောင်းယူနိုင်ရန် ကြိုးပမ်းနေကြပါသည်။ လိမ်လည်မှုမှကုန်ကျစရိတ်များကင်းရန် သူတို့အား ရှောင်ရှားပါ။ သူတို့သည် သင့်အား ဆွဲဆောင်နိုင်ရန် ယူအန်အိတ်ခ်ျစီအာရ်နှင့် ချိတ်ဆက်ထားကြောင်း အချက်အလက်များကိုလည်း ပြသနိုင်ပါသည်။ ဤသို့သောသူတို့အား မယုံပါနှင့်။
အကယ်၍ တစ်စုံတစ်ဦးက သင်၏ ယူအင်အိပ်ချ်စီအာရ် ကိစ္စနှင့်ပတ်သက်၍ ကူညီပေးနိုင်သည်ဟု ဆိုကာ ချဥ်းကပ်လာပါက ယူအက်အိပ်ချ်စီအာရ်ကို ချက်ချင်း အသိပေးအကြောင်းကြားပါ။