ယူအန်အက်ခ်ျစီအာတွင် မှတ်ပုံတင်ခြင်း
ခိုလှုံခွင့် လုပ်ငန်းစဉ်တွင် ပထမအဆင့်သည် မှတ်ပုံတင်ခြင်း ဖြစ်သည်။ မှတ်ပုံတင်ခြင်းဆိုသည်မှာ ယူအန်အိတ်ချ်စီအာ အနေဖြင့် ကာကွယ်စောင့်ရှောက်ရန် လိုအပ်သူများ၏ အချက်အလက်များကို မှတ်တမ်းတင်ခြင်း၊ အတည်ပြုစီစစ်ခြင်းနှင့် အကြောင်းအရာအသစ်များထည့်သွင်းခြင်းတို့ ဖြစ်သည်။
ယူအန်အိတ်ချ်စီအာ မလေးရှားတွင် မည်ကဲ့သို့မှတ်ပုံတင်မည်နည်း။
မှတ်ပုံတင်လျှောက်ထားရန် ဒုက္ခသည် မလေးရှားဝက်ဘ်ဆိုက်တွင်ရှိသော မှတ်ပုံတင်အသစ်လျှောက်လွှာကို ကျေးဇူးပြု၍ တင်ပြပါ။ တောင်းဆိုမှုများအားလုံးကို ဆောင်ရွက်မည်ဖြစ်သော်လည်း များစွာသော တင်ပြလျှောက်ထားမှုများကြောင့် ယူအန်အိတ်ချ်စီအာသည် ချက်ခြင်းတုံ့ပြန်နိုင်မည် မဟုတ်ပါ။ ကျေးဇူးပြု၍ မှတ်ပုံတင်ခြင်းရက်ချိန်းရရှိရန်အတွက် ယူအန်အိတ်ဂျ်စီအာမှ ဆက်သွယ်အကြောင်းကြားမည့်အချိန် စောင့်ဆိုင်းပေးပါ။ မှတ်ပုံတင်ရန်အတွက် စောင့်ဆိုင်းသူများပြားစွာရှိသောကြောင့် စောင့်ဆိုင်းရမည့်ကာလသည် ကြာမြင့်ပါသည်။
အကယ်၍ သင်သည် ဝဘ်ဆိုက် (website) မှတဆင့် မှတ်ပုံတင်ရန် တောင်းဆိုချက်တစ်ခု ပြုလုပ်ထားပြီးဖြစ်ပါက ၎င်းအား ထပ်ခါတလဲလဲ တင်ပြတောင်းဆိုမှုများကို မပြုလုပ်ပါနှင့်။ ထိုသို့လုပ်ဆောင်ခြင်းသည် သင်နှင့် အခြားသူများအတွက် လုပ်ဆောင်ပေးမည့်အလှည့်အား နှောင့်နှေးစေလိမ့်မည်။ ဝဘ်ဆိုက်မှတဆင့် မှတ်ပုံတင်ရန် လျှောက်ပြီးပါက သင်၏ ရည်ညွှန်းနံပါတ်(reference number)ကို သိမ်းဆည်းထားရန် သို့မဟုတ် ပရင့်ထုတ်ရန် ကျေးဇူးပြု၍ မမေ့ပါနှင့်။
ကျေးဇူးပြု၍ သင်၌ရက်ချိန်းမရှိပါက ယူအန်အိတ်ဂျ်စီအာ၏ လူသစ်မှတ်ပုံတင်ပေးသော ဧည့်ခံဌာနသို့ မလာပါနှင့်။ သင့်အတွက် ချိန်းဆိုမှုအချိန်ရောက်ရှိလာသည့်အခါတွင် ချိန်းဆိုမှုအတွက် ဖုန်းခေါ်ဆိုမှုတစ်ခုနဲ့ သင်၏ချိန်းဆိုထားသည့်ရက်စွဲ၊ အချိန်နှင့်အတူ အက်စ်အဲမ်အက်စ် (SMS) အတည်ပြုချက်အား ကြိုတင်လက်ခံရရှိပါလိမ့်မည်။
ယူအန်အိတ်ဂျ်စီအာမှ ရက်ချိန်း
