ယူအန်အိတ်ချ်စီအာရုံး အပြင်ဘက်ရှိ လိင်လည်မှုတိုင်ကြားရေးဆိုင်ရာ စာတိုက်ပုံး(အနီရောင် သေတ္တာ)ကို ပိတ်သိမ်းခြင်း

Friday / 04 March 2022

၂၀၂၂ ခုနှစ် မတ်လ ၂ ရက်နေ့မှစ၍ ယူအန်အိတ်ချ်စီအာ ဒုက္ခသည် စင်တာအပြင်ဘက်ရှိ လိင်လည်မှုတိုင်ကြားရေးဆိုင်ရာ စာတိုက်ပုံး (အနီရောင်သေတ္တာ)ကို အပြီး ပိတ်လိုက်ပြီဖြစ်ပါသည်။ ဒုက္ခသည်များ၊ ခိုလှုံခွင့်တောင်းခံသူများနှင့် အခြားတစ်ဦးချင်းစီသည် ဤနေရာတွင် ရရှိနိုင်သော အွန်လိုင်းဖောင်မှတစ်ဆင့် သို့မဟုတ် mlslufrd@unhcr.org သို့ အီးမေးလ်ပေးပို့ခြင်းဖြင့် လိမ်လည်မှုနှင့် အကျင့်ပျက်ခြစားမှုဆိုင်ရာကိစ္စရပ်များကို ဆက်လက်တိုင်ကြားနိုင်ပါသည်။

လိမ်လည်မှုတိုင်ကြားရေးဆိုင်ရာ စာတိုက်ပုံးသည် လိမ်လည်မှုနှင့် အကျင့်ပျက်ခြစားမှုများနှင့်ပါတ်သက်သော တိုင်ကြားမှုများကို လက်ခံရရှိရန် လမ်းကြောင်းတစ်ခုအနေဖြင့် ၎င်း၏ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နေခြင်း မဟုတ်ပါ။ မှတ်ပုံတင်ခြင်း၊ ဒုက္ခသည် အဆင့်အတန်း သတ်မှတ်ခြင်း သို့မဟုတ် ပြန်လည်နေရာချထားရေးတို့အတွက် တောင်းဆိုမှုများကို နှစ်ပေါင်းများစွာ အမြဲတမ်းနီးပါး လက်ခံခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် စာတိုက်ပုံးကို ပိတ်ရန် ဆုံးဖြတ်ခဲ့ပါသည်။ မှတ်ပုံတင်ခြင်းနှင့် ပြန်လည်နေရာချထားရေးဌာများကို ဆက်သွယ်ရန်အတွက် သက်ဆိုင်ရာဌာနများ၏ ဝက်ဘ်ဆိုက်စာမျက်နှာများကို ကျေးဇူးပြု၍ ဝင်ရောက်လေ့လာပါ။

ယူအန်အိတ်ချ်စီအာ မလေးရှားသည် မည်သို့သော လိမ်လည်မှုနှင့် အကျင့်ပျက်ခြစားမှုပုံစံများကိုမဆို သည်းခံလိမ့်မည်မဟုတ်ပါ။ ယူအန်အိတ်ချ်စီအာ မလေးရှား၏ Risk၊ Integrity and Oversight Team (RIOT) သည် လိမ်လည်မှုနှင့် အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်သည့် စွပ်စွဲချက်များရှိလာပါ တတ်နိုင်သမျှ အချက်အလက်နှင့် အထောက်အထားများပေးရန် တိုက်တွန်းအပ်ပါသည်။

ယူအန်အိတ်ချ်စီအာ၏ ဝန်ဆောင်မှုအားလုံးသည် အခမဲ့ဖြစ်ကြောင်း ကျေးဇူးပြု၍ သတိရပါ။ ယူအန်အိတ်ချ်စီအာမှ မည်သည့်ဝန်ဆောင်မှုကိုမဆို သို့မဟုတ် ပို၍မြန်ဆန်သောဝန်ဆောင်မှုရရှိရန်အတွက် သင့်အနေဖြင့် ပိုက်ဆံမပေးပါနှင့်။

လိမ်လည်မှုနှင့် အကျင့်ပျက်ခြစားမှုဆိုင်ရာ အချက်အလက်များကို ပိုမိုရှာဖွေရန် ဤစာမျက်နှာကို ဝင်ရောက်ကြည့်ရှုပါ။



Share