လိမ်ညာမှုများကို သတိပြုပါ – ယူအန်အိတ်ချ်စီအာတွင် အလုပ်လုပ်‌နေသကဲ့သို့ ပြောဆိုသည့် အမျိုးသမီးတစ်ဦး

Wednesday / 08 February 2023

ယူအန်အိတ်ချ်စီအာရှိ မှတ်ပုံတင်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနအတွက် တာဝန်ထမ်းဆောင်နေသကဲ့သို့ပြောဆိုနေသည့် အမျိုးသမီးတစ်ဦးနှင့် ပတ်သက်ပြီး ယူအန်အိတ်ချ်စီအာအနေဖြင့် တိုင်ကြားစာများကို လက်ခံရရှိပါသည်။ အဆိုပါ အမျိုးသမီးသည် ဒုက္ခသည်များကို WhatsApp မှတစ်ဆင့် ဆက်သွယ်ပြီး ပြန်လည်နေရာချထားရေးဆိုင်ရာ အင်တာဗျူး၊ မှတ်ပုံတင်စာရင်းသွင်းရေးဆိုင်ရာ အင်တာဗျူး၊ ရက်ချိန်းများ၊ ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းများအတွက် အပြန်အလှန်အားဖြင့် ဘဏ်အကောင့်တစ်ခုသို့ ရင်းဂစ် ၃၀၀ မှ ၅၀၀ကြား လွှဲပြောင်းပေးရန် တောင်းဆိုတက်ပါသည်။ လိမ်လည်သူအသုံးပြုသည့် လူသိများသောဖုန်းနံပါတ်များမှာ ၀၁၁-၃၃၃၂၁၅၆၇ သို့မဟုတ် ၀၁၁-၁၆၅၆၀၆၀၁ ဖြစ်သည်။ ဤဖုန်းနံပါတ်များမှ လက်ခံရရှိ/ရရှိနိုင်သောစာများအားလုံးကို စာမပြန်ရန်၊ လျစ်လျူရှုပြီး ဖျက်ရန် အကြံပြုထားလိုပါသည်။ သူမသည် သူအကြောင်းနှင့်ပါတ်သက်ပြီး တိုင်ကြားပါက တိုင်ကြားသူများ၏ ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းများအား ရုပ်သိမ်းခြင်း၊ အမှုတွဲများအား ပိတ်သိမ်းခြင်းတို့ကို ကြုံတွေ့ရမည်ဖြစ်ကြောင်းအပါအဝင်လည်း တစ်ဦးချင်း အကြောင်းကြား လေ့ရှိပါသည်။ ထို့အပြင် သူမသည် ယူအန်အိတ်ချ်စီအာတွင် အလုပ်လုပ်သည့်အတွက် သူမအပေါ် ဘာတစ်စုံတစ်ရာမှဖြစ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဤအကြောင်းအရာသည် လိမ်ညာမှုတစ်ခုဖြစ်ပါသည်။ ဤပုဂ္ဂိုလ်သည် ယူအန်အိတ်ချ်စီအာတွင် အလုပ်မလုပ်ပါ။ ယူအန်အိတ်ချ်စီအာ၏ ဝန်ဆောင်မှုအားလုံးသည် အခမဲ့ဖြစ်ပါသည်။ မှတ်ပုံတင်ခြင်း၊ ဒုက္ခသည်အခြေအနေသတ်မှတ်ခြင်း (RSD)၊ ပြန်လည်နေရာချထားရေး သို့မဟုတ် အခြားရည်ရွယ်ချက်တစ်ခုခုအတွက် သင်၏ အမှုတွဲကို ဆောင်ရွက်ရန် ယူအန်အိတ်ချ်စီအာဝန်ထမ်းများ သို့မဟုတ် မည်သည့်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုမျှ အခကြေးငွေ မပေးပါနှင့်။

အခကြေးငွေအတွက် အပြန်အလှန်အားဖြင့် ပြန်လည်နေရာချထားရေး သို့မဟုတ် အင်တာဗျူးများရရန် ကူညီနိုင်သည်ဟုပြောဆိုပြီး ယူအန်အိတ်ချ်စီအာနှင့် အထူးကောင်းမွန်သော ဆက်ဆံရေးများရှိသည်ဟု ပြောဆိုသူတိုင်းကို သတိထားပါ။ ၎င်းတို့နှင့်အတူ သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များအား မမျှဝေပါနှင့်။

ယူအန်အိတ်ချ်စီအာသည် ဘဏ်အကောင့်နံပါတ်သို့ ငွေလွှဲရန် သင့်ကို ဘယ်သောအခါမှ တောင်းဆိုလိမ့်မည်မဟုတ်ပါ။ ဒုက္ခသည်များထံမှ အခကြေးငွေရယူရာတွင် ပါဝင်ပတ်သက်နေသည့် မည်သည့် ယူအန်အိတ်ချ်စီအာဝန်ထမ်းမဆို ၎င်းတို့၏ အလုပ်အား ချက်ချင်းရပ်စဲပြီး ရဲထံ၌ တိုင်ကြားခြင်းခံရမည်ဖြစ်ပါသည်။

သင်သည် ယူအန်အိတ်ချ်စီအာသို့ သံသယဖြစ်ဖွယ်လုပ်ဆောင်မှုများနှင့်ပါတ်သက်၍ တိုင်ကြားပါက သင်၏ ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းများအား ရုပ်သိမ်းမည် မဟုတ်သည့်အပြင် သင်၏ အမှုတွဲအား နှောင့်နှေးကြန့်ကြာ သို့မဟုတ် ပိတ်သိမ်းခံရမည် မဟုတ်ပါ။

ယူအန်အိတ်ချ်စီအာ (မှတ်ပုံတင်ခြင်း၊ ဒုက္ခသည်အခြေအနေသတ်မှတ်ခြင်း (RSD)၊ ပြန်လည်နေရာချထားရေးဆိုင်ရာ အင်တာဗျူးများ စသည့်) ဝန်ဆောင်မှုများနှင့်ပါတ်သက်၍ သင့်ကို အကူအညီပေးနိုင်သည်၊ အပြန်အလှန်အားဖြင့် အခကြေးငွေ‌တောင်းဆိုခြင်းအတွက် တစ်စုံတစ်ဦးမှ ဆက်သွယ်လာပါက ဖုန်းခေါ်ဆိုမှုကို ချက်ချင်းရပ်ပြီး ဤကိစ္စအား တိုင်ကြားရန် :

  • ရဲ
  • ဖောင်ကို အသုံးပြု၍ ယူအန်အိတ်ချ်စီအာသို့ ချက်ခြင်း ဖုန်းခေါ်ဆို၍ တိုင်ကြားပါ။

ယူအန်အိတ်ချ်စီအာ၏ လုပ်ငန်းစဉ်များနှင့် အကူအညီများနှင့်စပ်လျဥ်း၍ ထပ်မံပြီး အချက်အလက်များ သိရှိလိုပါက Refugee Malaysia ဝက်ဘ်ဆိုက်သို့ သွားရောက်ဖတ်ရှုပါ။



Share