သင်သည် မလေးရှား ယူအန်အိတ်ဂျ်စီအာမှ ချိန်းဆိုထားသည့်ရက်စွဲအတွက် တစ်ကြိမ်ဆက်သွယ်ထားပြီးဖြစ်ပါက သင်၏ရက်ချိန်းအတွက် ပြင်ဆင်နိုင်ပါသည်။ ယူအန်အိတ်ဂျ်စီအာသည်လည်း သင်၏ရက်ချိန်းအတွက် သင်နှင့်အတူ လိုက်ပါနိုင်မည့်သူများအကြောင်းအပါအဝင် အကြောင်းကြားပါလိမ့်မည်။ ဘယ်အခြားလူများ၊ မိသားစုဝင်များပင်လျှင် ယူအန်အိတ်ဂျ်စီအာ ဧည့်ခံစင်တာသို့ ဝင်ခွင့်ပြုမှာမဟုတ်ပါ။
ချိန်းဆိုထားသည့်နေ့တွင်၊ ဝင်ရောက်ခွင့်ပြုရန် ယူအန်အိတ်ဂျ်စီအာ ဧည့်ခံစင်တာရှိ ယူအန်အိတ်ဂျ်စီအာ ဝန်ထမ်းများထံ အတည်ပြုစာတို ပြရပါလိမ့်မည်။ ကျေးဇူးပြု၍ သင့်ချိန်းဆိုချိန်မတိုင်မီ မိနစ် 30 အလိုတွင် ကြိုရောက်ပေးပါ။
ရက်ချိန်းပေးထားခြင်းမရှိပါက၊ ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများ၏ ကျန်းမာရေးနှင့် အနေအထိုင်ဆင်ပြေရေးအား သေချာစေရန် ချိန်းဆိုထားသည့်အရေအတွက်ကို ပုံသေသတ်မှတ်ထားသောကြောင့် စင်တာထဲသို့ သင့်အား ဝင်ရောက်ခွင့်ပေးလိမ့်မည်မဟုတ်ပါ။
ကျေးဇူးပြု၍ သင့်ကိုယ်ပိုင်ရေဘူးများနှင့် အဆာပြေ/အစားအစာများ ယူဆောင်လာပါ။ သင်သည် စင်တာရှေ့နှင့်/သို့မဟုတ် စင်တာအတွင်း၌ ရှိနေသောအခါတွင် သင်၏အမှိုက်များကို အမှိုတ်ပုံးများတွင် ကျေးဇူးပြုပြီး စွန့်ပစ်ပါ။
သင်မှတ်ပုံတင်သည့်အခါ မမှားသော၊ အမှန်တရားနှင့် ပြည့်စုံသော အချက်အလက်များကို ပံ့ပိုးပေးရန် အရေးကြီးသည်။ မပြည့်စုံသော သို့မဟုတ် မမှန်ကန်သော အချက်အလက်များသည် သင်၏ အမှုတွဲကို ထိခိုက်နစ်နာစေနိုင်သည်။ သင်နှင့်အတူ မလေးရှားတွင် ရှိနေသောသူ၊ ကမ္ဘာတဝှမ်းရှိ အခြားနေရာများတွင် ရှိနေသောသူဖြစ်စေ သင့်မိသားစုဝင်အားလုံး၏ အသေးစိတ်အချက်အလက်များကို သင်ပြောပြရပါမည်။ ၎င်းတွင် အိမ်ထောင်ဖက်များ၊ မိဘများ (မွေးဖွားပေးသူနှင့်/သို့မဟုတ် မွေးစားသောသူ) ညီအစ်ကို မောင်နှမများ (အရင်း၊ ဝမ်းကွဲ၊ မိ/ပထွေး၊ မွေးစား) နှင့် ကလေးများ (အရင်း၊ မွေးစား၊ မိထွေးနှင့် ယခင်အိမ်ထောင် သို့မဟုတ် ဆက်ဆံရေးမှ ပါလာသော) ပါဝင်သည်။
လိုအပ်သည့် စာရွက်စာတမ်းများ
