မွေးစာရင်းရယူခြင်းသည် ကလေးတိုင်း မိမိတို့ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန် မရှိမဖြစ်လိုအပ်ပြီး၊ ယူအန်အိတ်ခ်ျစီအာရ်သည် ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများကို မလေးရှားနိုင်ငံတွင် ဖွားမြင်သည့် မိမိကလေးများအတွက် အမျိုးသားမှတ်ပုံတင်ဌာန Jabatan Pendaftaran Negara (JPN) မှ မွေးစာရင်းရယူရန် အရေးတကြီးအကြံပြုအပ်ပါသည်။ သို့သော်လည်း အချို့သော ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများသည် မိမိတို့၏ကလေးများအတွက် မွေးစာရင်းရရှိရေးတွင် အခက်အခဲများရှိနေတက်သောကြောင့် ယူအန်အိတ်ခ်ျစီအာရ်တွင် မှတ်ပုံတင်ထားသော မိဘများ၏ ဖိုင်များတွင် မွေးကင်းစကလေးများကို ထည့်သွင်းရန် ၎င်းအဆင့်သည် မဖြစ်မနေလိုအပ်သောအရာ မဟုတ်တော့ပေ။ အကြောင်းမှာ ယူအန်အိတ်ခ်ျစီအာရ်သည် ကလေးမွေးဖွားခြင်း သက်သေအထောက်အထား၊ သူတို့၏မိဘများနှင့် တောစပ်မှု သက်သေအထောက်အထားများဖြစ်သော အခြားစာရွက်စာတမ်းများအသုံးပြုခြင်းဖြင့်လည်း အသက်ငါးနှစ်အောက် ကလေးများအား မှတ်ပုံတင်ထားသော မိဘများ၏ ဖိုင်များထဲတွင် ထည့်သွင်းရန်အတွက် လက်ခံနေပြီဖြစ်သည်။ ဤအရာများတွင် –
- JPN မှ မွေးစာရင်းမူရင်းပုံစံ
- ဆေးရုံမှ မွေးဖွားမှုပုံစံ၏မူရင်းအတည်ပြုချက် သို့မဟုတ် အိမ်တွင်မွေးဖွားကြောင်း ဆရာဝန်၏အတည်ပြုစာ
- အိမ်တွင်မွေးဖွားကြောင်း ရဲမှတ်တမ်းမူရင်း
- မူရင်းကိုယ်ဝန်ဆောင်ကတ် (ကိုယ်ဝန်ဆောင်ကုသမှုစာအုပ်) သို့မဟုတ် ကိုယ်ဝန်ဆောင်စဉ် မိခင်၏ကုသခံယူမှုကတ်
- မိခင်နှင့်/သို့မဟုတ် ဖခင်တို့၏ မှတ်ပုံတင်ကတ်(များ) သို့မဟုတ် မှတ်ပုံတင်စာရွက်စာတမ်း(များ)
- ကာကွယ်ဆေးထိုးသည့်ကတ် ကဲ့သို့သော ဆေးရုံမှ အခြားဆက်စပ်သော မွေးဖွားမှုသက်သေစာရွက်စာတမ်းများ
- အိမ်ထောင်ရေး၊ ကွာရှင်းမှု၊ သေဆုံးမှုစာရွက်စာတမ်းများနှင့် မိသားစုစာအုပ်ငယ်ကဲ့သို့သော မိဘ(များ) အတွက် အခြားသက်သေခံပြစာရွက်စာတမ်းများ ရှိပါက၊
မွေးကင်းစကလေးတစ်ဦးကို မိဘ၏ ယူအန်အိတ်ခ်ျစီအာရ် ဖိုင်ထဲ့သို့ထည့်ရန်၊ ဒုက္ခသည် မလေးရှား ဝဘ်ဆိုက်မှတစ်ဆင့် မိသားစုထဲတွင်ဖွဲ့စည်းပြောင်းလဲမှုရှိခြင်းအတွက် တောင်းဆိုချက်တစ်ခုကို ပေးပို့ပြီး ရည်ညွှန်းနံပါတ်အား သင့်အတွက်ပုံနှိပ်ထားခြင်း သို့မဟုတ် သိမ်းဆည်းထားကြောင်း သေချာစေပါ။ ယူအန်အိတ်ခ်ျစီအာရ်မှ သင့်ကလေးကို သင့်ဖိုင်ထဲသို့ ထည့်ရန် ရက်ချိန်းတစ်ခုပေးခြင်းဖြင့် သင့်အား ဆက်သွယ်ပါလိမ့်မည်။ ကျေးဇူးပြု၍ သင့်ရက်ချိန်းတက်ရောက်သည့်နေ့တွင် တတ်နိုင်သမျှ အထက်ပါစာရွက်စာတမ်းများကဲ့သို့သော ရှိသမှုအားလုံး ယူဆောင်လာပါ။
ကျွန်တော်တို့သည် တောင်းဆိုမှုပြုလုပ်သော ရက်စွဲအစဥ်လိုက်ကိုလိုက်ခြင်းနှင့် လျှောက်ထားသူ တစ်ဦးချင်းတွင် အထူးကာကွယ်စောင့်ရှောက်ရန် လိုအပ်မှု ရှိမရှိအပေါ် အခြေခံပြီး ဆောင်ရွက်ပေးပါသည်။ ကျေးဇူးပြု၍ ရက်ချိန်းမရှိပါက ယူအန်အိတ်ခ်ျစီအာရ် ဒုက္ခသည်စခန်း/ရုံးသို့ မလာပါနှင့်။ ချိန်းဆိုမှုများမရှိပါက ဒုက္ခသည်များ၏ ကျန်းမာရေးနှင့် နေထိုင်မှုအဆင်ပြေရေးအား သေချာစေရန် ရက်ချိန်းပေးခြင်း အရေအတွက်ကို ပုံသေကန့်သတ်ထားသောကြောင့် သင်သည် စင်တာအတွင်းသို့ ဝင်ခွင့်ပြုမည်မဟုတ်ပါ။