သင့်အမှုတွဲနှင့် သက်ဆိုင်သော နိုင်ငံကူးလက်မှတ်၊ အထောက်အထားစာရွက်စာတန်းများ၊ အိမ်ထောင်ပြုလက်မှတ်၊ မွေးစာရင်း၊ မိသားစုသန်းခေါင်စာရင်း သို့မဟုတ် အမျိုးသားမှတ်ပုံတင်စာရွက်စာတမ်း၊ စစ်မှုထမ်းစာအုပ်ငယ်များ၊ ဆေးလက်မှတ်များ၊ ယခင်က အခြား ယူအန်အိတ်ဂျ်စီအာရုံး၊ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းများ ကိုယ်စလှယ် (UNRWA) ရုံး (သို့) နိုင်ငံခြားရှိအစိုးရထံမှ မှတ်ပုံတင်ထားသော အထောက်အထားများအပါအဝင် ရနိုင်သောစာရွက်စာတမ်းအားလုံးကို ကျေးဇူးပြု၍ ယူဆောင်လာပါ။
မည်သည့်ယူအန်အိတ်ချ်စီအာမှမဆို ထုတ်ပေးသည့် အထောက်အထားကဒ်၊”စဉ်းစားဆဲ အခြေအနေ” ဖော်ပြထားသည့် (UC) စာရွက်စာတမ်း၊ ရက်ချိန်းကဒ်နှင့် ရက်ချိန်းနှင့်ပတ်သက်သော ရည်ညွန်းစာရွက်စာတမ်းစသည့်တို့ကို ကျေးဇူးပြု၍ ယူလာပါ။ မလေးရှားမှလွဲ၍ အခြားယူအန်အိတ်ချ်စီအာရုံးမှ လက်ခံရရှိခဲ့သည့် မည်သည့်စာရွက်စာတမ်းကိုမဆို တင်ပြရမည်။
စာရွက်စာတမ်း သက်တမ်းတိုးခြင်း
အကယ်၍ သင်သည် ယယူအန်အိတ်ဂျ်စီအတွင် မှတ်ပုံတင်ထားပြီး ယူအန်အိတ်ဂျ်စီအာ စာရွက်စာတမ်းကို ထုတ်ပေးထားသူဖြစ်ပါက၊ သင်သည် ယူအန်အိတ်ဂျ်စီအာ စာရွက်စာတမ်း သက်တမ်းကုန်ဆုံးရက်မတိုင်မီ သက်တမ်းတိုးရန် လိုအပ်ပါလိမ့်မည်။ သက်တမ်းကုန်ဆုံးရက်မတိုင်မီနှစ်ပတ်အလိုတွင်၊ သင်၏ရက်ချိန်းအတွက် ရက်စွဲနှင့်အချိန်ပါသော အက်စ်အဲမ်အက်စ်အား လက်ခံရရှိပါလိမ့်မည်။ ချိန်းဆိုထားသည့်ရက်မတိုင်မီ သုံးရက်အလိုတွင် နောက်ထပ်သတိပေးချက် အက်စ်အဲမ်အက်စ် ထပ်မံလက်ခံရရှိပါလိမ့်မည်။ ပေးပို့ထားသောရက်ချိန်းတွင်းရှိ ရက်စွဲသည် အများအားဖြင့် သင့်စာရွက်စာတမ်းပေါ်ရှိ သက်တမ်းကုန်ဆုံးရက်နှင့် တူညီပါလိမ့်မည်။
အကယ်၍ သင်၏ ယူအန်အိတ်ဂျ်စီအာ စာရွက်စာတမ်း သက်တမ်းကုန်သွားသော်လည်း အက်စ်အဲမ်အက်စ် တစ်စောင်မှ မရရှိခဲ့ပါက၊ ယူအန်အိတ်ဂျ်စီအာ၌ မှတ်တမ်းတင်ထားသော သင့်ဖုန်းနံပါတ်သည် အလုပ်မလုပ်တော့ကြောင်း ဆိုလိုပါသည်။ သင့်ဖုန်းနံပါတ်/အီးမေးလ်/နေရပ်လိပ်စာကို ပြောင်းလဲသည့်အခါတိုင်း၊ ဖုန်းနံပါတ် အပ်ဒိတ် သို့မဟုတ် ကိုယ်ရေးကိုယ်တာအပ်ဒိတ် ဖောင်များကို အသုံးပြု၍ ဒုက္ခသည်မလေးရှား ဝဘ်ဆိုက်မှတစ်ဆင့် ၎င်းကို အပ်ဒိတ်လုပ်ပါ။
သင်၏ ယူအန်အိတ်ဂျ်စီအာ စာရွက်စာတမ်းအား သက်တမ်းတိုးရန် ချိန်းဆိုထားသည့်နေ့တွင်၊ ချိန်းဆိုထားသည့် သက်တမ်းကုန်ဆုံးသွားသော စာရွက်စာတမ်းများအပါ ယူဆောင်လာသောသူများကိုသာ ယူအန်အိတ်ဂျ်စီအာ ဧည့်ခံစင်တာသို့ ဝင်ရောက်ခွင့်ပြုပါသည်။ ကျေးဇူးပြု၍ မှတ်ပုံတင်မထားသော ဆွေမျိုးများ သို့မဟုတ် မိသားစုဝင်များအား သင်နှင့်အတူ မခေါ်လာပါနှင့်။ အကြောင်းမှာ ၎င်းတို့အား စင်တာထဲဝင်ခွင့်ပြုမည် မဟုတ်ပါ။
သင်၏ ကလေးကို မှတ်ပုံတင်ခြင်း
အကယ်၍ သင့်တွင် ကလေးမွေးပြီးဖြစ်ပါက အစိုးရ၏ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန (NRD) တွင် သင့်ကလေး၏မွေးရက် မှတ်ပုံတင်ပေးခြင်းဖြင့် မွေးစာရင်းရယူနိုင်ပါသည်။ ကလေးမွေးပြီး ရက်ပေါင်း ၆၀ အတွင်း ဤသို့ပြုလုပ်ပါက (NRD)တွင် အခကြေးငွေပေးရန် မလိုပေ။ သို့သော် ရက်ပေါင်း ၆၀ နောက်ပိုင်းမှ ပြုလုပ်လျှင် နောက်ကျ၍ မှတ်ပုံတင်သည့်အတွက် ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်သည်။ ဒုက္ခသည်များနှင့် ခိုလှုံခွင့်ရှာဖွေသူများသည် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန (NRD) မှ မွေးကင်းစကလေးငယ်များအတွက် မွေးစာရင်းရယူရန် ယူအန်အိတ်ခ်ျစီအာမှ ပြင်းပြင်းထန်ထန် အကြံပြုထားသော်လည်း ကလေးအား ယူအန်အိတ်ခ်ျစီအာတွင် မှတ်ပုံတင်ရန် မရှိမဖြစ်လိုအပ်သော အဆင့်မဟုတ်ပေ။
အကယ်၍ သင်သည် ယူအန်အိတ်ဂျ်စီအာတွင် မှတ်ပုံတင်ထားပြီး သင့်ကလေးအား သင်၏ ယူအန်အိတ်ဂျ်စီအာ ဖိုင်ထဲတွင် ထည့်သွင်းလိုပါက၊ မလေးရှားဒုက္ခသည် ဝဘ်ဆိုက်ပေါ်တွင်ရှိသော မိသားစုဖွဲ့စည်းမှုပုံစံ ပြောင်းလဲခြင်းဖေါင်ဖြည့်စွတ်ပြီး ကျေးဇူးပြု၍ တင်ပြပါ။
ယူအန်အက်ခ်ျစီအာစာရွက်စာတမ်းများ ပျောက်ဆုံးခြင်း
အကယ်၍ သင်သည် သင်၏ ယူအန်အိတ်ဂျ်စီအာ ကတ် သို့မဟုတ် ထည့်သွင်းစဉ်းစားမှု (UC) စာတစ်စောင် ပျောက်ဆုံးသွားပါက၊ မလေးရှားဒုက္ခသည် ဝဘ်ဆိုက်တွင် စာရွက်စာတမ်းဆုံးရှုံးမှု အစီရင်ခံစာဖေါင်ဖြည့်ပြီး ကျေးဇူးပြု၍ တင်ပြပါ။ အကယ်၍ သင်သည် ဝဘ်ဆိုက်မှတဆင့် ပျောက်ဆုံးသွားသော စာရွက်စာတမ်းအစီရင်ခံစာအား တင်ပြပါက၊ ကျေးဇူးပြု၍ ပရင့်ထုတ်ပါ သို့မဟုတ် ရည်ညွှန်းနံပါတ်ကို သိမ်းဆည်းထားပါ။ သင့်အား တစ်လအတွင်း ယူအန်အိတ်ဂျ်စီအာမှ ဆက်သွယ်အကြောင်းကြားမည်ဖြစ်ပြီး ယူအန်အိတ်ဂျ်စီအာ၏ ဧည့်ခံစင်တာသို့ လာရောက်ရန်ရက်ချိန်း ပေးဆောင်ပြီး အစားထိုးစာရွက်စာတမ်း ထုတ်ပေးပါမည်။
ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်း
ယူအန်အိတ်ဂျ်စီအာတွင် မှတ်ပုံတင်ထားသော ပုဂ္ဂိုလ်များထံအား စာရွက်စာတမ်း ကိုင်ဆောင်သူသည် ယူအန်အိတ်ဂျ်စီအာ၏ အကာအကွယ်အောက်တွင် သို့မဟုတ် သက်ဆိုင်သည်ဟု ဆိုမည့် ယူအန်အိတ်ဂျ်စီအာစာရွက်စာတမ်း ပေးအပ်မည်ဖြစ်သည်။
ယူအန်အိတ်ဂျ်စီအာ မှတ်ပုံတင်စာရွက်စာတမ်းများသည် မလေးရှားနိုင်ငံတွင် သမာရိုးကျတရားဝင်တန်ဖိုးမရှိသည့်အပြင် နိုင်ငံကူးလက်မှတ်လည်းမဟုတ်ပါ။ ၎င်းသည် ဖမ်းဆီးခံရနိုင်ခြေရှိမှုအား လျှော့ချနိုင်ပြီး ယူအန်အိတ်ဂျ်စီအာ၏ မိတ်ဖက်အဖွဲ့အစည်းများ သို့မဟုတ် အခြားလုပ်ဆောင်သူများမှ ကျန်းမာရေးဝန်ဆောင်မှုများ၊ ပညာရေးနှင့် အခြားမရှိမဖြစ်လိုအပ်သော ပံ့ပိုးကူညီဝန်ဆောင်မှုများကို အကန့်အသတ်ဖြင့် ဝင်ရောက်ရရှိခွင့်ပြုနိုင်သည်။
Registration Application Photo Guide
For UNHCR verification, it is very important that you provide the most recent close-up photo of your face in your new registration application. For further information, please see the guides below.
မှတ်ပုံတင်ခြင်းဆိုင်ရာ ဆက်စပ်ပစ္စည်းများ
ဝက်ဘ်နီယာ(Webinar)မှတ်ပုံတင်ခြင်း
မေးခွန်းများ ရှိပါသလား။
ပိုမိုသိရှိလိုပါက၊ ကျေးဇူးပြု၍ ယူအန်အိတ်ဂျ်စီအာ၏ မကြာခဏမေးလေ့ရှိသောမေးခွန်းများ (FAQ)မှ မှတ်ပုံတင်ခြင်းအကြောင်းအား အကြံဉာဏ်ယူပါ။